Louis Vuitton ကရှိုးပွဲတစ်ခုမှ ပြသခဲ့တဲ့ တင်းနစ်ဘောလုံးအရွယ်စိန်ရိုင်းတုံးကြီး

Louis Vuitton

လူတော်တော်များများကတော့ စိန်ဆိုရင် အသေးဆုံး ဆန်စေ့အရွယ်ကနေ အကြီးဆုံး လက်သည်းခွံလောက်ပဲ မြင်ဘူးကြမှာပါ။ ဒါပေမယ့် Yahoo News သတင်းထဲမှာ ဖတ်လိုက်ရတဲ့ စိန်တုံးကြီးကတော့ တင်းနစ်ဘောလုံးအရွယ်လောက်ရှိတယ်လို့ သိရပါတယ်။

Pixabay-Peter-Lomas

Louis Vuitton (LV) က ပြီးခဲ့တဲ့ အင်္ဂါနေ့ (14.1.2020) က ပဲရစ်မြို့မှာ ပြုလုပ်သွားတဲ့ ဖက်ရှင်ရှိုးတစ်ခုမှာ တင်းနစ်ဘောလုံးအရွယ်ရှိ စိန်ရိုင်းတုံးကြီးကို ပြသခဲ့ပါတယ်။ အဆိုပါ စိန်တုံးကြီးဟာ ၁,၇၅၈ ကာရတ်ရှိပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး စိန်ရိုင်းတုံးကြီး ဖြစ်ကြောင်း သိရပါတယ်။

Louis Vuitton

LV ကုမ္ပဏီကတော့ စိန်ရိုင်းတုံးကြိးကို ဘယ်လောက်ပေးခဲ့ရလဲဆိုတာ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပါဘူး။ အဆိုပါစိန်ရိုင်းတုံးကြီးရဲ့ အရွယ်အစားဟာ တင်းနစ်ဘောလုံးအရွယ်ရှိပြီး ပတ်တ်လည်ကို ကာဗွန်တွေနဲ့ ဖုံးလွှမ်းထားကြောင်း သိရပါတယ်။ ၂၀၁၉ ခုနှစ်မှာ အာဖရိကတိုက်၊  Botswana ပြည်နယ်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး မကြာခင် စိန်အသေးတွေအဖြစ် ဖြတ်ပြီး လက်ဝတ်ရတနာတွေအဖြစ် ပြုလုပ်သွားမှာပါလို့ LV ရဲ့တာဝန်ရှိသူက ရှိုးမှာ ပြောကြားသွားပါတယ်။

READ
သားသမီး၎ယောက်ရှိပေမယ့် လှမြဲလှဆဲ ဖိလစ်ပိုင်ရဲမေ
Louis Vuitton

ဒီစိန်ရိုင်းတုံးကြီးနဲ့ LV ကတော့ ဘယ်လို လက်ဝတ်လက်စားတွေ ပြုလုပ်မလဲဆိုတာတော့ ဆက်လက်စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။ အောက်က ဗီဒီယိုမှာ စိန်ရိုင်းတုံးကြီးကို ကြည့်ရှု့နိုင်ပါတယ်။

Pyi Hein Kyaw

 

SHARE