Asia’s Got Talent (3) ရဲ့ Winner ဆုကို ထိုက်တန်စွာ ရရှိခဲ့တဲ့ Eric Chien

Asia’s Got Talent ပြိုင်ပွဲကြီးကို ကျင်းပလာခဲ့တာဟာ အခုနဲ့ဆိုရင် Season 3 ကို ရောက်ရှိခဲ့ပါပြီ။ ဒီပြိုင် ပွဲကိုတော့ (၂၀၁၅) မတ် (၁၂)ကနေစပြီး အာရှတစ်လွှားက နိုင်ငံပေါင်း (၁၅) နိုင်ငံမှာ  စတင်ထုတ်လွှင့်ပြသခဲ့တာပါ။ အဆိုတော်၊အက၊ ဟာသပညာရှင်နဲ့ တခြားသော ဖျော်ဖြေတင်ဆက်သူတွေ အားလုံး၊ အသက်အရွယ်၊ ကျားမ မရွေး ၀င်ရောက်ယှဉ်ပြိုင်လို့ ရပါတယ်။ (၂၀၁၉)မှာ ပြုလုပ်ကျင်းပတဲ့ Season 3 ရဲ့ နောက်ဆုံးပြိုင်ပွဲကိုတော့ ဧပြီ (၁၁) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ Winner ဆုရရှိသွားသူကတော့ ထိုင်ဝမ်မျက်လှည့်ပညာရှင် Eric Chien  ပါ။

Asia’s Got Talent Season 3 ရဲ့ ချန်ပီယံလုပွဲ ကြီးကိုတော့ စင်ကာပူက Marina Bay Sands ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာပါ။ Eric Chien ကတော့ အာရှတစ်လွှားက တခြားပြိုင်ပွဲဝင် (၈) ယောက်ကို အောင်နိုင် ပြီး Winner ဖြစ်ခဲ့တာပါ။ သူ့ရဲ့ အသက်ကတော့ (၂၆)နှစ်ပဲ ရှိပါသေးတယ်။ ဆုအဖြစ် အမေရိကန်ဒေါ်လာ ($100,000) နဲ့ Vietjet Air လေကြောင်းလိုင်းကို တစ်နှစ်တာ အခမဲ့ စီးနင်းခွင့်ကို ချီးမြှင့်ပေးခဲ့ပါတယ်။

READ
ခွေးတွေကြောင်တွေကို သတ်ပြီးရောင်းနေတဲ့ အင်ဒိုနီးရှားက အသားဈေး

Human Calculator လို့ လူသိများတဲ့ မလေးရှားရဲ့ အသက် (၁၅)နှစ်အရွယ် Yaashwin Sarawanan ကတော့ ဒုတိယနေရာကို ရခဲ့ပါတယ်။

ဖိလစ်ပိုင်ရဲ့ Power Duo ကတော့ တတိယနေရာကို ရခဲ့ပါတယ်။

Source: cbn

SHARE