သင်္ချာဥာဏ်စမ်းတစ်ပုဒ် ဖြေရှင်းနိုင်ရုံနဲ့ စားချင်တဲ့မုန့် အလကားယူခွင့်ပေးတဲ့ မုန့်ဆိုင်လေး

instagram/itsmedyy

(၂၄) နာရီပတ်လုံး ၀ယ်ယူနိုင်တဲ့ ကုန်စုံဆိုင်လေးတွေကို အခုဆိုရင် အများကြီး တွေ့နေရပါပြီ။ ညဉ့်နက်သန်းခေါင် ဗိုက်ဆာလို့ ပေါင်မုန့်ပဲထ၀ယ်မလား၊ အချိုရည်ပဲ သွားဝယ်မလား ဘယ်အချိန်ချိန်ဖြစ်ဖြစ် ၀ယ်လို့ရတဲ့ ကုန်စုံဆိုင်လေးတွေက လူတွေအတွက် တော်တော်လေးအဆင်ပြေစေပါတယ်။ ဒါပေမယ့် နယူးယောက်က ဘရွန့်စ်ရပ်ကွက်လေးမှာတော့ Lucky Candy အမည်ရတဲ့ ကုန်စုံဆိုင်လေးတစ်ခုအကြောင်းကို CNN ကနေ အခုလို သိရပါတယ်။

ဒီဆိုင်လေးက တခြားဆိုင်တွေနဲ့မတူပဲ ထူးခြားပါတယ်။ ဘယ်လိုထူးခြားသလဲဆိုရင် တကယ်လို့သင်က ဆိုင်ထဲမုန့်သွားဝယ်တဲ့အခါ သင့်ကို ငွေကိုင်ကောင်လေးက စိတ်တွက်နဲ့ တွက်လို့လွယ်တဲ့ သင်္ချာပုစ္ဆာလေးတစ်ပုဒ်ကို မေးပါလိမ့်မယ်။ သင်က အဖြေမှန်ကို ချက်ခြင်းပြောနိုင်တယ်ဆိုရင် (၅) စက္ကန့်အတွင်း ကုန်စုံဆိုင်ထဲက သင်လိုချင်တဲ့ ဘယ်လိုမုန့်မျိုးမဆို ဘယ်နှစ်ခုဖြစ်ဖြစ် သွားယူခွင့်ရမှာ ဖြစ်ပါတယ်။

ဆိုင်ထဲက ငွေကိုင်ကောင်လေးက အာမက်အယ်လ်ဝမ်လို့ အမည်ရပါတယ်။ သူက အသက် (၂၀) ရှိပါပြီ။ ကောလိပ်ကျောင်းသားလေးလည်း ဖြစ်ပါတယ်။ အာမက်က ဆိုင်ရှင်ရဲ့သားလည်း ဖြစ်ပါတယ်။ ခုလို သူမေးတဲ့ သင်္ချာပုစ္ဆာကို ဖြေနိုင်ရင် ဆို်င်ထဲက မုန့်တွေ ကြိုက်သလောက်ယူခွင့်ပေးတဲ့ အစီအစဉ်ကို အာမက်ကပဲ စလုပ်ခဲ့တာ ဖြစ်ပါတယ်။

READ
သားကို ဆရာဝန်ဖြစ်အောင်ထိ ပျိုးထောင်ပေးခဲ့တဲ့ ဒေါင်းဝေဒနာရှင် ဖခင်ရဲ့မေတ္တာ

သူက “ကျွန်တော်က လူတွေကို ကူညီချင်တယ်။ ရယ်စရာလေးလည်း ဖြစ်ရမယ်။ ဒါကြောင့် ကျွန်တော်က ဒီလိုမျိုး အစီအစဉ်လေးလုပ်ပြီး Tiktok ဆော့ဖို့ စိတ်ကူးရခဲ့တာ။ ကျွန်တော့်ဆိုင်ကို ဈေးလာဝယ်တဲ့သူတွေ ပျော်လည်း ပျော်ရအောင်၊ သူတို့တွေရဲ့ ဦးနှောက်ကို နည်းနည်းအလုပ်ပေးသလိုလည်း ဖြစ်အောင် ကျွန်တော် စလုပ်ခဲ့တာပါ…” လို့ ဆိုပါတယ်။ အာမက်ဟာ အင်တာနက်ပေါ်မှာ သူ့စတိုးဆိုင်ဗီဒီယို (၁၃) ခုလောက် တင်ပြီးတဲ့အခါမှာတော့ သူ့ရဲ့ TikTok နဲ့ Instagram ပေါ်မှာ ပရိသတ်တွေ အများကြီး ရရှိလာခဲ့ပါတယ်။

အာမက်ရဲ့ သင်္ချာမေးခွန်းတွေက လွယ်လွယ်လေးတွေပါ။ ဥပမာ .. ၅ ငါးလီ ဘယ်လောက်လဲ၊ ၉ ကိုးလီထဲက ၅ ကို ပြန်နုတ် ဘယ်လောက်လဲ စတဲ့မေးခွန်းတွေပါ။ တကယ်လို့ ဈေးဝယ်သူက အဖြေမှန်တယ်ဆိုရင် အာမက်က ဈေးဝယ်သူလိုချင်တဲ့မုန့် ရေခဲမုန့်၊ အာလူးကြော်၊ အအေးဘူး ဘာပဲဖြစ်ဖြစ် ကောင်တာဆီ အမြန်ယူလာဖို့ (၅) စက္ကန့် အချိန်ပေးပါတယ်။ အောက်မှာတော့ စိတ်ထားကောင်းတဲ့ အာမက်ရဲ့ ဗီဒီယိုဖိုင်လေး ဖြစ်ပါတယ်။

READ
ဘ၀ကိုပျော်ရွှင်စွာ ဖြတ်သန်းနေရှာတဲ့ သနားဖွယ်Benjamin Button ရောဂါသည်မောင်နှမ

အာမက်ရဲ့ သင်္ချာမေးခွန်းတွေက လွယ်လွယ်လေးတွေပါ။ ဥပမာ .. ၅ ငါးလီ ဘယ်လောက်လဲ၊ ၉ ကိုးလီထဲက ၅ ကို ပြန်နုတ် ဘယ်လောက်လဲ စတဲ့မေးခွန်းတွေပါ။ တကယ်လို့ ဈေးဝယ်သူက အဖြေမှန်တယ်ဆိုရင် အာမက်က ဈေးဝယ်သူလိုချင်တဲ့မုန့် ရေခဲမုန့်၊ အာလူးကြော်၊ အအေးဘူး ဘာပဲဖြစ်ဖြစ် ကောင်တာဆီ အမြန်ယူလာဖို့ (၅) စက္ကန့် အချိန်ပေးပါတယ်။ အောက်မှာတော့ အာမက်နဲ့ ဈေးဝယ်သူတစ်ဦးကြားက ဗီဒီယိုဖိုင်လေး ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE