အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ Luu Brothers အကြောင်း

အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ သုံးမြွှာ ပူး ညီအစ်ကို အကြောင်းကို ဖော်ပြပေးချင်ပါတယ်။သူတို့ဟာ ပြီးခဲ့တဲ့  ရက်ပို င်းေ လာက်က အကောင့်တစ်ခုကနေ အစပြုကာ နာမည်ကြီးလာခဲ့ကြတာပါ။သူတို့ကိုတော့ Luu Brothers လို့ လူသိများပါတယ်။

ကနေဒါနိုင်ငံ Toronto မြို့မှာ ဇူလိုင်လ(၁၅)ရက်နေ့ (၁၉၈၇)ခုနှစ်က မွေးဖွား ခဲ့တာပါ။အသက်ကတော့ (၃၀) ပြည့်သွားပါပြီ။ကနေဒါမှာ မွေးပေမယ့် တရုတ်နဲ့ ဗီယက်နမ်စပ်တယ်လို့ သိရပါတယ်။နာမည်တွေကတော့ Charles Luu၊ Lance Luu နဲ့ Mark Luu ပါ။

အနုပညာနယ်ပယ်ထဲကိုတော့ (၂၀၀၄)တည်းက ၀င်ခဲ့ကြတာပါ။ကြော်ငြာနဲ့ Music Videos တို့မှာ ပါဝင်ခဲ့ကြတာပါ။(၂၀၁၃)က ထွက်ရှိခဲ့တဲ့ Pacific Rim ဆိုတဲ့ ဇာတ်ကားမှာ Wei Tang သုံးမြွှာပူးအဖြစ် ပါဝင်ခဲ့ဖူးပါတယ်။ 30 Seconds to Mars ရဲ့ The Kill (Bury Me) ဆိုတဲ Music Video မှာ  ပါဝင်ခဲ့ဖူးပါတယ်။

မြန်မာပြည်မှာ သူတို့ ညီအစ်ကိုတွေ နာမည်ကြီးနေတဲ့ အကြောင်းကို Luu Brothers က သိသွားတဲ့ ပုံပါ။သူတို့ရဲ့ Official Page ကတစ်ဆင့် မြန်မာ ပရိသတ်တွေကို နှုတ်ဆက်ခဲ့ပါတယ်။သူတို့ရဲ့ page မှာ တင်ထားတဲ့ စာ အပြည့် အစုံကတော့ …

READ
စင်ကာပူခရီးစဉ်မှာ ပျော်နေတဲ့ ဘီလီလမင်းအေး

A shoutout goes to MYANMAR , we see you , our Facebook and Instagram is on ! For daily updates we use Instagram only >>@luubrothersofficial<< .
For our own individual accounts: .
. @lanceluuofficial.
. @markluuofficial.
. @charlesluuofficial.
.
You can catch all the latest updates there! Thank you for all your support!

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင်
ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ဘာသာပြန်ဆောင်းပါး
များကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်
ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Ref;imbd

SHARE