မကြာခင်မှာ ထုတ်လုပ်ရောင်းချတော့မယ့် သိန်းဆယ်ချီတန် Loius Vuitton Face Shield

Louis Vuitton

ကိုဗစ်ကာလအတွင်းမှာ စီးပွားဖြစ်ခဲ့တဲ့ လုပ်ငန်းတွေကို ပြပါဆိုရင် mask ထုတ်တဲ့ ကုမ္ပဏီတွေလည်း ထိပ်ဆုံးက ပါဝင်လို့နေမှာပါ။ Mask တွေဟာ နေ့တိုင်းတပ်ရမယ့် မရှိမဖြစ်အသုံးအဆောင်ပစ္စည်းတွေဖြစ်လာခဲ့ပြီးနောက်မှာတော့ ရောဂါကာကွယ်ဖို့ ကျန်းမာရေးအတွက်တင်သာမကဘဲ fashion အတွက်ပါ လူတွေက အာရုံစိုက်လာခဲ့ကြပါပြီ။

Louis Vuitton

ဒါကြောင့် surgical mask တွေ၊ ပိုးမွှားကာကွယ်တဲ့ mask တွေအပြင်ကိုမှ တချို့တော့ နာမည်ကြီး brand တွေဟာလည်း fashion ကျစေမယ့် face mask တွေကို ထုတ်လုပ်လာခဲ့ကြပါတယ်။ ဥပမာပြောရရင် Adidas ရဲ့ အားကစားလုပ်တဲ့အခါ အသုံးပြုနိုင်တဲ့ mask တို့၊ ၉၅ ဒေါ်လာတန် Off-White mask တို့၊ နောက် ဒေါ်လာ ၁၀၀ ကျော်တန် Burberry ရဲ့ face mask တို့အပြင်၊ Gucci တို့လို luxury brand တွေကပါ face mask တွေကို ထုတ်လုပ်လာခဲ့ပါပြီ။

READ
Joker ရုပ်ရှင်ပွဲစဉ်အတွင်း လူရမ်းကားတစ်ဦးကြောင့် ထိတ်လန့်ခဲ့ရတဲ့ ပွဲလာပရိသတ်များ

အခု နောက်ဆုံး ထုတ်ခဲ့တဲ့ brand ကတော့ LV ပါ။ Louis Viutton လို့ အရှည်ကောက်ခေါ်တဲ့ နိုင်ငံကျော် luxury brand ဟာ face shield ကို ထုတ်လုပ်လိုက်ခဲ့ပါပြီတဲ့။ အခုနောက်ပိုင်း face mask ဗတွအပြင် face shield တွေဟာ ခေတ်စားလာကြပါတယ်။

CNN ရဲ့ဖော်ပြချက်အရ LV ရဲ့ face shield ဟာ ဒေါ်လာ ၁၀၀၀ တောင် ဈေးဖွင့်ထားပါတယ်တဲ့။မြန်မာငွေနဲ့ဆိုရင် သိန်းဆယ်ချီနေပါပြီ။

Louis Vuitton

ရောင်းချမယ့်အချိန်ကတော့ အောက်တိုဘာလထဲမှာပါ။ Face shield ရဲ့ ထူးခြားချက်ကတော့ ဘေးပတ်ပတ်လည်မှာ ပါဝင်နေတဲ့ ရွှေအလုံးလေးတွေပဲဖြစ်ပါတယ်။ နောက် နှာဖူးပတ်ကလည်း LV ရဲ့ signature ဖြစ်တဲ့ အညိုရောင်အရင့်ပေါ်မှာ အဝါရောင် LV တံဆိပ်လေးတွေပါနေပါသေးတယ်။ ကဲ.. ဘယ်ဆယ်လီတွေကိုတော့ ဒီ LV face shield နဲ့ မြင်ရဦးမလဲဆိုတာ စောင့်ကြည့်ရမှာပါပဲ။

READ
လူသားမဟုတ်တဲ့ AI ဂျာနယ်လစ်တွေနဲ့ ပြဿနာတက်နေတဲ့ Little Mix မှ Jade

penny

SHARE