ပေါက်ကွဲမှုတွေကြုံတွေ့နေရတဲ့ MacBook Pro မော်ဒယ်တစ်ခု

Steve Gagne/Facebook

ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့တုန်းက ဖလော်ရီဒါပြည်နယ်မှ Steve Gagne ဆိုသူအမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ Facebook အကောင့်ပေါ်မှာ MacBook Pro စီးရီးတစ်ခုနဲ့ပတ်သက်ပြီး ပြဿနာတစ်ခုဖြစ်ခဲ့တဲ့အကြောင်း ပြန်လည်မျှဝေထားခဲ့ပါတယ်။

၂၀၁၅-၂၀၁၇ ထုတ် 15″ MacBook Pro ကို Apple ကုမ္ပဏီကနေပြီး ဇွန်လ ၂၁ ရက်နေ့တုန်းက recall ပြန်လုပ်ခဲ့ပါတယ်။ အကြောင်းကတော့ အဲဒီ MacBook Pro တွေမှာ လတ်တလော အပူဒဏ်အရမ်းမခံနိုင်တဲ့ ဘက်ထရီပြဿနာတွေ တက်နေလို့လို့ World of Buzz မှာ ဖော်ပြထားခဲ့ပါတယ်။ Steve Gagne ကတော့ အဲဒီလို recall မလုပ်ခင်ရက်ပိုင်းအလိုကတည်းက ဘက်ထရီပြဿနာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ပြီးပါပြီ။

Steve Gagne/Facebook

သူ့ရဲ့ Facebook post အရ ဇွန်လ ၁၇ ရက်နေ့ညဖက်တုန်းက အိပ်ယာထဲရောက်ကာမှ အနားမှာထားထားတဲ့ MacBook Pro ကြီးဟာ ရုတ်တရက်ပေါက်ကွဲသံနဲ့အတူတူ ပေါက်ကွဲလာခဲ့ပါတယ်။ ဘယ်လောက်ဆိုးရွားသလဲဆိုရင် နောက်ဆက်တွဲ အိမ်တစ်အိမ်လုံးမီးခိုးတွေ လွှမ်းတဲ့အထိကို မီးခိုးငွေ့တွေ အူတက်လာခဲ့တာပါတဲ့။ တော်သေးတာတစ်ခုက အရင်ကဆို ဆိုဖာပေါ်မှာတို့ အဝတ်ခြင်းပေါ်မှာတို့ လက်ပ်တော့ကိုတင်ထားတတ်ပေမယ့် အဲဒီနေ့ညကတော့ ရှင်းလင်းနေတဲ့ကော်ဖီစားပွဲပေါ်မှာ လက်ပ်တော့ကိုတင်ခဲ့မိတဲ့အတွက် ဘေးမှာမီးစွဲစရာ ပလတ်စတစ်တို့၊ အဝတ်တို့တစ်ခုမှရှိနေတာပါပဲ။

READ
အားပြင်းတဲ့ လေဆင်နှာမောင်းကြီးထဲ ရောက်ရှိသွားခဲ့တဲ့ အမျိုးသမီးရဲ့ ထိတ်လန့်စဖွယ် ဗီဒီယို
Steve Gagne/Facebook
Steve Gagne/Facebook

ထပေါက်တဲ့ဆိုတဲ့နေရာမှာလည်း Steve Gagne ဟာ လက်ပ်တော့ကိုဖွင့်ထားတာမျိုး၊ အားသွင်းထားတာမျိုးမဟုတ်ဘဲ စက်ပိတ်ပြီး ဘာကြိုးမှလည်း တပ်မထားချိန်မှာ အခုလိုဖြစ်သွားတာကတော့ တော်တော်လေးကို လန့်ဖို့ကောင်းနေပါပြီ။ ပေါက်ကွဲသံနဲ့အတူတူ ဓာတုဓာတ်တစ်မျိုးကို မီးရှို့လိုက်ရင် နံသလိုအနံ့ပြင်းပြင်းကိုလည်း တပါတည်းအနံ့ခံမိပါတယ်လို့ ထည့်ရေးထားပါသေးတယ်။

အကယ်၍သင့်မှာသာ ၂၀၁၅-၂၀၁၇ ထုတ် ၁၅လက်မ MacBook Pro တစ်လုံး ပိုင်ဆိုင်ထားခဲ့မယ်ဆိုရင် https://support.apple.com/15-inch-macbook-pro-battery-recall ကို နှိပ်ပြီး အသေးစိတ်ကိုဖတ်ရှုကာ ကိုယ့် MacBook ရဲ့ serial နံပါတ်ကို ရိုက်ထည့်ပြီး ဘက်ထရီလဲလှယ်ဖို့ Apple ကနေပြီး recall လုပ်ထားသလား၊ မလုပ်ထားဘူးလားဆိုတာကို ဝင်ရောက်စစ်ဆေးနိုင်ပါတယ်။

Penny

SHARE