အဖေများနေ့မှာ ကိုယ့်ကိုယ်ကို ဂုဏ်ပြုခဲ့တဲ့ Madonna

[email protected]

လွန်ခဲ့တဲ့ တနင်္ဂနွေနေ့(၂၁.၆.၂၀၂၀)တုန်းက ကမ္ဘာ့အဖေများနေ့ကိုတော့ တော်တော်များများ သိကြမှာပါ။ ဆိုရှယ်မီဒီယာ အသုံးပြုသူတော်တော်များများကလည်း ဖခင်ဖြစ်သူနဲ့ ကိုယ်နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို ကိုယ့်ရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ ပို့စ်လေးတွေတင်ပြီး ဂုဏ်ပြုကြတာကို စိတ်ချမ်းသာဖွယ် တွေ့ရှိပြီးကြပြီး ဖြစ်မှာပါ။ အခုလည်း ကမ္ဘာကျော် ပေါ့ပ်အဆိုတော်တစ်ဦးဖြစ်တဲ့ Madonna ကလည်း အဖေများနေ့မှာ သူ့ကိုယ်သူ ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့ Instagram မှာ ပို့စ်တင်ခဲ့ကြောင်း Inquisitr သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အသက် (၆၁) နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ Madonna မှာ သားသမီး (၆) ယောက် ရှိပါတယ်။ ဒါပေမယ့် အဲဒီထဲက သားသမီး (၄) ယောက်ကတော့ သူမကိုယ်တိုင် မွေးခဲ့တာ မဟုတ်ပါဘူး။ ကမ္ဘာ့အရပ်ရပ်က မိဘမဲ့ကလေးတွေကို မွေးစားထားတာပဲ ဖြစ်ပါတယ်။ Madonna ရဲ့ ကလေးတွေကတော့ Lourdes Leon, Rocco Ritchie, David Banda Mwale Ciccone Ritchie, Mercy James, Estere Ciccone နဲ့ Stelle Ciccone တို့ပဲ ဖြစ်ပြီး David, Mercy, Estere နဲ့ Stelle တို့ကတော့ မွေးစားထားတာပဲ ဖြစ်ပါတယ်။

“သူတို့ (၆) ယောက်စလုံးဟာ ကျွန်မရဲ့ ရင်သွေးလေးတွေပါပဲ။ မွေးစားထားတဲ့ သားသမီးတွေကိုလည်း ကျွန်မရဲ့ သွေးသားရင်းနဲ့မခြား ချစ်ပါတယ်။ အခုဆိုရင်တော့ သူတို့တော်တော်များများက အရွယ်ရောက်ပါပြီ။ အဖေများနေ့မှာ ကိုယ့်ကိုကို ဂုဏ်ပြုတယ်ဆိုတာကလည်း အဖေမရှိပဲနဲ့ သူတို့လေးတွေအကုန်လုံးကို ကျွေးမွေးစောင့်ရှောက်ခဲ့ရလို့ ကျွန်မဟာ သူတို့ (၆) ယောက်စလုံးရဲ့ ဖခင်လိုပါပဲ” လို့ Madonna က ပြောကြားခဲ့ပါတယ်။

READ
သတင်းထောက် တစ်ယောက်ကြောင့် Sulli ရဲ့ ဈာပန ပွဲနေရာ ပေါက်ကြား

https://www.instagram.com/p/CBt9QYeBBXP/

ဘာပဲဖြစ်ဖြစ် သားသမီး (၆) ယောက်စလုံးကို အရွယ်ရောက်အောင် အရွယ်ရောက်အောင် ကျွေးမွေးနိုင်ခဲ့တဲ့ Madonna ကတော့ တကယ့်ကိုတော်တဲ့ အမျိုးသမီးကြီးတစ်ယောက်ပါပဲ။ Madona ဟာ အဖေများနေ့မှာ သူ့ကိုယ်သူ ဂုဏ်ပြုတဲ့ ပို့စ်တင်ပြီး သိပ်မကြာခင်မှာပဲ သူမရဲ့ ဖခင် Silvio Ciccone ကိုလည်း ဂုဏ်ပြုတဲ့ ပို့စ်တစ်ခုထပ်တင်ခဲ့ကြောင်း သိရပါတယ်။

Pyi Hein Kyaw

SHARE