ဒဏ်ရာကြောင့် ပေါ်တူဂီ Show ပွဲကို ဖျက်လိုက်တဲ့ Madonna

Image:IG/Madonna

Pop ဘုရင်မကြီး Madonna  ကတော့ ပေါ်တူဂီမှာ ကျင်းပမယ့် သူမရဲ့ Show ပွဲကို ဖျက် လိုက်ပါတယ်။ ‘Madame X’ tour  Show ပွဲကိုတော့ မြို့တော် Lisbon မှာ ကျင်းပဖို့ စီစဉ်ထားတာပါ။Madonna ရဲ့ အသက်ကတော့ အခုဆိုရင် (၆၁)နှစ်ရှိနေပါပြီ။ Tour Promoter က တော့ ပွဲဖျက်လိုက်တဲ့ အတွက် တောင်းပန် ကြောင်းနဲ့ Madonna အမြန်ပြန်ကောင်းလာဖို့ ဆုတောင်းပေးသူတွေကိုလည်း ကျေးဇူး တင် ပါတယ်လို့ Fb မှာ  တရားဝင် ကြေညာပြီး တောင်းပန်ထားပါတယ်။

ဖျက်လိုက်တဲ့ ပွဲက တော့ သူမရဲ့ ပေါ်တူဂီ ဒုတိယမြောက် Show ပါ။Lisbon မှာ ကျင်းပမယ့် Show မတိုင် ခင် (၄၅)မိနစ် အလိုမှာ Fan  တွေကို Show ဖျက်တဲ့ အကြောင်း ပြော လိုက်တာပါ။(19:45)မှာ Mail ပို့ပြီး  (20:30) မှာ ကျင်းပမယ့် ပွဲကို မလာရောက်နိုင်တော့ ဘူးလို့ အကြောင်းကြားခဲ့တာပါ။မက်ဒေါ နားက သူမရဲ့ IG  ကနေ လည်း ပွဲ ဖျက် မိတဲ့ အတွက် တောင်းပန်တဲ့ Post တင်ခဲ့ပါတယ်။

READ
Loreal ပွဲကိုတက်ရောက်ခဲ့တဲ့ မင်းသမီးလေး ရွှေမှုန်ရတီရဲ့ ပုံများ
Image:IG/Madonna

“ဒီည Show ကို ဖျက်လိုက်တဲ့ အတွက် တောင်းပန်ပါတယ်။ဒါပေမယ့် ကျမ ခန္ဓာကိုယ်က ပြောတဲ့ စကားကို နားထောင်ပြီး ကျ မ အနားယူမှ ဖြစ်မယ်..” ဆိုပြီး ပြောခဲ့ပါတယ်။မက်ဒေါ နားက လက်ရှိမှာတော့ ကမ္ဘာ့ လှည့် ဖျော်ဖြေရေးခရီးစဉ် World Tour ကို ပြုလုပ်နေပါတယ်။Tour စ ချိန် က စပြီး ဒါ နဲ့ပါ ဆိုရင် ပွဲဖျက်တာ (၈)ကြိမ် ရှိနေပါပြီ။

 

View this post on Instagram

 

Madame ❌ celebrates being # 1 around the World …………breaking records and glasses @ahla_malik @juicewrld999

A post shared by Madonna (@madonna) on

လက်ရှိ သူမရ ထားတဲ့ ဒဏ်ရာ နဲ့ ပတ်သက်တဲ့ အခြေအ နေ ကိုတော့ ထုတ် မပြော သေးပါဘူး။ဒါပေမယ့် ပြီးခဲ့ တဲ့ နိုဝင်ဘာတုန်းက San Francisc က ပရိသတ်တွေ ကိုတော့ သူမဟာ အရွတ်  မှာ ဒဏ်ရာ ရ နေသလို ဒူး မ ကောင်းတဲ့ ဝေဒနာ ကိုပါ ခံစားနေရတယ်လို့ ပြောခဲ့ပါတယ်။ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက သူမရဲ့ ဆိုရှယ်မီဒီယာ ပေါ်မှာ တင်လိုက်တဲ့ ဗီဒီယိုဖိုင်ထဲမှာဆိုရင်လည်း ဒူး စွပ် အကူအညီကို ယူထားရတဲ့ သူမ ကို တွေ့ရမှာပါ။

READ
Spice Girls အဖွဲ့ ပြန်လည် ပေါင်းစည်းပြီး ပရောဂျက်သစ်တွေ လုပ်ဖို့ရှိနေ
Madonna

ဒဏ်ရာ ရ နေပါစေ  Show အတွက် ဆိုရင် တက်ကြွ တယ်. ဆိုပြီး တင်ခဲ့ဖူးပါတယ်။Madame X  ကတော့ သူမရဲ့ စတုတ္ထမြောက် စတူဒီယို အယ်ဘမ် ပါ။အယ်ဘမ်ထဲမှာတော့ ပေါ် တူဂီ မှာ နေထိုင်ခဲ့ရတဲ့ သူမရဲ့ ဘ၀ အကြောင်းတွေကို စပ်ဆို ထားပါတယ်။ပေါ်တူဂီရဲ့ ယဉ် ကျေးမှု၊ဂီတ တို့ ကိုပါ ထည့်ထားတာပါ။ပေါ်တူဂီ ပြီးရင်တော့ လန်ဒန်နဲ့ ပဲရစ် တို့မှာပါ  ဆက်ပြီး ဖျော်ဖြေ ဖို့ စီစဉ်ထား ပါတယ်။

Source:asiaone

SHARE