ရုပ်ရှင်အစည်းအရုံးရွေးကောက်ပွဲ ကိစ္စနဲ့ပတ်သက်ပြီး လူမင်း ပြန်ဖြေရှင်း

မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနဲ့ရွေးကောက်ပွဲကို မကြာခင်မှာ ကျင်းပတော့ မှာပါ။ရုပ်ရှင်အစည်းအရုံး ဥက္ကဌ တာဝန်ကိုတော့ လူမင်းက တာဝန်ယူ ဆောင် ရွက် ပေးနေတာပါ။ရွေးကောက်ပွဲကိုလည်း နောက်တစ်ပတ်ဆိုရင် ကျင်းပတော့ မယ်လို့ သိရပါတယ်။ရွေးကောက်ပွဲကို ပွင့်လင်းမြင်သာမှု မရှိဘူး လို့ ၀ိုင်းရဲ့ ပြောဆိုမှုအပေါ် သူ့ရဲ့ fb ပေါ်မှာ “ဒါရိုက်တာ ဝိုင်း( Tun Zaw Win )သို့ . .
ဒုတိယမ္ပိ နောက်ဆုံးရှင်းပြခြင်း ” ဆိုပြီး အစချီကာ ဓါတ်ပုံနဲ့ တကွပြန်ရှင်း ပြထားတာကို တွေ့ရပါတယ်။အပြည့်အစုံကတော့…

“ဒါရိုက်တာ ဝိုင်း( Tun Zaw Win )သို့ . .
ဒုတိယမ္ပိ နောက်ဆုံးရှင်းပြခြင်း

ရွေးကောက်ပွဲကော်မရှင်မှာကိုယ်မပါပေမယ့်
လက်ရှိရုပ်ရှင်အစည်းအရုံး ဥက္ကဌ တစ်ယောက်အနေနဲ့ တာဝန်ရှိတာကြောင့်ရယ် ၊ နောက်တပတ်ဆိုရင်ရွေးကောက်ပွဲ ကျင်းပတော့မှာမို့ ရှင်းပြရပြန်တာပါ ။(ကိုယ်ကအရွေးချယ်ခံတော့မှာမဟုတ်လို့’နောက်ဆုံး’ လို့သုံး ရခြင်းဖြစ်ပါတယ်)
၁။ ရုပ်ရှင်အစည်းအရုံးလို အဖွဲ့အစည်းမျိုးရဲ့ရွေးကောက်ပွဲကို ခိုးကြောင်ခိုးဝှက်လုပ်လို့ရပါ့မလား ?
အဖြေကိုအောက်မှာသက်သေတွေနဲ့တကွတင်ပြထားပါတယ်။
၂။ ခွေးလေးတစ်ကောင် ပိုင်ရှင်ပျောက်နေတာတောင် Fb ကြီးကျေးဇူးနဲ့ ပြန်တွေ့နိုင်တဲ့ခေတ်ကြီးမှာ ရုပ်ရှင်အစည်းအရုံးရဲ့ friend 4777 ရှိတဲ့ official acc ကနေလဲကြော်ငြာနေတာလောကသားတွေမသိဘူးဆိုတာမဖြစ်နိုင်ဘူးလို့တော့ထင်တာဘဲ ( မသိချင်တာ နဲ့ မသိချင်ဟန်ဆောင်ရင်တော့ ဖြစ်နိုင်ပါလိမ့်မယ်)
၃။ ” မဲပေးခွင့်ရှိတဲ့ငါးဆယ်ရာခိုင်နှုန်းမကျော်ရင် ရလဒ်ကို အသိအမှတ်ပြုလို့မရဘူး ” ဆိုတာ သူငယ်ချင်း ဘယ်စာအုပ်ထဲမှာ လေ့လာထားတာလဲ ? ကိုယ်တကယ်မသိလို့ပါ ။
ကိုယ်လေ့လာထားတဲ့လက်ရှိတည်ဆဲ ၂၀၀၈ အခြေခံဥပဒေ မှာတော့မပါဘူး ။Election ဆိုတဲ့ ရွေးကောက်ပွဲ သဘောသဘာဝ နဲ့ Referendum ဆိုတဲ့ yes or no ဆန္ဒခံယူပွဲ သဘောသဘာဝ မတူဘူးဆိုတာရော သူငယ်ချင်းလေ့လာဖူးလား ?
ပညာရှိ သတိဖြစ်ခဲ ဆိုတာမျိုးဖြစ်နေမှာစိုးလို့ပါ။
ဒါတောင် ပြည်တွင်းရွေးကောက်ပွဲ ဘဲရှိသေးတယ် ၊ တချို့နိုင်ငံတွေမှာဆို ရင် PR ဆိုတာရှိသေးတယ် ။ ကိုယ်လဲ ဥက္ကဌ လုပ်မှ လက်လှမ်းမှီသလောက်လေးလေ့လာထားရတာပါ ။
ဒါနဲ့ စကားမစပ် သူများ cmt မှာ သူငယ်ချင်း reply လုပ်ထားတာ ကြိုက်လို့ SS ယူပြီးနောက်ဆုံးမှာ တင်ထားတယ်နော် ။

from Ayarwady Lu Min’s fb

READ
တက်တူးတွေကို ထုတ်ကြွားလိုက်တဲ့ Justin Bieber

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE