Johnny Deep နေရာမှာ အစားထိုးဖို့ ရွေးချယ်ခံရတဲ့သတင်းအကြောင်း ရှင်းပြခဲ့တဲ့ မင်းသားကြီး

Instagram @THEOFFICIALMADS , Warner Bros

Johnny Depp ဟာ Harry Potter ရဲ့ ဇာတ်လမ်းဆက် Fantastic Beasts ရုပ်ရှင်တွေထဲမှာတော့ Gellert Grindelwald အဖြစ် သရုပ်ဆောင်ထားခဲ့ပါတယ်။ ဒါပေမဲ့လည်း လက်ရှိအချိန်မှာတော့ Johnny Depp ဟာ ဇနီးဟောင်း Amber Heard နဲ့ အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်ပြီး မှုတွေရင်ဆိုင်နေခဲ့ရပါတယ်။

ဒါတွေကြောင့်ပဲ Johnny Depp ကို Warner Bros ဖက်ကနေပြီး Fantastic Beasts ထဲကနေ နှုတ်ထွက်ခိုင်းလိုက်ခဲ့ပါတယ်။ Johnny Depp တစ်ယောက် နုတ်ထွက်လိုက်ခဲ့တဲ့အတွက်ကြောင့် Gellert Grindelwald နေရာမှာ ဘယ်သူကများ အစားထိုးဝင်ရောက်သရုပ်ဆောင်မလဲဆိုတာနဲ့ ပတ်သက်ပြီး ပရိတ်သတ်တွေဟာ Johnny Depp အတွက် စိတ်မကောင်းဖြစ်နေရင်းနဲ့မှ စိတ်ဝင်စားလျက်ရှိနေကြပါတယ်။

Warner Bros

ကောလဟာလတွေအရတော့ Johnny Depp ရဲ့ Gellert Grindelwald နေရာကို အစားထိုးဝင်ရောက်ဖို့ ဖြစ်နိုင်ချေအရှိဆုံး မင်းသား (၅) လက်ရှိနေပါတယ်တဲ့။ သူတို့တွေအကြောင်းကိုလည်း Shwemom မှာ ဖော်ပြခဲ့ပြီးပါပြီ။ အဲဒီအထဲကမှ လက်တလော Warner Bros နဲ့ ဒီဇာတ်ကောင်ကိုရီုက်ဖို့ သဘောတူညီထားတဲ့ မင်းသားရှိနေပြီဆိုတဲ့အကြောင်း သတင်းတွေထွက်နေခဲ့ပါတယ်။

အဲဒီမင်းသားကတော့ Mads Mikkelsen ပါ။ Mads Mikkelsen ဟာ Adam’s Apple တို့ Star Wars Rouge One တို့၊ Doctor Strange ၊ Casino Royale စတဲ့ ရုပ်ရှင်တွေမှာ သရုပ်ဆောင်ထားခဲ့တဲ့ ဝါရင့်အက်ရှင်မင်းသားတစ်လက်ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ လက်ရှိလူမှုကွန်ယက်တွေမှာ သတင်းတွေပွနေသလိုမျိုး Gellert Grindelwald နေရာမှာ သရုပ်ဆောင်မှာ သေချာသွားပြီဆိုတဲ့သတင်းကိုတော့ မဟုတ်ဘူးဆိုတဲ့အကြောင်း IGN ၀က်ဘ်ဆိုဒ်ကို ပြောကြားခဲ့ပါတယ်။

သူတောင် ဘာမှ သေချာမသိရသေးဘဲနဲ့ အခုလိုမျိုး သတင်းတွေထွက်နေတာဟာ နည်းနည်းတော့ အံ့သြဖို့ကောင်းနေပါတယ်တဲ့။ ဘာကိုမှ အတည်ပြုဖို့မဖြစ်နိုင်တဲ့အချိန်မှာမလို့ မသေချာသေးဘူးဆိုတဲ့အကြောင်းသာ  ပြောလာခဲ့ပါတယ်။ ဒါပေမဲ့ Warner Bros က ဖုန်းခေါ်လာမယ့် အချိန်ကိုတော့ မျှော်လင့်မိပါတယ်လို့ အရွှန်းဖောက်ပြီး ဖွင့်ဟခဲ့ပါတယ်

penny

SHARE