လမ်းခွဲကြေးအဖြစ် ကန်ဒေါ်လာ ၅၂ သန်းအပေးခံခဲ့ရတဲ့ မကာအိုမော်ဒယ် Mandy Lieu

Facebook-Mandy Lieu

မကာအိုမော်ဒယ်တစ်ဦဖြစ်တဲ့ Mandy Lieu ဟာ လောင်းကစားသူဌေးကြီးတစ်ယောက်နဲ့ နှစ်အတော်ကြာတွဲလာခဲ့ရင်း အခုလမ်းခွဲလိုက်တဲ့အချိန်ကျပြန်တော့လည်း လမ်းခွဲလျော်ကြေးအဖြစ် အမေရိန်ကန်ဒေါ်လာ ၅၂ သန်းလောက်ရှိတဲ့ ငွေပမာဏကိုရခဲ့တယ်ဆိုတဲ့သတင်းတစ်ပုဒ် Asia One မှာ ဖတ်ခဲ့ရပါတယ်။ အရင်ဆုံး သူတို့တွေရဲ့ အရှုပ်တော်ပုံကြီးအကြောင်းနဲ့ မိတ်ဆက်ပေးပါရစေ။

မကာအိုမှ ဘီလီလျံနာသူဌေးကြီး Alvin Chau ဟာ အသက် ၄၅ နှစ်ရှိနေပြီဖြစ်ပြီး လောင်းကစားလုပ်ရင်း ကြီးပွားလာသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ သူ့မှာ အသက် ၃၉ နှစ်အရွယ် Heidi ဆိုတဲ့ ဇနီးတစ်ယောက်ရှိပြီး ရင်သွေးနှစ်ယောက်ထွန်းကားခဲ့ပါတယ်။ ဒါပေမဲ့ Alvin Chau ဟာ ၂၀၁၄ ခုနှစ်မှာ မော်ဒယ် Mandy Lieu နဲ့ ဟိုနားမှာအတူတွေ့၊ ဒီနားမှာအတူတွေ့နဲ့ တပူးပူးတတွဲတွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ပွဲတွေပါအတူတူတက်ကာ ချစ်သူဆိုပြီး မကြေငြာလည်းလူသိတဲ့အနေအထားတစ်ခုကို ရောက်ရှိလာခဲ့ပါတယ်။

Every step that I take is another mistake…I march further and further away in my worries shoes…

Posted by Mandy Lieu on Saturday, June 7, 2014

ခင်ပွန်းဖောက်ပြန်နေတာ အရမ်းပေါ်ပေါ်ထင်ထင်ဖြစ်လာခဲ့တဲ့အတွက် တရားဝင်ဇနီးသည် Heidi ဟာ Alvin Chau နဲ့ ကွာရှင်းဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့်လည်း Alvin Chau ဟာ Heidi ကို ကွာရှင်းမခံခဲ့ပါဘူး။ Alvin Chau မှာ တရားဝင်ဇနီးမယားဆိုလို့ Heidi တစ်ယောက်တည်းပဲ။ ၂၀၁၅ ခုနှစ်ထဲမှာတောင်မှ Heidi တစ်ယောက် ကွာရှင်းဖို့အခွင့်မသာခဲ့လို့ဆိုပြီး လူမှုကွန်ယက်ပေါ်မှာ ခင်ပွန်းနဲ့ပတ်သက်ပြီး post တွေတင်လာခဲ့ပါသေးတယ်။

READ
နိုက်ကလပ်အတွင်း လက်ပစ်ဗုံးနဲ့ပစ်သွင်း တိုက်ခိုက်ခံရပြီး လူ(၃၁)ဦးကို ထိခိုက်ဒဏ်ရာရ

