ခရိုအေးရှားမှာ ရေသတ္တဝါကယ်ဆယ်ရေးလုပ်ပြီး စရိတ်ငြိမ်းလည်နိုင်မယ့် အခွင့်အရေး

unforgettablecroatia.co.uk

ရေအောက်သယံဇာတတွေနဲ့ ရေသတ္တဝါလေးတွေကို ချစ်ခင်နှစ်သက်တဲ့သူဆိုရင်တော့ ဒီအလုပ်ခေါ်စာ အခွင့်အရေးနဲ့သင်ဟာ အကိုက်ညီဆုံးဖြစ်မှာပါ။

Unforgettable Croatia ဆိုတဲ့ ဇိမ်ခံသင်္ဘောအုပ်စုဟာ ခရိုအေးရှားမှာ တစ်လကြာလေ့လာရမယ့် Croatia Conservation and Exploration နာမည်နဲ့ ပညာတော်သင်ဆုတွေကို Blue World Institute နဲ့  ပူးပေါင်းကာ လေ့လာရေးလုပ်မယ့်သူတွေကို ခေါ်ယူလို့နေပါတယ်။ Blue World Institute ကတော့ အဏ္ဏဝါပတ်ဝန်းကျင်နဲ့သက်ဆိုင်တဲ့ သိပ္ပံပညာတွေကိုလေ့လာစုံစမ်းနေတဲ့ အမြတ်အစွန်းမဲ့အဖွဲ့အစည်းတစ်ခုပါ။

unforgettablecroatia.co.uk

ပညာတော်သင်ဆုကိုတော့ တစ်ဦးတည်းကိုသာ ပေးသွားမှာဖြစ်ပြီး အဲဒီလူဟာ ခရိုအေးရှားသို့ စရိတ်ငြိမ်းသွားကာ ပညာတော်သင်ဆုစည်းကမ်းအတိုင်း တချို့အရာတွေကို လိုက်နာလိုက်ရုံနဲ့ အခမဲ့လည်ပတ်ခွင့်ကို ရဦးမှာဖြစ်ပါတယ်။ လုပ်ဆောင်ရမယ့် တာဝန်ကတော့ ခရိုအေးရှားရဲ့ ပင်လယ်ထဲမှာရှိတဲ့ လိပ်တွေနဲ့ လင်းပိုင်လေးတွေကို လိုအပ်ရင် ကယ်ဆယ်ပေးတဲ့နေရာတွေမှာ လုပ်အားပေးဆောင်ရွက်ရမှာဖြစ်ပြီး အချိန်ကတော့ ၂ ပတ်တိတိသာ တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။

၂ ပတ်တာ တာဝန်ထမ်းဆောင်ပြီးရင်တော့ ဇိမ်ခံသင်္ဘောလပ်ငန်းစုကနေ ပေးအပ်သွားမယ့် ခရီးသွားလည်ပတ်ခွင့်ကို ဇိမ်ခံခရီးစဉ်အတိုင်း လွတ်လွတ်လပ်လပ်နဲ့ စရိတ်ငြိမ်းလည်ပတ်ခွင့်ရသွားမှာပါ။ လုပ်အားပေး ၂ ပတ် လုပ်ပြီး ခရိုအေးရှားမှာ ဇိမ်ခံခရီး ၂ ပတ်ထွက်ရမယ်ဆိုတာ တကယ့်ကို တစ်သက်မှာ တစ်ခါသာရနိုင်တဲ့ အခွင့်အရေးမျိုးလို့တောင် ဆိုရမှာပါပဲ။ နောက်ပြီး လုပ်ရမယ့် လုပ်အားပေးတာဝန်ကလည်း လိပ်လေးတွေနဲ့ လင်းပိုင်တွေကို ကယ်တင်ရမှာဆိုတော့ ကိုယ့်အတွက် အတွေ့အကြုံအသစ်အဆန်းတွေ အများကြီးရလာလိမ့်မယ်ဆိုတာ အသေအချာပါပဲ။

