(၃၅)နှစ်လောက်ငယ်တဲ့ ချစ်သူလေးနဲ့ကျမှ ရူးရူးမူးမူးဖြစ်နေတဲ့ Madonna

Image:IG/madonnambix

အမေရိကန် အဆိုတော်၊တေးရေး၊မင်းသမီးချော Madonna ကတော့  အအောင်မြင်ဆုံး အဆိုတော် တွေထဲက တစ်ယောက်လို့ ပြောလို့ရပါတယ်။Madonna ကတော့ ရဲ့ အသက်ဟာ (၆၁)နှစ်ရှိနေပါပြီ။အသက်ကြီးပေမယ့် အခုထိ လှနေ လန်းနေတဲ့ သူမဟာ အခုဆိုရင် သူမထက် အသက် (၃၅)နှစ်ငယ်တဲ့ ချစ်သူလေးနဲ တွဲ နေပါတယ်။အသက် တွေ ဘယ်လောက်ကြီးကြီး အချစ်နဲ့ ပတ်သက်လာရင်တော့ Madonna က အခုထိ နုပျို လန်းဆန်း နေတုန်းပါ။ (၃၅)နှစ်ငယ်တဲ့ ချစ်သူလေးနဲ့ ကျမှ အရမ်းတွေ အရူးအမူးဖြစ်နေတယ်ဆိုပြီး အပြင်မှာလည်း သတင်းတွေ ထွက် နေပါတယ်။

Image:IG/madonnambix
Image:IG/madonnambix

သူမ တွဲနေတဲ့ ကောင်လေး ကတော့ အသက် (၂၅)နှစ်အရွယ် back-up dancer Ahlamalik Williams ပါ။ယောက္ခမ လောင်းတွေ ကတောင်မှ Madonna ထက် ပိုပြီး ငယ်ပါတယ်။Ahlamalik Williams ရဲ့ ဖေ ဖေ  Drue ကတော့ အသက် (၅၉)နှစ် ဖြစ်ပြီး  ၊ မေ မေ Laurie က တော့ အသက် (၅၅)နှစ်ပါ။Ahlamalik Williams နဲ့ Madonna တို့ တွဲလာတာတော့ တစ်နှစ်လောက်ရှိနေပြီလို့ Drue က ပြောခဲ့ပါတယ်။Madonna  က  သူတို့ နှစ်ယောက်လုံးနဲ့ ဆုံဖူး တွေ့ ဖူးတယ်လို့ လည်း ဆိုပါတယ်။Drue  ကတော့ ” အချစ်မှာ အသက် အရွယ် မရှိပါဘူး။ ကျ တော့ သားက la Vida Loca မှာ နေပါတယ်။သူ့ အတွက် ကျ တော်ဝမ်းသာပါတယ်..” ဆိုပြီး  ပြောခဲ့ပါတယ်။

 

View this post on Instagram

 

Saying Good-bye to 2019! We Continue to Swim with Sharks! And Take the Road Less Traveled by!! #fun #healing #davidbanda @ahla_malik

A post shared by Madonna (@madonna) on

Image:IG/madonnambix

Drue ရဲ့ အပြော အရ သူ့ရဲ့ သားနဲ့ Madonna  တို့ဟာ (၂၀၁၅)မှာ စ တွေ့ ခဲ့တယ်လို့ ဆိုပါတယ်။Madonna   ရဲ့ Rebel Heart tour မှာ လူရွေးပွဲ ၀င် ပြိုင်ရင်းနဲ့စ တွေ့ ခဲ့တာပါ။Ahlamalik Williams ရဲ့ အက လှုပ်ရှားမှု တွေ ကို သဘောကျ ပြီး လူရွေးပွဲ အဖွဲ့ ကနေ သူမ စိတ်ကြိုက်  ရွေးခဲ့တာ ပါ။တွဲတာ တစ်နှစ်လောက်ပဲ ရှိ သေး ပြီး အသက် ကွာခြားမှုက (၃၅)နှစ်ဆိုပေမယ့်လည်း သူတို့ ကြားက အချစ်ရေး က တော့ တော်တော်လေး ခိုင်မြဲ နေပါတယ်။Madonna က  Ahlamalik ရဲ့ မိသားစုဝင်တွေကို ညစာ ဖိတ်ကြား ခဲ့ ဖူးပါတယ်။

READ
YBS ပညာပေးဇာတ်လမ်းတို ရိုက်ကူးခဲ့တဲ့ မြင့်မြတ်
Image:IG/madonnambix
Image:IG/madonnambix

Madonna က ချစ်သူလေး  အပေါ် အရမ်းတွေ ရူးရူးမူးမူး ဖြစ်နေ ကြောင်း၊ချစ်သူရဲ့ မိသားစု တွေ ကိုပါ လန်ဒန်နဲ့  ပြင်သစ်မှာ ကျင်းပမယ့် သူမရဲ့ Show ပွဲကို လာဖို့ ဖိတ်ပြီး လေယာဉ် လက်မှတ်က အစ အကုန်စီစဉ် ပေးထားပါတယ်။Drue  က လည်း Madonna  ဟာ သူ့ရဲ့ သား အပေါ် အရမ်းချစ်ကြောင်း၊အစစ အရာရာ လိုက်ဂရုစိုက် ပေးတဲ့ အတွက်  မိဘ  တွေ ဘက်က ဘာမှ စိတ်ပူစရာ မလိုအောင်ကို ဂရုစိုက်ပေးတယ်ဆိုပြီး  ချီးကျူး ခဲ့ပါတယ်။Ahlamalik Williams ရဲ့ မိဘ တွေကပါ Madonna Fan တွေ ပါ။သားဖြစ်သူ ကလည်း Madonna  အပေါ် ရူးရူးမူးမူး ချစ်နေတယ်လို့လည်း Drue က ပြောခဲ့ပါတယ်။

Source:asiaone

READ
မိုးရွာနေပေမယ့် ပွဲမဖျက်ပဲ အကောင်းဆုံး ဖော်ျဖြေပေးခဲ့တဲ့ Taylor Swift

 

 

SHARE