အကြောင်းအရာတွေကတော့ ခင်ပွန်းဖြစ်သူ Alvin Chau ဟာ ပိုက်ဆံလည်းရှိတယ်၊ ရုပ်ရည်လည်းရှိပြီး အရွယ်ကောင်းလည်း ဖြစ်တဲ့အတွက်ကြောင့် လိုချင်နေတဲ့အမျိုးသမီးတွေ မနည်းမနောဆိုတာ သူမသိကြောင်း၊ အခုသတင်းတွေလည်း ကြားနေပေမယ့်လို့ Alvin Chau အတွက် Mrs. Chau ဆိုတာ သူမတစ်ယောက်တည်းပဲရှိကြောင်း၊ နောက် Alvin Chau ဟာ အမျိုးသမီးတစ်ယောက်တည်းနဲ့မဟုတ်ဘဲ အဲဒီလိုပဲ အမျိုးသမီးတွေအများကြီးနဲ့ တွဲလေ့ရှိကြောင်းစသဖြင့် Heidi ကတော့ ပြတ်ပြတ်သားသားပဲ Mandy Lieu နဲ့ ဖောက်ပြန်မှုနဲ့ပတ်သက်ပြီး ထုတ်ပြောလာခဲ့ပါတယ်။

Facebook-Mandy Lieu

ငါးနှစ်အတွင်း Mandy Lieu ဟာ Alvin Chau နဲ့ သားသမီး ၃ ယောက်ထွန်းကားခဲ့ပြီး လန်ဒန်မှာအခြေချနေထိုင်လာခဲ့ပြီးနောက် Alvin Chau ဖက်မှ အနေအေးကာ Mandy Lieu ဆီကို မလာတော့ပါဘူးတဲ့။ နောက်ပြီး မကြာသေးခင်ကမှ ပြုလုပ်ခဲ့တဲ့ တရားဝင်ဇနီး Heidi ရဲ့ ၃၉ နှစ်မြောက်မွေးနေ့ပွဲမှာတော့ Alvin Chau ဟာ ပျော်ရွှင်ကြည်နူးစွာမွေးနေ့ပွဲကိုဆင်နွှဲပေးခဲ့ပါသေးတယ်။ အဲဒီနောက်ပိုင်းမှာတော့ Alvin Chau နဲ့ မော်ဒယ်မလေး Mandy Lieu တို့ကြား လမ်းခွဲလိုက်ပြီဆိုတဲ့သတင်းတွေ ထွက်လာပါတော့တယ်။

READ
ရုံးချုပ်ကအရာရှိအဖြစ် ဟန်ဆောင်ပြီး KFC ဆိုင်ခွဲမှာ ငွေမပေးဘဲ (၁)နှစ်လောက် လိမ်စားနေသူ

ကလေး ၃ ယောက်မွေးပေးထားတဲ့ Mandy Lieu ကို Alvin Chau က လမ်းခွဲလို့နစ်နာကြေးအဖြစ် အမေရိကန်ဒေါ်လာ ၅၂ သန်းတောင်ပေးခဲ့ပါတယ်တဲ့လေ။

Facebook-Mandy Lieu

Alvin Chau တစ်ယောက် Mandy Lieu နဲ့ ဖောက်ပြန်ပြီးနောက်ပိုင်း Heidi ကို Alvin Chau ရဲ့ ဖခင်ဖက်ကနေပြီး စီးပွားရေးလုပ်ငန်းတွေထဲ အုပ်ချုပ်ဖို့ တာဝန်ပေးအပ်လိုက်တဲ့အတ်ွကြောင့် Heidi တစ်ယောက် ကြိုးစားခဲ့တာကြောင့် လူအများလေးစားရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်။ နောက်ပြီး ပွဲလမ်းသဘင်တွေလည်း အဖိတ်ကြားခံခဲ့ရတာကြောင့် အလှအပနဲ့ဖက်ရှင်ပိုင်းမှာလည်း တော်တော်လေးပြောင်းလဲကာ လှလာခဲ့ပါတယ်တဲ့။ လူအများကတော့ တွဲပုန်းခုတ်နေတဲ့ မော်ဒယ်ကိုပစ်ပြီး Heidi ကိုပဲ သတ်သတ်မှတ်မှတ်ပေါင်းတော့တယ်လို့ ဆုံးဖြတ်ချက်ချခဲ့တာဟာ Heidi တစ်ယောက် အပြောင်းလဲကြီးပြောင်းလဲလာခဲ့တာမလို့ မပစ်ရက်လို့ဖြစ်မယ်ဆိုပြီး မှတ်ချက်တွေပေးနေခဲ့ပါတော့တယ်။

Penny

SHARE