ဧည့်ပရိသတ်အစုံအလင်ရှေ့မှာ လက်ထပ်ပွဲဆင်နွှဲခဲ့ကြတဲ့ ခွေးစုံတွဲ

SWNS

Fiji နဲ့ Dotty လို့အမည်ရတဲ့ ခွေးလေးနှစ်ကောင်ဟာ လူတွေလိုပဲ လက်ထပ်ပွဲဆင်နွှဲခဲ့ကြပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲကို ဧည့်ပရိသတ်(၅၀) တက်ရောက်ခဲ့ကြပြီး။ မင်္ဂလာမောင်နှံကို ကောင်းချီးသြဘာ ပေးခဲ့ကြပါတယ်။ မင်္ဂလာပွဲဆင်နွှဲခဲ့တဲ့နေရာကတော့ Somerset မှာတည်ရှိတဲ့ Stoke-sub-Hamdon မှာ ဖြစ်ပါတယ်။

မင်္ဂလာမောင်နှံအတွက် ဝတ်စုံတွေကိုလည်း ကျကျနန ချုပ်ထားပြီး၊ နောက်ခံတီးလုံးကိုလည်း ကမ္ဘာကျော်ဂီတပညာရှင်တွေဖြစ်တဲ့ Beatles နဲ့ Madness တို့ရဲ့ သီချင်းတွေကို ဖွင့်ပေးခဲ့တာပါ။ သီချင်းတွေကတော့ ‘All You Need Is Love’ နဲ့ ‘It Must Be Love’ တို့ ဖြစ်ပါတယ်။ နောက်ပြီး မင်္ဂလာကိတ်မုန့်လည်း ပါဝင်ပြီး၊ ဂစ်တာသမားလည်း ပါဝင်ပါတယ်။

SWNS

မင်္ဂလာပွဲစီစဉ်ပေးသူကတော့ အသက်(၆၀)အရွယ် Pippa Hamilton ဖြစ်ပြီး၊ သူမက “ ကျွန်မအလုပ်ကတော့ ကောင်းချီးပေးသူပဲ ဆိုပါတော့ ဒီပွဲကို ကျွန်မပဲ ကမကထပြုခဲ့တာပါ … အစကတော့ ရွံ့တွန့်တွန့် ဖြစ်ခဲ့ပေမယ့် ဒီလို လုပ်လိုက်ခြင်းကြောင့် ခွေးစုံတွဲရဲ့ တန်ဖိုးကို နှိမ်လိုက်တယ်လို့လည်း ထင်ကြမှာ စိုးပါတယ် ”လို့ ပြောခဲ့ပါတယ်။

SWNS

သူမက မင်္ဂလာပွဲကို Handfasting လို့ခေါ်တဲ့ ရိုးရာနည်းကိုသာ အသုံးပြုခဲ့ပြီး၊ သတို့သားနဲ့ သတို့သမီးလက်ကို ဖဲကြိုးနဲ့ထုံးဖွဲ့ပြီးနောက် လင်မယားအရာကို မြောက်စေခဲ့တာလို့ ဆိုပါတယ်။ Pippa က “ ဒီလို တစ်ခါမှ မလုပ်ဖူးသေးဘူး … တစ်ခြားပုံစံမျိုးနဲ့ မတူဘူးလေ .. 

ဒါပေမယ့် ပြောချင်တာက ဘယ်လိုဘဝမျိုးပဲဖြစ်ဖြစ် အချစ်ဆိုတာ လိုအပ်တယ်ဆိုတာပါပဲ … ဒီလို လုပ်ရတာ စိတ်လှုပ်ရှားဖို့ ကောင်းပါတယ် .. အခဆို သူတို့ မခွဲမခွာ ရှိနေတော့မှာ .. ”လို့ ဆိုပါတယ်။ ခွေးလေးတွေဟာ နှစ်ပေါင်းများစွာ အတူတူကြီးပြင်းလာခဲ့လို့ ပိုင်ရှင်တစ်ယောက်အနေနဲ့ သူတို့ကို ဒီထက်ပိုပြီးနီးစပ်အောင် ကူညီနိုင်တာ ဒီနည်းလမ်းက အကောင်းဆုံးပါလို့ Pippa က ပြောပါတယ်။

SWNS

လင်းသူရိန်

SHARE