READ
တောထဲမှာ နေလို့မဖြစ်လို့ လူတွေနဲ့အတူနေထိုင်နေတဲ့ ကလေးဆိုးကြီးမက်ဆီ
unforgettablecroatia.co.uk

၂၀၂၀ ခုနှစ်ရဲ့ နွေရာသီလောက်မှာ ပြုလုပ်ဖို့စီစဉ်ထားပြီး လုပ်အားပေးနေစဉ်အတွင်းမှာတော့ ခရိုအေးရှားက Lošinj ကျွမ်းပေါ်မှာပဲ စီစဉ်ပေးတဲ့အတိုင်း နေထိုင်ရမှာပါ။ လိပ်လေးတွေနဲ့ လင်းပိုင်လေးတွေကို လက်တွေ့မှာ သွားကယ်ကြပြီဆိုရင် လှေပေါ်ကို လိုက်သွားကာ လိုအပ်တာမှန်သမျှကို ကူညီပေးရမှာဖြစ်ပြီး ကျန်တဲ့အချိန်တွေမှာတော့ Blue World Institute နဲ့ ပူးပေါင်းကာ အချက်အလက်တွေကောက်တာတို့၊ အဏ္ဏဝါသတ္တဝါလေးတွေရဲ့ အရေအတွက်၊ ပြောင်းလဲမှု စတာတွေကို သင်ပေးတဲ့အတိုင်း စစ်တမ်းလိုက်ကောက်ရမှာပါ။ ဒီလိုတာဝန်ထမ်းဆောင်နေတုန်း တစ်နေ့မှာ လင်းပိုင်လေးတွေ အနည်းဆုံး အကောင် ၅၀ လောက်ကို တွေ့ရဦးမှာပါတဲ့နော်။

unforgettablecroatia.co.uk

တာဝန်ပြီးလို့ လည်ပတ်တဲ့အခါမှာလည်း သွားလာစရိတ်ကစလို့ စားစရိတ်အထိ အဖွဲ့အစည်းက တာဝန်ယူမှာဖြစ်ပြီး Lošinj မှ Rovnii အထိအပြင်ကိုမှ နာမည်ကြီးနေရာတွေဖြစ်တဲ့ Opatija, Plitvice Lakes အမျိုးသားဥယျာဉ်၊ Zadar နဲ့ Split တို့ကို ဦးစားပေးလိုက်ပို့သွားမှာဖြစ်ပါတယ်။ ဝိုင်မြည်းလို့ရမယ့် Istrian Peninsula လည်း ပါပြီး နေထိုင်ဖို့ကိုတော့ ကြယ် ၄ လုံးရှိတဲ့ဟိုတယ်မှာ စီစဉ်ပေးသွားမှာပါ။ Split ရောက်တဲ့အခါမှာဆိုရင် နောက်ဆုံးအပတ်ဖြစ်နေပြီဖြစ်ပြီး ၇ ညတာကြာမြင့်တဲ့ ဇိမ်ခံသင်္ဘောပေါ်က ခရီးစဉ်အတိုလေးနဲ့ Dubrovnik, ဈေးဝယ်ထွက်ဖို့ဘ Hvar ကျွန်း၊ Vis, Korcula, Mljet နဲ့ Ston ကျွန်းတို့ကိုလည်း လိုက်ပို့ဦးမှာဖြစ်ပါတယ်။

READ
ထောင်ထားတဲ့ဗုံးကို မှားပြီးခိုးသွားတဲ့ နယူးယောက်မြို့ကသူခိုးများ
unforgettablecroatia.co.uk
unforgettablecroatia.co.uk

လျှောက်လွှာတင်ဖို့ကိုတော့ Unforgettable Croatia website မှာ ဇွန်လ ၈ ရက်နေ့ကစလို့ လျှောက်ထားနိုင်ပြီး ဒီပညာတော်သင်ဆုကို ရဖို့အတွက် ဘာကြောင့် ထိုက်တန်တယ်ဆိုတာကို စာပိုက်အနေနဲ့ ရေးကာ ဝင်ရောက်ယှဉ်ပြိုင်ရမှာပါ။

Penny

SHARE