Up ကာတွန်းထဲကလို မိုးပျံပူဖောင်းတွေ ကိုင်ပြီးလေပေါ်မှာ ပျံပြခဲ့တဲ့ မျက်လှည့်ပညာရှင်

[email protected] davidblaine

Up ကာတွန်းကားကိုတော့ လူတော်တော်များများ ကြည့်ဖူးကြမှာပါ။ အဖိုးကြီးတစ်ယောက်နဲ့ ကောင်လေးတစ်ယောက်တို့ဟာ အိမ်ကြီးတစ်လုံးကို Helium ဘောလုံးပေါင်းမြောက်မြားစွာနဲ့ ချိတ်ဆက်ပြီး ဝေဟင်ခရီးနှင်ကြတဲ့ ဇာတ်လမ်းကောင်းလေး တစ်ခုပါ။ အခုလည်း အမေရိကန်နိုင်ငံက နာမည်ကြီး မျက်လှည့်ပညာရှင်တစ်ဦးဟာ Up ကာတွန်းကားထဲကအတိုင်း Helium မိုးပျံပူဖောင်းတွေကိုကိုင်ပြီး တစ်ကိုယ်တော် ဝေဟင်ခရီးနှင်ပြခဲ့ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

hbd Chicago

A post shared by David Blaine (@davidblaine) on

အဆိုပါ မျက်လှည့်ပညာရှင်ကတော့ အမေရိကန်နိုင်ငံသား David Blaine လို့ အမည်ရတဲ့ အမျိုးသားမျက်လှည့်ပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး David တစ်ယောက် ဝေဟင်မှာ တစ်ကိုယ်တော်ခရီးနှင်တာဟာ သူ့ရဲ့ အိပ်မက်တစ်ခုဖြစ်ပြီး Up ကာတွန်းကားကို ကြည့်ပြီးကတည်းက ဒီလိုပုံစံမျိုး ပျံသန်းချင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ David ရဲ့ စိတ်ကူးဆန္ဒတွေ ပြည့်သွားပြီလို့ ပဲ ပြောရပါမယ်။

 

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့(၂.၉.၂၀၂၀)တုန်းက David နဲ့ သူ့အဖွဲ့သားတွေဟာ David တစ်ယောက် တစ်ကိုယ်တော် ဝေဟင်ပေါ်မှာ ပျံသန်းဖို့ ပြုလုပ်ပြင်ဆင်ခဲ့ကြပါတယ်။ ဒီပျံသန်းမှုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ David တစ်ယောက် အနည်းဆုံး Helium ဘောလုံးတွေနဲ့ ပေ ၁၈,၀၀၀ ကို ပျံသန်းနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ကယ့်လက်တွေ့မှာတော့ David တစ်ယောက် Helium ဘောလုံး အလုံး ၅၀ နဲ့အတူတူ အမြင့်ပေ ၂၄,၉၀၀ အထိ ပျံတက်နိုင်ခဲ့ပြီး ၄.၇ မိုင်ကျော် ခရီးနှင်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ David ဟာ Arizona ကန္တာရပေါ်ကို ဆင်းသက်ကာ ဝေဟင်ပျံသန်းခြင်း ခရီးစဉ်ကို အဆုံးသတ်ခဲ့ပါတယ်။ ပျံသန်းနေတဲ့ တောက်လျှောက်ကိုလည်း သူရဲ့ Youtube channel ကနေ တိုက်ရိုက် Live ထုတ်လွှင့်ပေးခဲ့ကြောင်း သိရပါတယ်။

READ
မင်္ဂလာပွဲတိုင်းကို နှောင့်ယှက်နေလို့ အိမ်နီးချင်းအိမ်ကိုလက်တုံ့ပြန်ခဲ့တဲ့ အမျိုးသား

“တော်တော်လေးကို ပျော်ဖို့ကောင်းတဲ့ ခရီးစဉ်တစ်ခုပါ။ ကျွန်တော်အစက လုပ်နိုင်မယ်လို့ မထင်ခဲ့ပါဘူး။ အနည်းဆုံး အမြင့်ပေ ၁၈,၀၀၀ ကို ရောက်ဖို့တောင် တော်တော်လေးကြိုးစားရမှာပါ။ ဒါပေမယ့် တစ်ကယ့်လက်တွေ့ပျံသန်းတဲ့ အချိန်မှာတော့ ပေ ၂၄,၉၀၀ ကျော်ကိုတောင် ကျွန်တော်ရောက်ခဲ့ပါတယ်။ ဒီလိုမျိုးဖြစ်အောင် ကူညီပေးခဲ့တဲ့ ကျွန်တော့်အဖွဲ့သားတွေ အကုန်လုံးကို ကျွန်တော်တစ်ကယ်ကို ကျေးဇူးတင်ပါတယ်”လို့ David က ပြောကြားခဲ့ပါတယ်။

 

Pyi Hein Kyaw

SHARE