The Eternals ဇာတ်ကားရဲ့ ပိုစတာသစ်ကို ထုတ်ပြလိုက်တဲ့ Ma Dong-Seok

Image:IG/Ma Dong-Seok

တောင်ကိုရီးယားမင်းသား Ma Dong Seok က တော့ မြန်မာ ပရိသတ်တွေ နဲ့ ရင်းနှီးပြီးသားပါ။ရုပ်ရည် ချောချော လှလှ မင်းသား  တွေ  နေရာယူ ထားတဲ့ ကိုရီးယားအနုပညာလောက ထဲကို ထိုးဖောက်နိုင်တဲ့  ဖိုက် တင် မင်းသား ကြီး ပါ။သူ့ရဲ့ ဇာတ်ကား တော်တော် များများ က တော့ ကြမ်းကြမ်းရမ်းရမ်းသရုပ်ဆောင်ရတဲ့ ကား မျိုး တွေ ပါ။အခု ဆိုရင် တော့ ကိုရီးယားမှာ ပြည်တွင်းမှာတင်မကပဲ ဟောလိဝုဒ် အနုပညာလောကထဲ အထိ ပါ ထိုးဖောက်အောင်ြ မင်နိုင်ခဲ့ပါပြီ။

 

View this post on Instagram

 

#마블 #이터널스 #길가메쉬 #Marvel #Eternals #Gilgamesh

A post shared by Don Lee 마동석 (@madongseok_) on


Dong Seok ကတော့ Marvel Studios ရဲ့ ရုပ်ရှင် ကား “The Eternals” မှာ ပါဝင်သရုပ်ဆောင်ခွင့် ရခဲ့ပါတယ် ။ဒီကား က တော့ ဟောလိဝုဒ်ရဲ့ တကယ့် နာမည်ကြီးတွေ ဖြစ်တဲ့ Angelina Jolie, Salma Hayek, Richard Madden,  Kumail Nanjiani တို့ လည်း ပါဝင်ထားပြီး အဲ့ဒီလို နာမည်ကြီးတွေ နဲ့ အတူ တွဲ သရုပ်ဆောင်ခွင့် ရခဲ့ တာပါ။ Ma Dong Seok က တော့ သူ့ရဲ့ Instagram မှာ “The Eternals” ဇာတ်ကား ပိုစတာ သစ်ကို ထုတ်ပြ လိုက်ပါတယ်။ဒီအ ကြောင်းကို တော့ epicstream မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

마블 이터널스가 내년 2월 개봉합니다. 사진은 작년 영국, 이터널스 촬영장 1. 길가메쉬의 트레일러 2. 마블의 환영 편지 3. 길가메쉬의 의자 늘 응원 해주셔서 감사합니다. Marvel Studios’ THE ETERNALS will be released in Feb 2021. Sharing with you some photos from last year, from the set in London. 1. Gilgamesh’s trailer 2. Welcome letter from Marvel Studios 3. Gilgamesh’s chair Thanks always for your support. Cheers! #Marvel #Eternals #Gilgamesh

A post shared by Don Lee 마동석 (@madongseok_) on

ဒီကားထဲမှာတော့ Gilgamesh ဇာတ်ကောင် နေရာက နေ ပါဝင်ထားတာပါ။မနှစ် တုန်းက  လန်ဒန်မှာ ရိုက်ကူးခဲ့တဲ့ ရိုက်ကွင်း ပုံတစ်ချို့ ကိုပါ ရှယ်ခဲ့ပါတယ်။တတိယ မြောက် ပုံမှာတော့ Lee ကို Marvel Studios မိသားစုက ကြိုဆို ကြောင်း စာ ကို တွေ့ရမှာပါ။ပထမဆုံး ဓါတ်ပုံ မှာ တော့ တမင်ရည်ရွယ်တာလား၊မရည်ရွယ်ပဲ ဖြစ်သွားတာ လား မသိရ ပေမယ့် “The Eternals” ရဲ့  ပိုစတာ အသစ် လည်း ပါ  ပါတယ်။ The Eternals ကို တော့ (၂၀၂၁)ဖေ ဖော်ဝါရီ (၁၂) မှာ ထွက်ရှိဖို့ ရည်ရွယ်ထားပါတယ်။

#SHWEMOM

SHARE