“ပထမအနမ်း”Music Videoကို အတူ ရိုက်ကူးခဲ့တဲ့ တိုင်ရွန် နဲ့ လုလုအောင်

အမျိုးသားပရိသတ်တွေက “ခေးကြီးလု” ဆိုပြီး ခေါ်ကြတဲ့ လုလုအောင် နဲ့ နှုတ် ခမ်းနီမလေးတွေရဲ့ အသည်း “အ၀င်း” (မြန်မာပြည် အ၀င်း)ဆိုတဲ့ တိုင်ရွန်တို့ ဟာ Music Video တစ်ခုမှာ အတူတွဲသရုပ်ဆောင်ခဲ့ကြပါတယ်။

ရိုက်ကူးခဲ့တဲ့ MV ကတော့ အိမ်မက်ဆုံရာရဲ့ 1st runner up ဆုရှင် Jenev y Sui ရဲ့ သီချင်းဖြစ်ပြီး နာမည်ကတော့”ပထမအနမ်း” ပါ။ဒီအကြောင်းကိုတော့ တိုင်ရွန်က သူ့ရဲ့ fb ပေါ်မှာ…

“အမ Jenevy ရဲ့
“ပထမအနမ်း” ဆိုတဲ့
အချစ်သီချင်းလေးကို မ လုလုအောင် နဲ့ Lahpai Nang Lat အတူ ရိုက်ကူးပြီးပါပြီ ဟူးးလူလည်းဖတ်ဖတ်မော တရေးမှမအိပ်ရသေး..” ဆိုပြီး တင်ထားပါတယ်။

READ
သရုပ်ဆောင်မင်းသွေး ရုတ်တရက်ကြီး ကွယ်လွန်

နှစ်ယောက်လုံးက အမျိုးသားထုနဲ့ အမျိုးသမီးထု တွေရဲ့ အသည်းတွေ ဖြစ်တဲ့ အတွက် သူတို့နှစ်ယောက် အတူရိုက်ကူး ပုံဖော်ထားတဲ့ “ပထမအနမ်း” MV ကို ပရိသတ်တွေစိတ်ဝင်စားနေကြပါတယ်။

from တိုင်ရွန်နဲ့ လုလုအောင်ရဲ့ fb

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE