ကိုရီးယားလူမျိုးတွေကြားမှာမသိသူမရှိအောင် နာမည်ကြီးတဲ့အိန္ဒိယလူမျိုး Luckyရဲ့အကြောင်း

lucky instagram

အိန္ဒိယလူမျိုး Lucky ကတော့ မင်းသားလည်းမဟုတ်၊အဆိုတော်လည်းမဟုတ်ပေမဲ့ တောင်ကိုရီးနိုင်ငံသားတွေကြားမှာ နာမည်ကျော်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ ကိုရီးယားနိုင်ငံမှာ Lucky India ဆိုတဲ့စားသောက်ဆိုင်ကို ဖွင့်ထားတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ Lucky ကတော့ ကိုရီးယားနိုင်ငံမှာ ရှိနေတာ ၂၃ နှစ်တောင်ရှိနေပြီဖြစ်ပါတယ်။

lucky instagram

Lucky ရဲ့ အိန္ဒိယနာမည်ကတော့ Abhishek Guptaဖြစ်ပြီး သူကတော့ ၁၉၉၆ ခုနှစ်မှာ အဖေဖြစ်သူရဲ့ အတင်းအကြပ်စေခိုင်းမှုကြောင့် ကိုရီးယားနိုင်ငံမှာ ပညာသင်ယူဖို့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ သူကတော့ ကိုရီးယားနိုင်ငံကို စတင်ရောက်ရှိစဉ်မှာ အိန္ဒိယလူမျိုးတစ်ယောက်အနေနဲ့ လူမှုရေးခွဲခြားမှုတွေကို တော်တော်လေးခံခဲ့ရတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၀၁ ခုနှစ်မှာတော့  Lucky ရဲ့ ဘဝမှာ ပြောင်းလဲမှုအကြီးကြီးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

lucky instagram

Luckyတက္ကသိုလ်တက်နေတဲ့ အချိန်မှာ KBS ရုပ်သံလှိုင်းက Good Morning World ဆိုတဲ့ အစီအစဉ်မှာ ပါဝင်ဖို့အတွက် ကိုရီးယားလိုပြောတတ်တဲ့ နိုင်ငခြားသားတစ်ယောက်ကို အရေးပေါ်လိုအပ်နေတာကြောင့် Luckyကို ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ Lucky ကတော့ အဲဒီအစီအစဉ်မှာ ၁ပိုင်းပဲပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရတာပေမဲ့ အဲဒီ၁ပိုင်းရိုက်ကူးပြီးတဲ့နောက်မှာတော့ သူ့ကို ၂နှစ်စာချုပ်ချုပ်ခဲ့ပါတယ်။

READ
ပရိသတ်ပေးတဲ့မဲတွေကို မသမာပြုလုပ်မှုနဲ့ တရားစွဲဆိုခံရတော့မယ့် ကေပေါ့သီချင်းဆိုပြိုင်ပွဲ
K-POP, K-FANS
lucky instagram
lucky instagram

၂၀၁၆ ခုနှစ်မှာတော့ JTBC ရုပ်သံလှိုင်းကနေ ထုတ်လွှင့်ပြသတဲ့ Abnormal Summit ဆိုတဲ့ အစီအစဉ်မှာ Lucky ဟာ ရိုက်ကူးရေးအဖွဲ့ဝင်တစ်ယောက်ရဲ့ ထောက်ခံပေးမှုကြောင့် ပါဝင်လာခဲ့ပါတယ်။ Abnormal Summit  ကတော့ နိုင်ငံခြားသားတွေ ပါဝင်တဲ့ လူကြိုက်များတဲ့ ကိုရီးယား talk show ဖြစ်ပါတယ်။ သူကတော့ လက်ရှိမှာလည်း variety show တွေမှာ ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။ သူရဲ့ အင်စတာဂရမ် @luckyinkorea မှာလည်း သူ့ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို တင်ပေးနေတာဖြစ်ပါတယ်။

Source: Asian Boss

SHARE