သစ္စာမသိတဲ့သူနဲ့ပတ်သတ်ပြီး ခံစားချက်တွေဖွင့်ဟလာတဲ့ မအေးသောင်း

မအေးသောင်းဆိုတဲ့ နာမည်နဲ့ ပရိသတ်တွေကြားမှာ တဖန်ပြန်လည်ရေပန်းစားလာတဲ့သူတစ်ယောက်ဖြစ်တဲ့ အေးဝတ်ရည်သောင်းကတော့ အနုပညာလှုပ်ရှားမှုတွေကို မနားတမ်းပြုလုပ်နေရတာဖြစ်ပြီး ရုပ်ရှင်ကားကြီးတွေကိုလည်း ရိုက်ကူးနေရတာဖြစ်ပါတယ်။ မအေးသောင်းကတော့ မြန်မာဆန်ပြီး တည်ငြိမ်တဲ့သူမရဲ့အလှကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ မမတစ်ယောက်လည်းဖြစ်ပါတယ်။

ခံစားချက်စာသားတွေကို ဖေစ်ဘုတ်ပေါ်မှာ တင်ပေးလေ့ရှိတဲ့သူတစ်ယောက်ဖြစ်တဲ့ မအေးသောင်းကတော့ ဒီကနေ့မှာ သစ္စာမရှိသူတစ်ယောက်နဲ့ပတ်သတ်ပြီးသူမရဲ့ ခံစားချက်တွေကို ဖွင့်ဟလာတာဖြစ်ပါတယ်။ မအေးသောင်းကတော့ “သို့…..သစ္စာမသိသူမင်းအနားမှာနေပြီး နာကျင်ခံစားရတာထက်မင်းကိုစွန့်လွှတ်ပြီး လွမ်းနေရတာက ပိုပြီး သက်တောင့်သက်သာရှိတယ်။” လို့ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။

မအေးသောင်းကတော့ သူမရဲ့ မြန်မာဆန်ဆန်အလှဓါတ်ပုံတွေကိုလည်း တင်ပေးထားပါသေးတယ်။ မအေးသောင်းရဲ့ ပရိသတ်တွေအတွက် မြန်မာဆန်ဆန်နဲ့လှနေတဲ့ မအေးသောင်းရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Aye Thaung

 

SHARE