လူငယ်ဆန်ဆန် စုံတွဲပုံရိပ်လေးတွေနဲ့ အားကျသွားအောင်ရိုပြလိုက်တဲ့ လူမင်းတို့ ဇနီးမောင်နှံ

နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် ၊ဒါရိုက်တာတစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိနေတဲ့သူတစ်ယောက်ဖြစ်တဲ့ လူမင်းကတော့ သူရဲ့ ချစ်ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို အမြဲကြိုးစားနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ သာယာအေးချမ်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားလို့ ပရိသတ်တွေ အားကျရတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။

လူမင်းကတော့ လတ်တလောမှာလည်း သူရဲ့ ဇနီးချောလေးနဲ့အတူ ပြင်ဦးလွင်ကို ရောက်ရှိနေတာဖြစ်ပါတယ်။ လူမင်းတို့ ဇနီးမောင်နှံကတော့ မပျက်စီးသေးတဲ့အချစ်တွေနဲ့ အမိုက်စား ပိုစ့်တွေပေးပြီး ဓါတ်ပုံတွေအများကြီးလည်း ရိုက်ကူးခဲ့ပါသေးတယ်။ လူငယ်စုံတွဲလေးတွေတောင် အရှုံပေးသွားရလောက်အောင် အထာကျကျနဲ့ လန်းနေတဲ့ လူမင်းတို့ ဇနီးမောင်နှံရဲ့ ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

လူမင်းရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။

Source:ayeyarwaddy Lumin

SHARE