စတိုင် အရမ်းမိုက်လို့ ပရိသတ်တွေ သဘောကျနေကြတဲ့ မထက်ရဲ့ ပုံရိပ်လေးတွေ

အောင်မြင်တဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်အဖြစ်သာမက ဖိုတို မော်ဒယ်တစ်ယောက်အဖြစ်ပါ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မထက်ကတော့ သူမရဲ့ ယုံကြည်မှုပြည့်ဝတဲ့ ခပ်မိုက်မိုက် ပုံရိပ်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိနေသူတစ်ယောက်ဖြစ်ပါတယ်။

မထက်ကတော့ ဒီကနေ့မှာလည်း ရိုးရိုးရှင်းရှင်း စတိုင်ကျကျနဲ့ လှနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ဖေ့စ်ဘုတ်ပေါ်မှာ တင်ပေးထားပါတယ်။ “ရူတင်​မှာ ကြုံတုန်း​လေး မမ​ရေ.. သားရိုက်​​ပေးမယ်​ဆိုပြီးရိုက်​သွားတာ… အခု​တော့ပုံ​လေး​တွေကြည့်​ပြီး​ပျော်​သွားတယ် ​လှလှ​လေးရိုက်​​ပေးလို့ ​ကျေးဇူးပါပဲ” လို့ရေးထားပြီး ဓါတ်ပုံလေးတွေကို တင်ထားတာဖြစ်ပါတယ်။

ဘာမှထွေထွေထူးထူး မပြင်ဆင်ထားပေမယ့်လည်း လှမြဲလှနေတဲ့ မထက်ရဲ့ ဓါတ်ပုံလေးတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Source: Ma Htet, Kan Su Ho

SHARE