၂၀ ရာစု ဗြိတိန်ရဲ့ အလုပ်သမားဘ၀တွေကို အတိုင်းသားဖော်ပြထားတဲ့ သမိုင်းဝင်ဓာတ်ပုံအချို့

လွန်ခဲ့တဲ့ ၂၀ ရာစုအတွင်းက ဗြိတိန်နိုင်ငံသားတို့ အလုပ်ခွင်ဝင်နေတာကို ရိုက်ကူးထားခဲ့တဲ့ သမိုင်းဝင် ဓာတ်ပုံများကို တင်ဆက် ဖော်ပြပေးချင်ပါတယ်။

ဆယ်စုနှစ်များစွာနဲ့ ချီပြီ Mirror သတင်းဌာနက ဓာတ်ပုံဆရာတို့ဟာ နိုင်ငံရဲ့ နေ့စဉ်အလုပ်ခွင် လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ထားခဲ့ပြီး Made in Britain ဆိုတဲ့ ထွက်ရှိလာမယ့် သမိုင်းမြင်ကွင်းစာအုပ်အသစ်မှာ လက်ရှိ စက်မှုလက်မှုထွန်းကားတဲ့ နိုင်ငံမဖြစ်ခင် ၂၀ ရာစုအစောပိုင်းက ဓာတ်ပုံတွေကို ခြေရာကောက်လို့ ထည့်သွင်းဖော်ပြထားတယ်လို့ သိရပါတယ်။

Made in Britain စာအုပ်ကို အော်ဒါမှန်ယူနိုင်ကြောင်းလည်း သိရပြီး တန်ဖိုးအားဖြင့် ယူရို (၁၉.၉၅) ကျပ် အမေရိကန်ဒေါ်လာ (၂၂.၅၅) ကျပ်လို့ သတ်မှတ်ထားတယ်။ အော်ဒါကိုတော့ ၂၀၁၉ ခုနှစ် မတ်လ (၃၁) ရက်နေ့မှာ ပိတ်မှာဖြစ်တယ်ဆိုတာဖော်ပြပေးလိုက်ရပါတယ်။ သမိုင်းထဲက ဓာတ်ပုံများကိုလည်း ကြည့်ရှုခံစားကြည့်ပါဦး။

READ
လွန်ခဲ့တဲ့ နှစ် ၁၀၀ တုန်းက ကမ္ဘာတစ်ဝှမ်းက ဆယ်ကျော်သက်တွေ ဘယ်လိုပုံစံရှိခဲ့ကြသလဲ...
ထူးချွန်တဲ့ အလုပ်သမနှစ်ယောက်ဟာ တစ်ရက်ကို အရုပ်ခေါင်း (၉၀၀) ရဲ့ မျက်လုံးတွေကို ဆေးခြယ်ပါတယ်။ သူမတို့နှစ်ယောက်ရဲ့ နာမည်ကို မစ္စ ဗီဒါရိုစ့် နဲ့ မစ္စ ဘာဘရာ ဆလက်တာ လို့ခေါ်ပါတယ်။
Mirrorpix
ပထမကမ္ဘာစစ်အတွင်း (၁၉၁၈ ခုနှစ် ဧပြီလ) လက်နက်စက်ရုံမှာ အလုပ်နေနေကြတဲ့ အမျိုးသမီးများ
Mirrorpix
Huntley & Palmers စက်ရုံ အတွင်းက အနေအထားဖြစ်ပါတယ်။ အမျိုးသမီးတွေက ကတ်ထူဘူးတွေနဲ့ ဘီစကွတ်တွေကို ထုပ်ပိုးနေကြတာပါ။ (၁၉၃၇ ခုနှစ်)
Mirrorpix
Austin 10 ကားတွေကို Longbridge အလုပ်ရုံမှာ နောက်ဆုံး အပြီးသတ်စစ်ဆေးနေတာဖြစ်ပါတယ်။ (၁၉၃၆ ခုနှစ်)
Mirrorpix
၁၉၃၂ ခုနှစ်တုန်းက Midland အားကစားပစ္စည်းစက်ရုံအတွင်းက မြင်ကွင်းဖြစ်ပါတယ်။ လက်သမားက ခရစ်ကတ်ဘတ်တံကို ပြုလုပ်နေတာပါ။
Mirrorpix
၅ နှစ်လောက် အချိန်ယူပြီး ဆင်ထားတဲ့ ထွန်စက် မော်ဒယ်အသစ်တစ်စီး Massey Ferguson စက်ရုံမှာ ပေါ်ထွက်လာပုံ
Mirrorpix
Hayes Middlesex မှာရှိတဲ့ E.M.I စက်ရုံတွင် ဓာတ်ပြားထုတ်လုပ်နေပုံ…။ Beatles ရဲ့ LP အသစ် Rubber Soul ကိုလည်း အဲ့ဒီ့မှာပဲ ထုတ်လုပ်ခဲ့ပါတယ်။
Mirrorpix
အမည်မသိရတဲ့ ကျောက်မီးသွေးတွင်း အလုပ်သမားတစ်ယောက်ရဲ့ပုံဖြစ်ပါတယ်။ (၁၉၃၅ ခုနှစ်) 
Mirrorpix
ဝေလနိုင်ငံသား ကြေးစားလက်ဝှေ့သမား Adrian Street ဟာ သူရဲ့ ကျောက်မီးသွေးတူးသမား ဖခင်နဲ့ အတူ ၁၉၇၄ ခုနှစ်မှာ ဒီဓာတ်ပုံကို ရိုက်ခဲ့ပါတယ်။
Mirrorpix

Source: Mirror

READ
အမေရိကန်သမိုင်းမှတ်တမ်းမှာ ဆန်းကြယ်မှုတွေ ပြည့်နှက်နေတဲ့ဆိုတဲ့ North Brother ကျွန်း
Matthew (ShweMOM)
SHARE