ကမ္ဘာပေါ်က အမိုက်ဆုံးနဲ့အလန်းဆုံးအလုပ်(၉)မျိုးကို လုပ်ကိုင်နေကြတဲ့ ကံကောင်းတဲ့လူများ

pixabay/FirmBee

မနက် (၉) ညနေ (၅) အထိမငြီးမငြူအလုပ်လုပ်နေရတဲ့သူတွေ သိပ်အားကျရမယ့်အလုပ်တွေပါလို့ အာမခံပါတယ်။ သူတို့မှာ အချိန်ကန့်သတ်ချက်တွေမရှိဘူး၊ အဝတ်အစားကန့်သတ်ချက်တွေမရှိဘူး၊ အမြဲတမ်းပြင်ပဲမသွားနေရသလို စားပွဲမှာပဲ ကွန်ပြူတာရှေ့တစ်ချိန်လုံးထိုင်မနေရပါဘူး။ သင်ဖုန်းသုံးလို့ လာပြောမယ့်လူမရှိသိလို အလုပ်နောက်ကျလို့လည်း မျက်နှာငယ်လေးနဲ့နေစရာမလိုပါဘူး။

ဘာအလုပ်တွေဖြစ်မယ်မှန်း စိတ်ဝင်ကြားနေကြပြီ ဆိုရင်တော့ ဆက်ပြီး ဖတ်ကြည့်လိုက်ရအောင်နော်။

(၁) ဇိမ်ခံမွေ့ယာတွေကို စမ်းသပ်စစ်ဆေးရသူအမျိုးသမီး Roisin Madigan

အိစက်ညက်ညောပြီး အသစ်စက်စက်ထုတ်လုပ်ထားတဲ့ မွေ့ယာပေါ်မှာ နှစ်နှစ်ခြိုက်အိပ်ဖို့အတွက် မွေ့ယာထုတ်ကုမ္ပဏီတွေမှ တကူးတကကိုပိုက်ဆံပေးထားကြတာပါ။ တစ်နေ့အိပ်ချိန် (၈) နာရီလောက်ပေးလိုက်ရုံနဲ့ ဒေါ်လာ (၁၂၀၀) ကျော်ရနေပါတယ်။

(၂) အပန်းဖြေရင်း သိန်း (၁၀၀၀) ကျော်ရနေတဲ့ Ben Southall

Hamilton ကျွန်းမှာ (၆) လနေပြီး အပန်းဖြေလိုက် ကျွန်းရဲ့လူသိပ်မသိသေးတဲ့နေရာလေးတွေကိုသွားလိုက်နဲ့ ကျွန်းအကြောင်း blog ရေးပြီး ကြေငြာပေးရတာပါ။ ခြောက်လအတွင်းနေထိုင်ဖို့ ကျွန်းပေါ်က villa မှာ (၃) လစာ အလကားပေးတည်းခဲ့ပါသေးတယ်။ Ben ရဲ့ အလုပ်နေရာကို ရဖို့ လူပေါင်း (၃၅၀၀၀) လောက် လျှောက်ထားခဲ့ပေမယ့် Ben ကတော့ ကံကောင်းထောက်မစွာနဲ့ အလုပ်ရခဲ့တာပဲဖြစ်ပါတယ်။ ရေကူးလိုက်၊ chill လိုက်၊ ကိုယ်လုပ်ချင်ရာလုပ်ပြီး blog လေးရေးရုံနဲ့တင် ငွေတွေသီးနေတာဆိုတော့..

READ
ရှားပါးကင်ဆာရောဂါကြောင့်၊ မျက်နှာတစ်ခုလုံး အကြိတ်ကြီးတွေ ပေါက်နေတဲ့ အမျိုးသမီး

(၃) အပျော်မယ်တွေရဲ့အရည်အချင်းကိုစမ်းစစ်ရသူ Jamie Rascone

freepik/prostooleh

DJ နဲ့ Model လုပ်သူ Jamie ကတော့ ချီလီနိုင်ငံမှာ အပျော်မယ်တွေရဲ့ စွမ်းဆောင်နိုင်ရည်ကို စမ်းသပ်အမှတ်ပေးရတဲ့ အလုပ်လုပ်ကိုင်ရင်း ဝင်ငွေရနေသူပါ။ Customer တွေအတွက် အပျော်မယ်ကောင်းဖြစ်မလားဆိုတာကို အင်တာဗျူးတွေ၊ စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေ၊ ဓာတ်ပုံအရိုက်ခံတာတွေနဲ့ လိုအပ်ရင် သူနဲ့ပါ လက်တွေ့လေ့ကျင့်ခန်းဆင်းခိုင်းရင်း စစ်ဆေးတာပါ။ အရမ်းမိုက်တဲ့အလုပ်ပေမယ့် Jamie ကတော့ တစ်နှစ်ကို အယောက် (၇၀) ထက်ကျော်ပြီး စစ်ဆေးပေးခြင်းမရှိပါဘူးလို့ဆိုပါတယ်။

(၄) Google Maps အတွက် စက်ဘီးပတ်စီးပြီး ဓာတ်ပုံရိုက်ပေးရသူများ

freepik/ijeab

ပြင်သစ်နိုင်ငံသားနှစ်ဦးကို Google Map ကနေပြီး အလုပ်အပ်ခဲ့ပါတယ်။ ကင်မရာ(၉) လုံးနဲ့ GPS ချိတ်စက်ထားတဲ့ သုံးဘီးထောက်စက်ဘီးနှစ်စီးနဲ့ ပြင်သစ်တစ်မြို့က ယာဉ်တွေသွားလာလို့ မရတဲ့နေရာတွေကို သွားပေးရတဲ့အလုပ်ပါ။

