ဆိုရှယ်မီဒီယာပေါ်မှာ တွေ့ရတဲ့ TikTok ဗီဒီယိုတွေထဲ တစ်ချို့ ဗီဒီယိုတွေကတော့ စိတ်ဝင်စားစရာ တော်တော်လေးကောင်းပါတယ်။ အခုတွေ့ရမှာကလည်း အမျိုးသမီးလေးတစ်ယောက်ရဲ့ မျက်စိရှေ့တင် လက်ကို ကစားသွားပြီး အမြင်အာရုံမှောက်မှားအောင် လုပ်သွားတဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။
Mirror သတင်းကနေ တွေ့မြင်ရတဲ့ ဒီသတင်းမှာတော့ ကယ်လီဖိုးနီးယားက အသက် (၁၉) နှစ်အရွယ် ကောင်မလေးတစ်ယောက်ကို တွေ့မြင်ရမှာပါ။ သူမနာမည်က တိုရီပါရီနိုဖြစ်ကာ သူမရဲ့ လက်တစ်ဖက်စီက အခြားတစ်ဖက်ကို ဖောက်ထွက်လာသလိုမျိုး လုပ်ပြသွားခဲ့တာ ဖြစ်ပါတယ်။

တိုရီဟာ သူမရဲ့ ဗီဒီယိုကို တွစ်တာပေါ်တင်ခဲ့ရာမှာ အကြိမ်ပေါင်း (၉) သန်းခန့် ကြည့်ရှုခံခဲ့ရပါတယ်။ အခုလို အမြင်အာရုံကို မှောက်မှားစေတဲ့ ပုံစံဖြစ်ဖို့ လက်ကစားသူဟာ လက်တွေကို နီးနီးကပ်ကပ် ထားရမှာဖြစ်ပြီး အလျင်အမြန် ပူးလိုက် ခွာလိုက်လုပ်ရမှာ ဖြစ်ပါတယ်။ ဒါမှ လက်တစ်ဖက်က ပျောက်ပြီး တခြားတစ်ဖက်က ထွက်လာတဲ့ပုံစံ ပေါ်မှာ ဖြစ်ပါတယ်။
တိုရီရဲ့ မှော်ဆန်တဲ့ လက်ဗီဒီယိုကို မြင်ပြီးနောက်မှာတော့ အွန်လိုင်းကလူတွေက တိုရီ့အတိုင်း အတုခိုးကာ လိုက်လုပ်နေကြပါတယ်။ အချို့ကျတော့လည်း LED မီးပါတဲ့ လက်အိတ်တွေကို စွပ်ပြီးတောင် ဒီပြကွက်ကို ပြုလုပ်ကြတယ်လို့လည်း သိရပါသေးတယ်။
here’s something trippy for your night lol pic.twitter.com/lkcX25mgri
— LG Tori Pareno (@ToriPareno) November 21, 2019
လင်းလင်း (ShweMom)