Gellert Grindelwald နေရာ အတွက် ရွေးချယ်ခံလိုက်ရတဲ့ Mads Mikkelsen

Image:IG/theofficialmads & fantasticbeastsmovie

အသက် ၅၅ နှစ်အရွယ် မင်းသားကြီး Mads Mikkelsen က တော့ “Fantastic Beasts – 3” မှာ ပါဝင် သွားတော့မယ်လို့ Warner Bros. Pictures က နေ တရားဝင် ကြေညာလိုက်ပါတယ်။အရင်က တော့ Gellert Grindelwald  ဇာတ်ကောင် နေရာကို Johnny Depp က သရုပ်ဆောင်ခဲ့တာပါ။ဒါပေမယ့် Johnny Depp နုတ်ထွက်လိုက်ပြီးနောက်မှာတော့ လစ်လပ် သွားတဲ့ ဗီလိန်ဇာတ်ကောင် Gellert Grindelwald နေရာ အတွက် ဒိန်းမတ်မင်း သား Mikkelsen ကို အစားထိုး လိုက်တာပါ။ဒီအ ကြောင်းကိုတော့ CNN မှာ ဖော်ပြထားတာပါ။


Mikkelsen က တော့ “Rogue One: A Star Wars Story,” “Hannibal,” “Casino Royale,” တို့မှာ ပါဝင် ခဲ့တဲ့ သရုပ် ဆောင် တစ်ယောက်ပါ။အခုက တော့ ဟယ်ရီ ပေါ်တာ ဇာတ်လမ်း အဆက် Fantastic Beasts – 3 မှာ ပါဝင်သွား တော့ မှာပါ။ဒီဇာတ်ကားကိုတော့ ၂၀၂၂ ဇူလိုင် ၁၅ မှာ ထွက်ရှိဖို့ ရည်ရွယ်ထား ပါတယ်။ Eddie Redmayne, Katherine Waterston, Dan Fogler နဲ့ Ezra Miller တို့ လည်း ဒီကားမှာ ပါဝင် ထားကြပါတယ်။

Depp က တော့ Grindelwald အဖြစ် “Fantastic Beasts -1” အဆုံး ပိုင်းလောက်မှာ တည်းက ပေါ် လာခဲ့တာပါ။2 မှာ  တော့ သူ့ဇာတ်ကောင်က တော်တော်လေး နေရာ ရခဲ့ပါတယ်။ပရိသတ်တွေ ကလည်း 3 မှာ Depp ကို မြင်ရဖို့ အားခဲ ထား တဲ့  အချိန် ကျ မှ ဇာတ်ကားက နေ နုတ် ထွက်သွားခဲ့ရတာပါ။၂၀၂၀ နိုဝင်ဘာ ၆ ရက်နေ့တုန်းက Depp က သူ့ရဲ့ IG က နေ Warner Bros  ရဲ့ေ တာင်းဆိုမှုကြောင့် Grindelwald ဇာတ်ကောင် နေရာ က နေ နုတ်ထွက်ရတဲ့ အကြောင်းကို ကြေညာ ခဲ့ပါတယ်။

Warner Bros. ဘက်မှာ တာဝန်ရှိသူ တစ်ယောက် ကလည်း ဒါဟာ မှန်ကန် ကြောင်း အတည်ပြု ခဲ့ပါတယ်။Depp က တော့ နိုဝင်ဘာ အစောပိုင်းတုန်းက The Sun နဲ့ အမှုမှာ ရှုံးနိမ့်ခဲ့ရပါတယ်။သူ့ကို မိန်းမကို ရိုက်တဲ့ ယောက်ျား ဆိုပြီး The Sun မှာ ဖော်ပြခဲ့တဲ့အ ပေါ် Depp က ဂုဏ်သိက္ခာ ညှိုးနွမ်းစေမှုနဲ့ တရားစွဲ ဆိုခဲ့တာပါ။Depp က တော့ “Fantastic Beast”  ရုပ်ရှင်ကား 1 နဲ့ 2 က တော့ ၂၀၁၆ နဲ့ ၂၀၁၈ တို့မှာထွက်ရှိခဲ့တာပါ စုစုပေါင်း 5 အထိ ရှိ သွားမှာ လို့ ဖန်တီးသူ စာရေးဆရာမ JK Rowling က ပြောပါတယ်။

#SHWEMOM

SHARE