အန္တရာယ်ရှိတဲ့ လူမျိုးစုနဲ့ ရင်းနှီးရင်းနှီးနှီးနေနိုင်ခဲ့တဲ့ ပထမဦးဆုံး အမျိုးသမီး

Boredpanda

အောက်တိုဘာလတုန်းက ကမ္ဘာ့အန္တရာယ်အများဆုံးလို့သတ်မှတ်ထားတဲ့ကျွန်းကို သသနာပြုဖို့ရည်ရွယ်ကာ တရားမဝင်သွားရောက်ခဲ့တဲ့ အသက် (၂၇) နှစ်အရွယ် John Allen Chau အကြောင်းမီဒီယာတွေမှာ ဖော်ပြထားခဲ့လို့ ကြားသိခဲ့ကြပြီဖြစ်မှာပါ။

Boredpanda

ဆန်တီနယ်လိစ်လူမျိုးတို့နေထိုင်ရာ မြောက်ပိုင်းဆန်တီနယ်ကျွန်းဟာ ကမ္ဘာ့လျှို့ဝှက်အနက်နဲ့ဆုံးနေရာတွေထဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအနီး ဘင်္ဂလားပင်လယ်အော်အတွင်းမှာတည်ရှိနေပြီး နေထိုင်ရာလူမျိုးစုဟာ နှစ်ပေါင်းထောင်နဲ့ချီပြီး ကျွန်းသားမဟုတ်တဲ့ပြင်ပလူတွေနဲ့ အဆက်အဆံမလုပ်ခဲ့ကြပါဘူး။

Boredpanda

လူမျိုးစုစိတ်ဓာတ်ပြင်းထတ်ပြီး ကျွန်းနှင့် (၃) မိုင်ပတ်လည်ထက် ပိုနီးကပ်စွာရောက်လာသူမှတ်သမျှကို သတ်ပစ်ခဲ့တဲ့မှတ်တမ်းတွေလည်းရှိခဲ့ပါတယ်။ မြှားပစ်အထူးကျွမ်းကျင်ပြီး ကျွန်းသို့ဘာရည်ရွယ်ချက်နဲ့ ချဉ်းကပ်ချဉ်းကပ် သတ်ပစ်ဖို့ဝန်မလေးကြပါဘူး။

Boredpanda

ဒါပေမဲ့ ဒီသမိုင်းရာဇဝင်ကို အံတုပြီး ကျွန်းသူကျွန်းသားများနှင့် ရင်းနှီးစွာနေခဲ့တဲ့ အမျိုးသမီးတစ်ဦးရှိပါတယ်။ သူမနာမည်ကတော့ Madhumala Chattopadhyay ဖြစ်ပါတယ်။ လူသားတစ်ဦးအနေနဲ့ဆိုရင်တော့ သာမန်မဟုတ်တဲ့ထူးထူးခြားခြားစိတ်ကူးအိပ်မက်ရှိနေသူတစ်ဦးပါ။ သူမအရွယ်ရောက်လို့ ပြည့်စုံသွားတဲ့အခါ မဖြစ်ချင်ဆုံးအရာကတော့ သီးသန့်နေထိုင်တဲ့ လူမျိုးတွေနဲ့ ဆက်သွယ်ပြီး သူတို့ရဲ့နေ့စဉ်သဘာဝတွေကို လေ့လာဖို့ပဲဖြစ်ပါတယ်။

ဆန်တီနယ်လိစ်လူမျိုးတို့ဟာ Andamanese လူမျိုးများထဲက အုပ်စုတစ်စုဖြစ်ပြီး Onge, Shompen နဲ့ Jarawa တို့နဲ့ ဆင်တူတဲ့ လူမျိုးအုပ်စုတစ်ခုပဲဖြစ်ပါတယ်။ သူတို့နေထိုင်ရာကျွန်းနဲ့ အခြားကျွန်းမြို့များဟာ အဝေးကြီးမဟုတ်လှပေမယ့် ဆန်တီနယ်လိစ်လူမျိုးများရဲ့ အသိဥာဏ်နဲ့အယူအဆများကတော့ရှေးယခင်ကအတိုင်းသာ တည်ရှိနေပါတယ်။

