NASA ရဲ့အာကာသစခန်း ဒီဇိုင်းကို အခြေံပြီး တည်ဆောက်ထားတဲ့ ဇိမ်ခံအိမ်

[email protected]

လူတိုင်းမှာ ကိုယ်နေမယ့်အိမ်နဲ့ပတ်သတ်ပြီး အမိုက်စား စိတ်ကူးတွေရှိကြမှာပါပဲ။ ဘယ်သူမဆို ဖြစ်နိုင်ရင်တော့ အိမ်ကြီးအိမ်ကောင်းမှာ နေချင်ကြတာပါပဲ။ ဒါပေမယ့် ဒီလိုမျိုးမနေနိုင်သေးတဲ့ အခါမှာတော့ အဆင်ပြေသလို နေထိုင်ရှင်သန်နေကြရတာပါပဲ။ အခုလည်း သြစတြေးလျနိုင်ငံမှာရှိတဲ့ အရမ်းမိုက်တဲ့ အိမ်တစ်လုံးအကြောင်း ပြောပြချင်ပါတယ်။ ဒီထက်ပိုပြီး မိုက်တာတစ်ခုကတော့ အဆိုပါအိမ်ဟာ NASA ရဲ့ အာကသစခန်းပုံစံကို နမူနာယူပြီး တည်ဆောက်ထားတာပဲဖြစ်ကြောင်း Awol.junksee.com သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Twitter-@petertaggart

အဆိုပါအိမ်ကတော့ သြစတြေးလျနိုင်ငံ၊ Brisbane မြို့မှာ တည်ရှိပြီးတော့ Graham Birchall လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက် ပိုင်ဆိုင်ကြောင်း သိရပါတယ်။ အဆိုပါ အိမ်က ရုတ်တရက်ကြည့်လိုက်ရင်တော့ Bubble ပုံစံလေးပဲ ဖြစ်ပါတယ်။ တစ်ကယ်တမ်းတော့ Graham ဟာ ဒီလိုအိမ်ပုံစံ တည်ဆောက်ဖို့အတွက် NASA အဖွဲကို လှမ်းပြီး အကူအညီတောင်းခဲ့တာ ဖြစ်ပါတယ်။ NASA အဖွဲ့ရဲ့ အာကာသယာဉ်စခန်းပုံစံကို နမူနာလှမ်းတောင်းပြီး ဒီလိုမျိုးတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

READ
ခါးပိုက်နှိုက်မခံရအောင် ရှောင်သင့်၊ဆောင်သင့်တဲ့ အချက် (၅)ချက်
Twitter-@petertaggart

“ကျွန်တော်ဟိုးအရင်ကတည်းက စိတ်ကူးပါ။ တစ်နေ့မှာ NASA ရဲ့ အာကသယာဉ်စခန်းကို ဒီမှတည်ဆောက်နိုင်ရမယ်ဆိုပြီး စိတ်ကူးခဲ့ဖူးပါတယ်။ အခုလည်း NASA အဖွဲ့ကို လှမ်းပြီး အကူအညီတောင်းခံခဲ့ပါတယ်။ သူတို့လည်း တစ်ကယ်ကူညီရှာပါတယ်။ ကျွန်တော်ဆက်သွယ်ပြီး ၂ ရက်အကြာမှာ ကျွန်တော့် Email ကို အာကာသစခန်းရဲ့ drawing ကို ပို့ပေးခဲ့ပါတယ်” လို့ Graham က ပြောကြားခဲ့ပါတယ်။

Twitter-@petertaggart

အဆိုပါ အိမ်ဟာ လိပ်ခိုးပုံစံအမိုးပေါင်း ၁၁ ခုရှိပြီး 1,050 sqm အကျယ်အဝန်းရှိတဲ့ ကြမ်းပြင်ဟာ အထပ် ၃ ထပ်တိုင်းမှာ ပါရှိပါတယ်။ အခန်း ၂၀ ကျော် ပါဝင်ပါသလို အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၂ ခန်း၊ ကားပါကင် နေရာ ၄ ခု၊ စာကြည့်တိုက်ခန်း၊ ရေကူးကန်၊ သတင်းစာရှင်းလင်းခန်း၊ အားကစားခန်းမကြီးတစ်ခန်း၊ ဂေါက်ရိုက်ကွင်းအသေးစားတစ်ခန်း၊ ဘုရားရှိခိုးခန်းတစ်ခန်းနဲ့ ဝိုင်ပုလင်းတွေ သိုလှောင်လို့ရတဲ့ မြေအောက်ခန်းတစ်ခန်း ပါဝင်ကြောင်း သိရပါတယ်။

READ
ဘာပဲလုပ်လုပ် မအောင်မြင်ရခြင်းရဲ့အကြောင်းရင်း(၄)ချက်

 

Pyi Hein Kyaw

SHARE