စွပ်စွဲချက်မျိုးစုံနဲ့ ထိုးနှက်ခံနေရဆဲ ပေါ့ပ်ဘုရင်ဘက်ကနေ ရပ်တည်လိုက်တဲ့ မက်ဒေါနား

Pop လောကရဲ့ ဘုရင်လို့ တင်စားနေဆဲဖြစ်တဲ့ Micheal Jackson ဟာဆိုရင်တော့ ၂၀၀၉ ခုနှစ်မှာ မူးယစ်ဆေးလွန်သွားမှုဖြင့် ကွယ်လွန်ခဲ့ပါတယ်။ Micheal Jackson ဟာ ဂီတလောကမှာ သူ့ရဲ့ သူမတူအောင် ပါရမီထူးကဲပုံတွေကြောင့် နာမည်ကျော်ကြားခဲ့သလို ဖုံးကွယ်ထားခဲ့တဲ့ အတိတ်ဆိုးတွေနဲ့ရှင်သန်သွားခဲ့တာပါ။

The Sun

Micheal Jackson music tour လုပ်ခဲ့တုန်းက အသက် (၁၀) နှစ်ပတ်ဝန်းကျင် သူ့ရဲ့ ပရိတ်သက်ကောင်လေးတွေကို ရွေးပြီး tour တစ်လျှောက်လုံး သူသွားသမျှနေရာတွေကို ခေါ်သွားခဲ့ဖူးပါတယ်။ ဒီအကြောင်းတွေကို နှစ်ပေါင်းတော်တော်ကြာမှ ပြန်လည်ဖော်ထုတ်ခဲ့သူကတော့ အကပညာရှင် Michael Jacobshagen ဖြစ်ပါတယ်။ အခုအချိန်မှာတော့ Michael Jacobshagen ဟာ အသက် (၃၅) နှစ်အရွယ်ရှိလို့နေပါပြီ။ သူဟာ Leaving Neverland ဆိုတဲ့ documentary ဗီဒီယိုတစ်ခုမှာ သူနဲ့ Micheal Jackson တို့ရဲ့ နှစ်နှစ်တာအတောအတွင်း ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေအကြောင်းကို အခုချိန်ရောက်မှ ဖွင့်ဟခဲ့ပါတယ်။

READ
ဆက်စီကျကျကနေရင်း တင်ပါးမီးလောင်ခံခဲ့ရပြီး အရှက်ကွဲခဲ့တဲ့ ဂျမေကာအမျိုးသမီး
REX

ကလေးတွေနဲ့ တစ်ကုတင်တည်း အတူတူအိပ်တာမျိုးတွေ ရှိခဲ့ပြီး အိပ်ရာဝင်ချိန်ဆို သူတို့ရဲ့ကိုယ်မှာ အောက်ခံဘောင်းဘီကလွဲ့လို့ ဘာမှမဝတ်ထားခဲ့ဘဲ သမီးရည်းစားတွေ အတူရှိနေသလို ကလေးရဲ့ခန္ဓာကိုယ်ကို ပွတ်သီးပွတ်သတ်လည်း လုပ်ခဲ့ပါသေးတယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။ ခေါင်းတွေ၊ နှဖူးတွေနဲ့ ပါးတွေကို နမ်းလေ့ရှိပြီး Micheal Jackson တစ်ယောက် ဆေးသုံးထားတဲ့အချိန်ဆိုရင်တော့ ဆံပင်တွေပါ ဆွဲတတ်ကာ ပုံမှန်အချိန်တွေထက်ပိုနမ်းတတ်တယ်လို့ ကိုယ်တွေ့ကြုံခဲ့ရတယ်ဆိုတဲ့ သူတွေက ယခုအချိန်မှဖွင့်ပြောလာခဲ့ကြတာပါ။

Instagram

ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး အဆိုကျော် မက်ဒေါနားကတော့ မိတ်ဆွေလုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့တဲ့ Micheal Jackson ဖက်ကနေပြီး အပြည့်အဝထောက်ခံကာ ရပ်တည်ပေးခဲ့ပါတယ်။ ပေါ့လောကရဲ့ ဘုရင်ဆိုရင် Micheal Jackson ကို ပြေးမြင်သလို ဘုရင်မဆိုရင်တော့ မက်ဒေါနားလို့ပဲ လူတိုင်းက ပြောကြမှာပါ။

မက်ဒေါနားဟာ တော်ရုံအနုပညာရှင်တွေရဲ့ သတင်းတွေနဲ့အတင်းအဖျင်းကိစ္စတွေမှာ ဝင်ပါခဲ့တာ သူမသမိုင်းတစ်လျှောက်လုံးဝမရှိခဲ့တဲ့ပုံပါပဲ။ သို့ပေမယ့် အခုအချိန်မှာတော့ Micheal Jackson ဖက်ကနေ လုံးလုံးလျားလျားရပ်တည်ပေးလို့နေခဲ့ပါတယ်။

READ
ကားပေါ်ကနေ ကိုယ်တစ်ပိုင်းထုတ်စီးခဲ့တဲ့အမျိုးသမီး ဓာတ်တိုင်နဲ့တိုက်မိပြီး သေဆုံး
Instagram

Micheal Jackson ရဲ့ သမီးဖြစ်သူ Paris Jackson ဟာဆိုရင်လည်း အသက်မပြည့်သေးတဲ့ယောက်ျားလေးတွေကို လိင်စိတ်တိမ်းညွန့်ခဲ့တယ်ဆိုတဲ့ ဖခင်ရဲ့သတင်းကြောင့် သူမရဲ့အနုပညာလမ်းခရီးဟာ တမဟုတ်ချင်းကပြောင်းကပြန်ဖြစ်သွားခဲ့ပြီး စိတ်ထိခိုက်ကာ လူရှေ့သူရှေ့တောင် ရက်သတ္တပတ်တော်တော်ကြာတဲ့အထိ ထွက်မပြခဲ့ပါဘူး။ ဒီအပြင် ပြီးခဲ့တဲ့ လပိုင်းအတွင်းတုန်းကလည်း နေအိမ်မှာ သက်သေဖို့ ကြိုးစားလို့ သက်ဆိုင်ရာက ဆေးရုံကို ခေါ်သွားပေးခဲ့သေးတယ်လို့လည်း သတင်းတွေ ထွက်သွားခဲ့ပါသေးတယ်။

Twitter

မက်ဒေါနားဟာ ဒီအရေးကိစ္စနဲ့ပတ်သက်ပြီး အစဖော်ကာဖွင့်ဟပြောဆိုပြီး စွတ်စွဲယုံကြည်နေသူတွေကို “သက်သေရှီလို့လား” ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ ပြတ်ပြတ်သားသားဝေဖန်ခဲ့တာပါ။ နောက်ပြီး လူတွေက Micheal Jackson တစ်ယောက်သေပြီးကာမှ အခုလိုတွေထဖြစ်ကြတာဟာ သူတို့အတွက် ဘာများကောင်းကျိုးရှိလို့လဲ၊ ဘာကိုလိုချင်နေကြတာလဲဆိုပြီးလည်း မေးခွန်းပြန်ထုတ်ခဲ့ပါသေးတယ်။

Instagram

Source: Independent

Penny

SHARE