ညို့အားပြင်းတဲ့အကြည့်တွေနဲ့ ဖမ်းစားလိုက်တဲ့ Mဆိုင်းလု

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ မော်ဒယ်တစ်ယောက်ဖြစ်တဲ့ Mဆိုင်းလုကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမော်ဒယ်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ အင်တာနေရှင်နယ်ဆန်တဲ့ ဘော်ဒီအချိုးအစားကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်လို့ ပရိသတ်တွေ အားကျရတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူမကတော့ ကချင်တိုင်းရင်းသူလေးဖြစ်ပြီး လူမှုဆက်ဆံရေးကောင်းတဲ့သူတစ်ယောက်ဖြစ်လို့ ပရိသတ်တွေတိုင်းရဲ့ အချစ်တွေ ရရှိထားသူလေးလည်းဖြစ်ပါတယ်။

လတ်တလောမှာလည်း Mဆိုင်းလုကတော့ POSH  မဂ္ဂဇင်းအတွက် ဓါတ်ပုံတွေ ရိုက်ကူးပေးခဲ့ပါသေးတယ်။ သတို့သမီးဝတ်စုံ အဖြူရောင်လေးနဲ့ ကြည့်မဝလောက်အောင် လှနေတဲ့ Mဆိုင်းလုကတော့ ပရိသတ်တွေတိုင်းကို သူမရဲ့ စူးရှတဲ့ ညို့အားပြင်းအကြည့်တွေနဲ့ ဖမ်းစားလိုက်တာဖြစ်ပါတယ်။

Mဆိုင်းလုကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဓါတ်ပုံတွေကို သဘောကျကြရဲ့လား ပရိသတ်ကြီးရေ။

Source: POSH Myanmar

SHARE