ချစ်သူအမြဲစိတ်ပူနေအောင် အမြဲအလှပြင်ထားတယ်ဆိုတဲ့ မအေးသောင်း

မော်ဒယ်တစ်ယောက်၊ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိနေတဲ့သူတစ်ယောက်ဖြစ်တဲ့ မအေးသောင်းကတော့ အနုပညာလှုပ်ရှားမှုတွေကို မနားတမ်း ဆောင်ရွက်နေရတဲ့ နာမည်ကျော် အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ မအေးသောင်းကတော့ ဖေ့စ်ဘုတ်ပေါ်မှာ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ခံစားချက်စာသားလေးတွေကို ဖေ့စ်ဘုတ်ပေါ်တင်လေ့ရှိတဲ့သူတစ်ယောက်ဖြစ်တဲ့ မအေးသောင်းကတော့ ဒီကနေ့မှာလည်း “ချစ်သူအမြဲစိတ်ပူနေအောင် အမြဲအလှပြင်ထားတယ် ရည်းစားဟောင်းတွေနဲ့ အမှတ်တမဲ့ပြန်တွေ့ရင်လဲ လှနေချင်တယ်။ ဟဲဟဲကိုယ်ဟာလောဘကြီးသူတစ်ယောက်ပါ။ဒီပို့စ်ကို အဆီတုံးလေးမမြင်ပါစေနဲ့ ” လို့ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးထာတာဖြစ်ပါတယ်။

မြန်မြန်မာဆန်ဆန်လေးလှနေတဲ့ မအေးသောင်းကတော့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးအတွက် စကာင်္ပူကိုရောက်ရှိနေတာဖြစ်ပါတယ်။ မအေးသောင်းရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။

Sourcce:Ma Aye Thaung

SHARE