လူငယ်သရုပ်ဆောင်တွေတောင် လိုက်မမှီလောက်အောင်မိုက်နေတဲ့ မင်းသားကြီး လူမင်း

နာမည်ကျော် သရုပ်ဆောင်၊မင်းသားတစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားတဲ့ အကယ်ဒမီ မင်းသားကြီး လူမင်းကတော့ အနုပညာလှုပ်ရှားမှုတွေကို မနားတမ်းဆောင်ရွက်ေ်နတဲ့သူတစ်ယောက်ဖြစ်ပြီး ဖေစ်ဘုတ်ပေါ်မှာလည်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။  သူကတော့ လတ်တလောမှာလည်း နိုင်ငံရပ်ခြားမှာ ရုပ်ရှင်ရိုက်ကူးဖို့အတွက် ဆန်ဖရန်စစ်စကို မြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။

ဆန်ဖရန်စစ်စကိုမှာ တစ်လကြာ ရုပ်ရှင်ရိုက်ကူးမှုပြုလုပ်မယ့် လူမင်းကတော့ သူရဲ့ ဇနီးဖြစ်သူ ဖေစ်ဘုတ်ကနေ့ တစ်ဆင့် သူ့ရဲ့ ပုံတွေကို မျှဝေပေးနေတာဖြစ်ပါတယ်။ ဒီကနေ့မှာလည်း လူမင်းရဲ့ ဇနီးဖြစ်သူက အသက်ကြီးပေမဲ့လည်း မပျက်စီးသေးတဲ့ လူမင်းရဲ့ အထာကျပြီး မိုက်လွန်းတဲ့ ဓါတ်ပုံတွေကို တင်ပေးလိုက်တာဖြစ်ပါတယ်။

လူမင်းကတော့ နိုင်ငံခြားမင်းသားတစ်ယောက်လားလို့ ထင်မှတ်ရလောက်အောင်ကို သူ့ရဲ့ ဘော်ဒီအတွက်လည်း တော်တော်လေး ကြိုးစား အားထုတ်မှုတွေ ပြုလုပ်ခဲ့ပုံပါပဲ။ ပရိသတ်တွေအတွက် မင်းသားကြီး လူမင်းရဲ့ ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

READ
ချစ်ဇနီးလေးရွှေမှုံရတီနဲ့အတူ ငွေဆောင်မှာပျော်နေတဲ့ ရွှေထူး

Source: Lumin

SHARE