READ
တရုတ်ပါးစပ်ပြောဒဏ္ဍာရီထဲက တကယ့် ဖမူလန်ရဲ့ဘဝဇာတ်ကြောင်း

မြောက်ပိုင်းဆန်တီနယ်ကျွန်းသို့သွားဖို့ဆိုတာ အသက်စွန့်ရာရောက်သလို ဥပဒေအရကြည့်မယ်ဆိုလျှင်လည်း တရားမဝင်တဲ့လုပ်ရပ်တစ်ခုပါ။ ခရီးသွားတွေနဲ့ ပညာရှင်တွေဟာ ကျွန်းသားများနဲ့ ဆက်သွယ်ဖို့ကြိုးစားခဲ့သော်လည်း အောင်မြင်ခြင်းမရှိဘဲ ထိခိုက်ဆုံးရှုံးခဲ့ရတာကြောင့် အိန္ဒိယအစိုးရမှ ယနေ့အချိန်အထိ ပိတ်ပင်ခဲ့တာပါ။

ဒါပေမဲ့ Madhumala Chattopadhyay ကတော့ (၁၂) နှစ်သမီးအရွယ်ကတည်းက မက်ခဲ့တဲ့အိပ်မက်မို့ လက်တွေ့အကောင်အထည်ဖော်နိုင်အောင် ကြိုးစားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက အမှတ်ကောင်းအောင်လုပ်ခဲ့ပြီး အထက်တန်းအောင်ပြီးတဲ့အချိန်မှာတော့ Calcutta တက္ကသိုလ်မှာ မနုဿဗေဒကိုလေ့လာခဲ့ပါတယ်။ ကျွန်းသားတွေအကြောင်းကို (၆) နှစ်ကြာအောင် သေသေချာချာလေ့လာပြီးကာမှ ၁၉၉၁ ခုနှစ်မှာ စိတ်ကူးများကို အကောင်အထည်ဖော်ခဲ့တာပါ။

လေ့လာချက်အရ ကျွန်းသားများဟာ ဘာစိုက်ပျိုးရေးမှမလုပ်ဘဲ အသက်ရှင်ရပ်တည်ဖို့အတွက် အုန်းသီးနှင့် ပင်လယ်ထဲမှ ဖမ်းမိခဲ့တဲ့ငါးတွေကို ဖမ်းစားရင်းအသက်ရှင်နေထိုင်နေတာကို သိတဲ့ သူမဟာ ကျွန်းသို့စစသွားချင်းမှာတင် လှေတစ်ခုလုံးကို အုန်းသီးတွေအပြည့်တင်သွားခဲ့ပါတယ်။

Boredpanda

ကျွန်းသို့ရောက်ရောက်ချင်းမှာတင် လှေပေါ်မှာတင်လာတဲ့ အုန်းသီးတွေကို ကမ်းခြေဘက်ဆီကို ပစ်ပေးကာစတင်ဆက်သွယ်ခဲ့ပါတယ်။ ငြိမ်းချမ်းစွာ လာရောက်ကြောင်းသိသာစေရန် လှေပေါ်မှာရှိတဲ့လူတိုင်းဟာ အုန်းသီးတွေကို ကမ်းခြေဖက်သို့တစ်လုံးပြီး တစ်လုံးပစ်ချခဲ့ပါတယ်။ အချိန်ခဏအကြာမှာတော့ ကျွန်းသားတွေဟာရေထဲကိုဆင်းလာပြီး Madhumala Chattopadhyay တို့ပစ်ချလိုက်တဲ့ အုန်းသီးတွေကို လာကောက်ခဲ့ပါတယ်။

