Ah Boy နဲ့ မြတ်ရတနာကျော်တို့ရဲ့ သမီးချောလေး Scarlett ရဲ့ တစ်နှစ်ပြည့်မွေးနေ့ပွဲလေးကိုတော့ ခမ်းခမ်းနားနား ကျင်းပပြုလုပ်ခဲ့ပါတယ်။ရန်ကုန်မြို့က Novotel ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာပါ။ဒီပွဲကိုတော့ အနုပညာလောက နာမည်ကြီးတွေနဲ့ တခြားနာမည်ကြီးဆယ်လီတွေ အများကြီး တက်ရောက်ခဲ့ပါတယ်။ဝါဆိုမိုးဦးနဲ့ဖြိုးလေးစုံတွဲ၊နန်းသူဇာ တို့ စုံတွဲ၊လွှမ်းပိုင်တို့စုံတွဲ၊နေရွှေသွေးအောင်…အစရှိတဲ့ ဆယ်လီ တွေ အများကြီးတက်ရောက်ခဲ့ပါတယ်။



တက်ရောက်လာတဲ့ အနုပညာရှင် ဆယ်လီတွေ အများကြီးထဲကမှ အရမ်းကို နာမည်ကြီးတဲ့ ကာတွန်းဇာတ်ကောင်တွေ ဖြစ်တဲ့ Snow White ၊Mulan ၊Frozen ထဲက Elsa တို့ အဖြစ် ပြောင်းလဲပစ်ခဲ့ကြသူလေးတွေရဲ့ ပုံရိပ်လေးတွေကို ဖော်ပြ ပေးချင်ပါတယ်။


“Mirror, mirror, here I stand.
Who is the fairest in the land ?
ဆိုပြီး M ဆိုင်းလု က သူမရဲ့ အကောင့်မှာ ဝေမျှ ထားပါတယ်။


နောက်တစ်ယောက်ကတော့ Alice Ong ပါ။Elsa အဖြစ်နဲ့ သူမကို တွေ့ရမှာပါ။
“အခုတော့ Elsa လေးပါ ❄️
ရေခဲရဲတိုက်ထဲမှာကော တစ်ယောက်တည်း ထားခဲ့မှာလား !?
❤️Happy birthday to Princess Scarlett ❤️
: Sai Kaung Htet
: Chu Eaindra Oo..


ဆိုပြီး Alice Ong က သူမရဲ့ အကောင့်မှာ ဝေမျှ ထားပါတယ်။


နောက်တစ်ယောက်ကတော့ Angel Moe ပါ။သူမကိုတော့ Mulan အဖြစ်နဲ့ တွေ့ရမှာပါ။
“Mulan pics from V Dee Photo Studio ❤️
Sai Kaung Htet (V Dee)


ဆိုပြီး Angel Moe ကလည်း သူမရဲ့ အကောင့်မှာ ရှယ်ပေးထားပါတယ်။

Image:fb/Sandarlin Yang Yang/M Seng Lu/Alice Ong