လူဇင်ဘတ်နိုင်ငံမှာတော့ ကမ္ဘာ့ပထမဆုံးအနေနဲ့ နိုင်ငံတဝှမ်း အများသုံးသယ်ယူပို့ဆောင်ရေးစနစ်ကို အခမဲ့ ပြောင်းဖို့ သတ်မှတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
၉၉၉ စတုရန်းမိုင် ကျယ်ဝန်းတဲ့ ဥရောပနိုင်ငံလေးဟာ နိုင်ငံတွင်းက ရထားတွေ၊ သံလမ်းရထားတိုတွေနဲ့ ဘတ်စ်ကားတွေအကုန်လုံးကို ၂၀၂၀ ခုနှစ်ကစလို့ ပြည်သူတွေ အခမဲ့ စီးနိုင်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဒီအဆိုပြုချက်ဟာ အောက်တိုဘာလ လူဇင်ဘာ ရွေးကောက်ပွဲမှာ ရာထူးဆက်ထိန်းနိုင်ခဲ့တဲ့ ဝန်ကြီးချုပ် Xavier Bettel ရဲ့ ပြည်သူတွေအပေါ် ပြန်လည်အကျိုးပြုမှုလို့လည်း ပြောလို့ရပါတယ်။

နိုင်ငံလူဦးရေဟာ ၁၁၀,၀၀၀ သာရှိပေမယ့် ၄ သိန်းခန့်ရှိသော နိုင်ငံခြားအလုပ်သမားရယ်၊ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယမ်တို့မှ နေ့စဉ် ဖြတ်သန်းသွားလာသူတွေကြောင့် နိုင်ငံတွင်း ယာဉ်အသွားအလာ ကြပ်တဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်ရဲ့ အခမဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကိုတော့ လူဇင်ဘတ် နိုင်ငံသားတွေ အသုံးပြုခွင့်ရှိမှာပါ။ ၎င်းနိုင်ငံမှာ မူလကတည်းက အသက် ၂၀ အောက် လူငယ်တွေနဲ့ အထက်တန်းကျောင်းသားတွေကို အများသုံးယာဉ် အခမဲ့စီးခွင့် ပေးပြီးသားဖြစ်ပြီး အခြားသူတွေအတွက် ယာဉ်စီးခ ကုန်ကျစရိတ်မှာလည်း ၂ နာရီမှာမှ ၁.၇၈ ယူရိုနှုန်းထားသာ ရှိခဲ့ပေမယ့် အခုဆို အခမဲ့စနစ်နဲ့ ပိုမိုသက်သာအောင် သတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် Bettel ကတော့ ရာထူးအတွက် ဒုတိယအကြိမ် ထပ်မံရွေးကောက်ခံထားရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Ref: Dailymail, Unilad