ပင်လယ်ထဲက တက်လာပြီး သဲပြင်ပေါ်မှာ နားနေတဲ့ ကမ္ဘာ့အကြီးဆုံး ပင်လယ်လိပ်ကြီး

အမျိုးသမီးတစ်ဦးဟာ ကမ်းခြေတစ်နေရာမှာ ပင်လယ်ထဲဆင်းဖို့ ကြိုးစားနေတဲ့ လိပ်ကြီးတစ်ကောင်ကို အံ့သြဖွယ်တွေ့ရှိခဲ့ပါတယ်။ သူမတွေ့ရတဲ့လိပ်ကြီးဟာ အဆမတန်ကြီးမားလှတဲ့ ပင်လယ်လိပ်ကြီးတစ်ကောင်ဖြစ်ပါတယ်။ ၄င်းအဖြစ်ကို ဗီဒီယိုရိုက်ကူးထားရာမှာ ၄င်းအမျိုးသမီးဟာ ရေထဲဆင်းဖို့ ကြိုးစားနေတဲ့ ဧရာမလိပ်ကြီးကို တအံ့တသြကြည့်နေသလို အမျိုးသားတစ်ဦးကတော့ လိပ်ကြီးကို စိတ်ဝင်တစားနဲ့ ဓာတ်ပုံလိုက်ရိုက်နေတာကို မြင်တွေ့ရပါတယ်။ လေးစားစရာတစ်ခုကတော့ ပင်လယ်ကမ်းစပ်မှာ ရှိနေတဲ့လူတွေဟာ လိပ်ကြီးကို ခပ်လှမ်းလှမ်းကနေပဲ ကြည့်နေကြပြီး တစ်စုံတစ်ရာ အန္တရယ်မပေးကြတာပဲ ဖြစ်ပါတယ်။

youtube

လိပ်ကြီးဟာ တရွေ့ရွေ့တွားသွားရင်းနဲ့ပဲ ပင်လယ်ထဲရောက်ပြီး ရေလှိုင်းတွေထဲမှာ ပျောက်ကွယ်သွားပါတော့တယ်။ ဗီဒီယိုရိုက်ကူးရာ နေရာကိုတော့ မသိရပဲ ဗီဒီယိုကို Detroit DJ Robin Michael ဆိုသူက သူတွေ့ဖူးသမျှထဲ အကြီးဆုံးလိပ်ကြီးဆိုပြီး ဖေ့စ်ဘုတ်ပေါ်မှာ ပို့စ်တင်ခဲ့တာ ဖြစ်ပါတယ်။

အခုတွေ့ရတဲ့ လိပ်ကြီးဟာ Leatherback Sea Turtle လို့ခေါ်တဲ့ ဧရာမပင်လယ်လိပ်ကြီး ဖြစ်ပါတယ်။ ၄င်းလိပ်မျိုးတွေဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးလိပ်ကြီးတွေ ဖြစ်ပြီး (၇) ပေအရှည်နဲ့ ပေါင်(၂,၀၀၀) ကျော် အလေးချိန်ထိ ရှိနိုင်ပါတယ်။ ဒါ့အပြင် ၄င်းလိပ်ကြီးတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း(၁၀၀) ကျော်ခန့်တုန်းက ရှိခဲ့ဖူးတဲ့ ဧရာမလိပ်ကြီးတွေရဲ့ အနွယ်ဝင်တွေလည်း ဖြစ်ပါတယ်။ Leatherback ပင်လယ်လိပ်ကြီးတွေကို အာတိတ်နဲ့ တောင်ဝင်ရိုးစွန်း သမုဒ္ဒရာတွေက လွဲရင် သမုဒ္ဒရာတိုင်းလိုလိုမှာ တွေ့ရတတ်ပေမယ့် အခုတော့ ပင်လယ်လိပ်ကြီးတွေရဲ့ လိပ်ကောင်ရေဟာ လျော့နည်းလာနေပြီ ဖြစ်ပါတယ်။

READ
စတိုးဆိုင်ထဲက ကောင်းဘွိုင်နဲ့ လက်နက်ကိုင်ဓားပြတို့ရဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဖြစ်ရပ်

ပင်လယ်လိပ်ကောင်ရေ လျော့နည်းကျဆင်းမှုနဲ့ ပတ်သက်လို့ တစ်ကမ္ဘာလုံးက ပညာရှင်တွေဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေတွေကို တင်းတင်းကြပ်ကြပ် ပြဌာန်းဖို့ စီစဉ်နေကြပါတယ်။ လိပ်တွေဟာ အီကွေတာနဲ့ နီးတဲ့ အတ္တလန္တိတ်နဲ့ ပစိဖိတ်သမုဒ္ဒရာတွေမှာ အဓိကမှီတင်း နေထိုင်ကြပြီး ၄င်းတို့ကို အမေရိကန်အလယ်ပိုင်း ကမ်းရိုးတန်းဘက်မှာလည်း တွေ့ရတတ်ပါတယ်။ ပင်လယ်လိပ်တွေဟာ ဥဥမယ့် အချိန်ရောက်လာရင် ကုန်းပေါ်တက်လာပြီး သဲတွင်းတူးကာ ဂေါ့ဖ်ဘောလုံးအရွယ်အစားခန့်ရှိတဲ့ ဥတွေကို ဥချလေ့ရှိကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: consciousreminder

SHARE