Boredpanda

ဒါကြောင့် အတင့်ရဲကာ စွန့်စားပြီး Madhumala Chattopadhyay နဲ့နောက်ထပ်လူအနည်းငယ်လောက် ရေထဲသို့ဆင်းကာ ကိုယ်တိုင်ကိုယ်ကျ အုန်းသီးများကို ပေးခဲ့ကြပါတယ်။ ပထမတစ်ရက်မှာတော့ အခုလိုပုံစံမျိုးနဲ့သာ ကျွန်းသားတွေကို ငြိမ်းချမ်းစွာ ဆက်သွယ်ခဲ့ကြပါတယ်။

READ
မီးပြတ်တဲ့အခါ သတိထားရှောင်ကြဉ်ပြီး မလုပ်သင့်တဲ့အရာများ
Boredpanda

နောက်တစ်ရက်မှာလည်း ပထမရက်အတိုင်း အုန်းသီးတွေထပ်ယူလာခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ Madhumala Chattopadhyay တို့ လူကိုယ်တိုင်အုန်းသီးတွေကို ပစ်ပေးစရာမလိုအပ်ဘဲ ကျွန်းသားတွေကိုယ်တိုင် လှေဆီသို့လာကာ ကိုယ်တိုင်လာသယ်သွားခဲ့ကြပါတယ်။

Boredpanda

နောက်တစ်ခေါက်မှာတော့ ကျွန်းပေါ်ထိသွားရောက်ဖို့ Madhumala Chattopadhyay တို့အဖွဲ့ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။ ဒါပေမဲ့ ဖြေးဖြေးနဲ့မှန်မှန်ဆိုတဲ့အတိုင်း လှေစိုက်စိုက်ခြင်း ရေထဲကနေဖြတ်ကာ ကျွန်းပေါ်သို့တက်ခဲ့တာမဟုတ်ပါဘူး။ Madhumala တို့ဟာ ကျွန်းပေါ်မှမြင်နိုင်တဲ့အနေအထားနဲ့ လှေပေါ်မှာ ငြိမ်နေခဲ့ကြပါတယ်။

Boredpanda

လူမျိုးစုမှ အမျိုးသမီးတစ်ယောက်က Madhumala ကိုမြင်ပြီး “Milale chera” (မိတ်ဆွေလာပြီိ) လို့အော်ခဲ့ကြပြီး သူတို့ရိုးရာအတိုင်း ပျော်ရွှင်မှုနဲ့ငြိမ်းချမ်းမှုကိုဖော်ပြတဲ့ အကနဲ့ကြိုဆိုခဲ့ကြပါတယ်။ ကျွန်းပေါ်ရောက်သွားတဲ့အချိန်မှာတော့  Madhumala ပထမဆုံးထိတွေ့ခွင့်ရခဲ့တာ အမျိုးသမီးတွေနဲ့ပါ။ Madhumala ရဲ့အသားအရေနဲ့ဆံပင်တွေကို စူးစမ်းခဲ့ကြပါတယ်။ ကျွန်းနေလူမျိုးစုများထဲမှ Jarawa လူမျိုးစုဟာ အဖော်ရွေဆုံးဖြစ်ပြီး Madhumala နဲ့ ရင်းနှီးသွားတဲ့အချိန်မှာတော့ မိခင်တွေဟာသူတို့ကလေးတွေကိုတောင် Madhumala လက်ထဲ ယုံယုံကြည်ကြည်ထည့်ခဲ့ကြတာပါ။

Boredpanda

သွားခဲ့တဲ့လူတွေအများကြီးထဲကမှ Madhumala တစ်ယောက်ထဲ သူတို့ရဲ့ တဲအိမ်ထဲသို့ ဝင်ခွင့်ရရှိခဲ့ပြီး အစားလည်း အတူတူစားခဲ့ကြပါသေးတယ်Madhumala ဟာ ဒဏ်ရာရနေတဲ့လူတွေကို ကုပေးရင်း ကျွန်းသားများရဲ့ ဆရာဝန်အဖြစ်ပါ ရောက်ရှိသွားခဲ့ပါတယ်။

Boredpanda

Source: Boredpanda

Penny

 

SHARE