Porsche Vs Bugatti ဆိုပြီး လူပြောများနေတဲ့ Switzerland နိုင်ငံက ယာဉ်တိုက်မှု

[email protected] Johnson Supercars

ကားတစ်စီးကို မဆင်မခြင်မောင်းလို့ ဖြစ်ပွားလာတဲ့ ယာဉ်တိုက်မှုတစ်ခုမှာ တိုက်တဲ့ကားကော၊ အတိုက်ခံရတဲ့ကားကော ခိခိုက်နနစ်နာကြပါတယ်။ အခန့်မသင့်ရင်တောင်မှ အသက်အန္တရာယ် ဆုံးရှုံးမှုအထိပါ ဖြစ်သွားနိုင်ပါတယ်။ အခုလည်း Switzerland နိုင်ငံရဲ့ တောင်ကြားတစ်ခုမှာ ဖြစ်ခဲ့တဲ့ ကားလေးစီးဆင့်တိုက်မှုမှာ တန်ဖိုးကြီးဇိမ်ခံကားတွေပါဝင်ခဲ့သလို ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာ စတာလင်ပေါင် ၃သန်းကျော်အထိရှိကြောင်း Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Posted by Rainier Johnson Supercars on Thursday, August 13, 2020

အဆိုပါ ကားလေးစီးဆင့်တိုက်မှုဟာ Switzerland နိုင်ငံ၊ Gotthard တောင်ကြားလမ်းထဲမှာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ချမ်းသာကြွယ်ဝသူတော်တော်များများဟာ ဒီလိုအချိန်မှာ Gotthard တောင်ကြားလမ်းကို လာရောက်အပန်းဖြေလေ့ရှိပြီး အဆိုပါ တောင်ကြားဟာ လူချမ်းသာတေါအတွက် သီးသန့်နိဗ္ဗာန်ဘုံလေးတစ်ခု ဖြစ်ကြောင်း သိရပါတယ်။ ဒီယာဉ်လေးစီးဆင့်တိုက်မှုမှာ Porsche 911 Cabriolet ကား၊ Bugatti Chiron ကား၊ Mercedes-Benz C-Class wagon ကားနဲ့ အိမ်စီးကားတစ်စီး ပါဝင်ခဲ့ပါတယ်။

 

ဖြစ်စဉ်ကတော့ အဆိုပါတောင်ကြားလမ်းမှာ အိမ်စီးကားတစ်စီးဟာ သူ့အရှိန်လေးနဲ့သူမောင်းနေတာကို နောက်ကနေ မောင်းလာတဲ့ Porsche ကားနဲ့  တစ်ဖက်လမ်းက Mercedes ကားနောက်ကနေ လိုက်နေရတာ စိတ်မရှည်တဲ့ Bugatti ကားတို့က အရှိန်နဲ့ ကျော်တက်ဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် နှစ်ကားလုံးဟာ ရုတ်တရက် လမ်းပြောင်းပြန်ကနေ ကျော်တက်လိုက်တာကြောင့် သူတို့နှစ်စီးချင်း အရင်ဆုံးတိုက်ခဲ့မိပါတယ်။ အဲဒီအချိန်မှာ Bugatti ကားကတော့ အရှိန်နဲ့ သူ့အရှေ့က အိမ်စီးကားဖင်ကို ဝင်ဆောင်ခဲ့ပြီး Porsche ကားကတော့ တစ်ပတ်လည်ပြီး သူ့အနောက်မှာ ပါလာတဲ့ Mercedes ကားကို ကားခေါင်းနဲ့ ဝင်ဆောင့်ခဲ့ပါတယ်။

Posted by Rainier Johnson Supercars on Thursday, August 13, 2020

“ကားတွေကို အရှိန်တွေနဲ့ မောင်းကြတာကိုးဗျ။ လမ်းလည်းရှင်းတော့ မောင်းချင်တိုင်းတွေ စွပ်စက်မောင်းကြတာ။ အထိဆုံးကတော့ Porsche ကားပဲ။ တော်တော်လေးကို စုတ်ပြတ်သတ်သွားတာ။ Mercedes ကားမောင်တဲ့ လူကတော့ အခြေအနေတော်တော်ဆိုးလို့ အခုဆေးရုံတင်ထားရပါတယ်။ အခြားကားမောင်းသူတွေကတော့ ဘာမှမဖြစ်ကြပါဘူး။ အခုလက်ရှိတော့ PPPorsche ကားမောင်းတဲ့လူနဲ့ Bugatti ကားမောင်းတဲ့ လူနှစ်ယောက်ကို ခေါ်ယူစစ်ဆေးမေးမြန်းနေပါတယ်”လို့ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

READ
အမျိုးသမီးသူပုန်ဆိုလျှင် မတော်ရာကို သေနတ်နဲ့ပစ်ဖို့ ဒူတာတေး အမိန့်ထုတ်

Pyi Hein Kyaw

SHARE