(၅) ရေလွှာလျှောစီးရင်းပိုက်ဆံရှာတဲ့ Tommy Lynch

pinterest/prexamples.com

ကိုယ်တွေပိုက်ဆံတွေအများကြီးအကုန်ကျခံပြီး ရေလွှာလျှောစီးနေချိန် Tommy Lynch ကတော့ ရေလွှာလျှောစီးရင်း ပိုက်ဆံရနေပါတယ်။ First Choice စစ်ဆေးရေးကုမ္ပဏီရဲ့ Lifestyle Product Development Mananger အဖြစ်တာဝန်ယူထားပြီး တစ်ခါတစ်ရံ ရေလွှာလျှောစီးဖို့ မတူညီတဲ့ဒေသတွေကို ပိုက်ဆံမကုန်ဘဲ သွားရသေးပါတယ်။

(၆) ကမ္ဘာ့အချိုဆုံးအလုပ်လုပ်နေသူ Harry Willsher

amazon.com

အသက် (၁၂) နှစ်ကတည်းက သူ့အသည်းစွဲသကြားလုံးဖြစ်တဲ့ Drumstick lolly မှာ သကြားလုံးအရသာစိစစ်သူအဖြစ်တာဝန်ယူထားသူပါ။ နောက်ပိုင်းမှာ တိုးတက်ပြောင်းလဲရေးအတွက်ပါ ပူးတွဲတာဝန်ယူခဲ့ပါတယ်။

(၇) ဝိုင်မြည်းစမ်းသူနဲ့ blogger ဖြစ်တဲ့ Hardy Wallace

 

View this post on Instagram

 

I always knew. Happy 7th anniversary to my heart and soul @kwdirtyg

A post shared by Hardy Wallace (@dirtysouthwine) on

တစ်လကို ဒေါ်လာ (၁၀၀၀) အလိုအလျောက် ဘဏ်အကာင့်ထဲဝင်နေပြီး သိပ်လှတဲ့ ကယ်လီဖိုးနီးယားရဲ့ Sonoma မြို့မှာလည်း အိမ်ငှားခပေးစရာမလိုဘဲ နေရပါသေးတယ်။ ဝိုင်ထုတ်လုပ်ပုံတွေ၊ အရသာအပေါ်ဝေဖန်ပြီး blog ရေးရတဲ့အလုပ်လေးပဲလုပ်ရတာပါ။

READ
မွေးကင်းစအရွယ်ကတည်းက လူအိုရောဂါခံစားနေရတဲ့ ကလေးငယ်

(၈) World of Warcraft ကို စစ်ဆေးစမ်းသပ်ရတဲ့ အလုပ်

World of Warcraft.com

ဂိမ်းတိုင်းကတော့ မထွက်ခင် ဒါမှမဟုတ် update တစ်ခုထွက်တိုင်း ပင်တိုင်စစ်ဆေးသူတွေဆီကို စမ်းသပ်ဖို့အပ်ရပါတယ်။ ဒီအလုပ်ကိုလုပ်ကိုင်သူတွေဟာ ဂိမ်းတွေနဲ့ အကျွမ်းတဝင်ရှိနေသူတွေဖြစ်ပြီး ကျွမ်းကျင်အဆင့်ကစားသမားတွေပါ။ ဒီအထဲ Warcraft ရဲ့ စစ်ဆေးသူတွေလည်းပါနေပါတယ်။ ဂိမ်းကစားတဲ့နေရာမှာ ဘယ်လောက်တောင် ဂျွတ်လဲဆိုရင် တစ်နာရီအတွင်း gold 200 လောက် farm နို်င်ပြီး (၂)ပတ်အတွင်း level ၈၀ အထိရောက်အောင် ဆော့နိုင်ကြပါတယ်တဲ့။

(၉) ကွန်ဒုံးတွေရဲ့ အပေါက်အပြဲကိုစစ်ဆေးရတဲ့ သြစတေးလျက ဆယ်ကျော်သက်လေးတွေ

Durex ကုမ္ပဏီကနေ အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်းအတွက် ဘာအရည်အချင်းမှမလိုအပ်ဘဲ ဝင်ငွေရအောင်ကူညီပေးနေပါတယ်။ ဒါကတော့ သူတို့ဆီကထုတ်တဲ့ကွန်ဒုံးတွေမှာအပေါက်အပြဲရှိမရှိစစ်ဆေးရတဲ့အလုပ်ပါ။ ပုံမှန်ဝင်ငွေရတဲ့အပြင် ဒေါ်လာ (၆၀) တန်ဖိုးရှိတဲ့ Durex ထုတ်ကုန်တွေကိုလည်း ပြန်လည်ရောင်းချဖို့ ရရှိပြီး တချို့ဆိုရင် သတ်မှတ်ရည်အတွက်ထက် ကျော်ပြီး စစ်ဆေးနိုင်လို့ ဒေါ်လာ (၁၀၀၀) ဘောက်စူးလည်း ရတတ်ကြပါသေးတယ်။

Source: Elite Readers

Penny

SHARE