Marvel ကရွေးချယ်လိုက်တဲ့ သွးစုတ်ဖုတ်ကောင်တွေနဲ့ Blade ဇာတ်ကောင်မင်းသား

@mahershalaali, @ramos.virgilio/Instagram

ဒီအပတ်ထဲမှာတော့ Marvel ကနေပြီး နောက်ထွက်မယ့် MCU Phase 4 အတွက် ဇာတ်ကားတွေ၊ ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းအကျဉ်းတချို့ကို မိတ်ဆက်ပေးကာ ပရိတ်သတ်တွေအားလုံးကိုအုတ်အောသောင်းနင်းဖြစ်သွားစေခဲ့ပါတယ်။ အရင်ရှိပြီးသား ဇာတ်ကောင်တွေရဲ့ ဇာတ်လမ်းအဆက်တွေလည်း ပါဝင်နေသလို အခုမှ comic ထဲကနေပြီး ရုပ်ရှင်ဇာတ်ကောင်တွေအဖြစ် ပြန်လည်အသက်သွင်းမယ့် MCU အတွက် ဇာတ်ကောင်အသစ်တွေလည်း ပါဝင်လို့နေခဲ့ပါတယ်။ ဥပမာ ပထမဆုံးအာရှသားနဲ့ ရိုက်ကူးမယ့် superhero Shang-Chi လိုမျိုး၊ Angelina Jolie ပါဝင်မယ့် The Eternals ရုပ်ရှင်တွေလိုမျိုးကနေပြီး Thor မင်းသားရဲ့နောက်ဆုံးဇာတ်ကား ဖြစ်သွားမယ့် Love and Thunder တို့လိုမျိုးတွေအထိ ပါဝင်လို့နေပါတယ်။

အဲဒီအထဲကမှ superhero-horror movie လို့ ဆိုနိုင်မယ့် ဇာတ်ကားတစ်ကားကိုလည်း မိတ်ဆက်ထားခဲ့ပါသေးတယ်။ အဲဒါကတော့ Blade ပါ။ Blade ဟာဆိုရင် အရှေ့မှာတုန်းကလည်း မင်းသား Wesley Snipes ရဲ့ သရုပ်ဆောင်ပုံတွေနဲ့အတူတူ သွေးစုတ်ဖုတ်ကောင်တွေ၊ လူ့အသိုင်းအဝိုင်းတွေကြားထဲက သွေးနှော day walker အဖြစ် ရုပ်ရှင်ဇာတ်ကား ၃ ကားမှာ မြင်တွေ့ခဲ့ရပြီးပါပြီ။

READ
(၆)လပြည့် မွေးနေ့ပွဲ ကျင်းပခဲ့တဲ့ ခေတ်လေးနဲ့ သစ်လေး

ဒီဇာတ်ကောင်ကိုတော့ အခုအချိန်မှာ MCU ကနေ နောက်ထွက်မယ့် Phase 4 ထဲမှာ ထည့်သွင်းထားခဲ့ပြီး မင်းသားကိုတော့ Mahershala Ali ကို ရွေးချယ်ထားခဲ့ပါတယ်။ Mahershala Ali ဟာ The Hunger Games တို့၊ Hidden Figures, Alita: Battle Angel တို့အပြင် ဂန္တဝင်မြောက်ဇာတ်ကားအဖြစ် တင်စားထားခဲ့ကြတဲ့ Moonlight နဲ့ မနှစ်ကထွက်ခဲ့တဲ့ Spider-Man: Into the Spider Verse ဆိုတဲ့ animation ဇာတ်ကားမှာလည်း အသံသရုပ်ဆောင်ခဲ့ပါသေးတယ်။ အကယ်ဒမီဆုကိုတော့ ၂၀၁၈ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Green Book မှာ ၂၀၁၉ ခုနှစ်အတွက် ဇာတ်ပို့ဆုနဲ့ ၂၀၁၆ ခုနှစ်တုန်းက Moonlight မှာလည်း ဇာတ်ပို့ဆုအဖြစ် ၂၀၁၇ ခုနှစ်တို့မှာ အသီးသီးရရှိထားသူတစ်ဦးပါ။

 

 

အပေါ်မှာ ဖော်ပြခဲ့တဲ့အတိုင်း Spider-Man: Into the Spider Verse animation မှာ Uncle Aaron နေရာက အသံသရုပ်ဆောင်ထားခဲ့ပြီး Netflix က နေ ထွက်ရှိထာားတဲ့ Marvel show “Luke Cage” မှာလည်း ဇာတ်ရံနေရာကနေ ပါဝင်သရုပ်ဆောင်ထားလို့ superhero ရုပ်ရှင်တွေနဲ့ မစိမ်းဘူးလို့ ပြောရမှာပါ။ ဒါပေမယ့် Mahershala Ali ဟာ Blade ဆိုတဲ့ ဇာတ်ကောင်ကို အဓိကမင်းသားနေရာကနေ တာဝန်ယူရမှာဖြစ်လို့ ပရိတ်သတ်တွေကတော့ တော်တော်လေးကို စိတ်လှုပ်ရှားလျက်ရှိနေပါတယ်။

View this post on Instagram

🤲🏿👊🏿 @marvel

A post shared by Mahershala Ali (@mahershalaali) on

View this post on Instagram

@hollywoodreporter much love👐🏿

A post shared by Mahershala Ali (@mahershalaali) on

Penny

SHARE