(၁၄)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့မှာ မိသားစုဘုရားဖူးထွက်ခဲ့တဲ့ လူမင်းတို့ဇနီးမောင်နှံ

ရုပ်ရှင်လောကမှာ မင်းသားတစ်ယောက်အဖြစ်သာမက ဒါရိုက်တာတစ်ယောက်အဖြစ်လည်း အောင်မြင်ခဲ့တဲ့ နာမည်ကျော် ဝါရင့်သရုပ်ဆောင်မင်းသားကြီးတစ်ယောက်ဖြစ်တဲ့ လူမင်းကတော့ ယနေ့အထိတိုင်အောင် ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိနေဆဲဖြစ်ပါတယ်။ လူမင်းကတော့ ဖေစ်ဘုတ်ပေါ်မှာလည်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်တဲ့ သူတစ်ယောက်ဖြစ်ပြီး သူရဲ့ မိသားစုပုံရိပ်တွေကို တင်ပေးလေ့ရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ လူမင်းရဲ့ ဇနီးဖြစ်သူက သူမရဲ့ ဖေစ်ဘုတ်ပေါ်မှာ မိသားစုပုံရိပ်တွေကို တင်ပေးထားပါတယ်။ လူမင်းရဲ့ ဇနီးဖြစ်သူကတော့ “( ၁ ၄ ) နှ စ် ပြ ည့် မ င်္ဂ လာ နှ စ် ပ တ် လ ည်ေ န့ မိ သား စု ဘု ရား ဖူး ” လို့ရေးထားပြီး မိသားစုပုံရိပ်တွေကို တင်ပေးထားတာဖြစ်ပါတယ်။

READ
Samsung ပွဲမှာ တွေ့ရတဲ့ အေးမြတ်သူနဲ့ ပန်းရောင်ခြယ်

မင်္ဂလာနှစ်ပတ်လည်နေ့မှာ သားသမီးတွေနဲ့ အတူ ကြည်ကြည်နူးနူး လည်ပတ်နေကြတဲ့ လူမင်းတို့ ဇနီးမောင်နှံရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

SOurce: Ayeyar Waddy Lumin

SHARE