Alexander Wang တို့၊ Armani တို့၊ Prada တို့လို ကမ္ဘာ့တန်ဖိုးကြီး luxury brand တွေဟာ ဖုန်းကမ္ပဏီတွေဖြစ်တဲ့ Samsung တို့ Vivo စတာတွေနဲ့ ပူးပေါင်းပြီး အရေအတွက် အကန့်အသတ်နဲ့တန်ဖိုးဘကြီး စမတ်ဖုန်းတွေ ထုတ်ခဲ့ကြတယ်ဆိုတာ သင်သိပါသလား။
ဒီဖုန်းလေးတွေထဲက ဘယ်ဖုန်းလေးတွေကို သဘောကျလဲဆိုတာ တစ်ချက်လောက်ကြည့်လိုက်ကြရအောင်လား။
Nokia နဲ့ Versace
Versace ကတော့ တကယ့်ကိုမှ တန်ဖိုးကြီးတဲ့ အဝတ်အထည်တွေ၊ လက်ကိုင်အိတ်၊ ရေမွှေးအစရှိတဲ့ ဇိမ်ခံအသုံးအဆောင်ပစ္စည်းတွေကို ထုတ်လုပ်တဲ့နေရာမှာ နာမည်ကြီးပါပဲ။ Versace ဟာ Nokia နဲ့ ပူးပေါင်းပြီး 7270 ဆိုတဲ့ မော်ဒယ်ကို ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်တုန်းက ထုတ်လုပ်ခဲ့ပြီး ရောင်းဈေးကတော့ ဒေါ်လာ ၈၆၈ ပါတဲ့။ ရောင်းရငွေတွေအားလုံးကို HIV ဝေဒနာသည်တွေအတွက်အတွက် လှူဒါန်းသွားခဲ့ပါတယ်။
Samsung နဲ့ပူးပေါင်းခဲ့တဲ့ Giorgio Armani နဲ့ Thom Browne
Armani နဲ့ Smasung ဟာ ၂၀၀၈ ခုနှစ်တုန်းက Night Effect phone ဆိုတဲ့ ဖုန်းကို ထုတ်ခဲ့ပါတယ်။ ဒီမတိုင်ခင် ၂၀၀၇ ခုနှစ်ရဲ့ Milan Fashion Week မှာ တုန်းကလည်း SGH-P520 ကိုထုတ်ခဲ့ပါသေးတယ်။
Samsung ဟာ မကြာသေးခင်ကမှ Galaxy Z Flip ထွက်လာခဲ့တာပါ။ Thom Browne ဟာ Glaxy Z Flip ပုံစံမျိုး ပူးပေါင်းထုတ်လုပ်ခဲ့ပါတယ်။ အဓိကကတော့ Thom Browne က ဂျာကင်အင်္ကျီနဲ့ လိုက်ဖက်ညီစေမယ့် ပုံစံမျိုးပေါ့။ ပုံတွေကိုတော့ မတ်လ ၂၉ ရက်နတေု့န်းကမှ တရားဝင် တင်ထားခဲ့တာပါ။
Prada နဲ့ LG
၂၀၁၂ ခုနှစ်တုန်းက အီတလီရဲ့ luxury brand တစ်ခုဖြစ်တဲ့ Prada ဟာ တောင်ကိုရီးယား လျှပ်စစ်ပစ္စည်းတံဆိပ် LG နဲ့ပူးပေါင်းပြီး ပထမဆုံး စမတ်ဖုန်းကို ထုတ်လုပ်ခဲ့ပါတယ်။ Prada 3.0 Phone ပါတဲ့။
Alexander Wang နဲ့ Vivo
Vivo X30 Pro Alexender Wang ဟာ limited edition အနေနဲ့ 5G ဖုန်းတစ်လုံးကို ၂၀၁၉ ခုနှစ်အကုန်ပိုင်းတုန်းက ထုတ်လုပ်ခဲ့ပါတယ်။ ဖုန်းနောက်ကျောဖက်ဒီဇိုင်းဟာ မှန်သားလိုပြောင်လက်နေပြီး “vivo alexenderwang” ဆိုတဲ့ စာလုံးကို ထွင်းထုထားခဲ့ပါတယ်။
ဒီဖုန်းတွေထဲ သင်ဘယ်ဖုန်းကို အကြိုက်ဆုံးလဲ။
Penny