
Bollywood ရုပ်ရှင်ပရိသတ်မှန်ရင်တော့ ဝန်ကြီးချုပ်မင်းသား Mahesh Babu ကိုတော့ ကောင်းကောင်းကြီး သိကြမှာပါ။ Mahesh Babu ကို ဘာကြောင့် ဝန်ကြီးချုပ်မင်းသားလို့ ခေါ်ရတဲ့ အကြောင်းအရင်းကတော့ Mahesh ဟာ Bollywood ဇာတ်ကားတော်တော်များများမှာ ဝန်ကြးချုပ် ဇာတ်ရုပ်နေရာမှာ သရုပ်ဆောင်များတာကြောင့် ပရိသတ်တွေက Mahesh ကို ဝန်ကြီးချုပ်မင်းသားလို့ ချစ်စနိုးနဲ့ ခေါ်ကြတာ ဖြစ်ပါတယ်။ အခုပြောချင်တဲ့ ဇာတ်လမ်းမှာလည်း Mahesh ဟာ ဝန်ကြီးချုပ်နေရာထားတဲ့ နိုင်ငံရေးဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ အဆိုပါ ဇာတ်ကားရဲ့ နာမည်ကတော့ Bharat Ane Nenu ပဲ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အဆိုပါ ဇာတ်ကားကိုတော့ နာမည်ကြီး Bollywood ဒါရိုက်တာ Koratala Siva က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၈ သန်းကျော် ရှိခဲ့တဲ့ ဒီဇာတ်ကားရဲ့ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် ရှိခဲ့တဲ့အထိကို အားပေးကြမ်းခဲ့တဲ့ နိုင်ငံရေးဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားထဲမှာ Mahesh Baby တင်သာမကပဲ Kiara Advani, Prakash Raj, R.Sarathkumar တို့လို ဝါရင့် အနုပညာရှင်တွေပါ ပါဝင်တာကြောင့် တော်တော်လေးကို ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ စစ်မှန်တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ ပုံစံနဲ့ ပြည်သူတွေ အလိုချင်အတောင့်တဆုံးသော ခေါင်းဆောင်တစ်ယောက်ရဲ့ပုံကို ပေါ်လွင်အောင် ရိုက်ပြခဲ့တာ ဖြစ်ပါတယ်။ ဖခင်ဝန်ကြီးချုပ်ရဲ့ သေဆုံးမှုကြောင့် နိုင်ငံခြားမှာ ကျောင်းသွားတက်နေရတဲ့ Bharat Ram ဆိုတဲ့ ကောင်လေးဟာ အိန္ဒိယနိုင်ငံကို ဖခင်ရဲ့ နာရေးမီအောင် အချိန်မှီပြန်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း Bharat ဟာ ဖခင်ရဲ့ နာရေးကို မမီလိုက်ပါဘူး။ အဲဒီအချိန်မှာပဲ Bharat ဟာ ကောက်ကာငင်ကာဆိုသလိုပဲ ဖခင်ဝန်ကြီးချုပ်ရဲ့နေရာကို ဆက်ခံဖို့ ဖြစ်လာခဲ့ပါတယ်။
View this post on Instagram
Bharat ဟာ ဖခင်ဖြစ်သူရဲ့ သွေးအပြည့်ပါပြီး ပညာတက်လူငယ်တစ်ယောက် ဖြစ်တာကြောင့် မှန်ကန်တဲ့ လုပ်ရပ်တွေသာလုပ်ပြီး ပြည်သူတွေရဲ့ မျက်နှာကိုကြည့်တဲ့ ဝန်ကြီးချုပ်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ကျော်သားရင်သား မခွဲခြားပဲ အုပ်ချုပ်တဲ့ Bharat ရဲ့ အုပ်ချုပ်မှုစနစ်ကြောင့် အာဏာကို အသုံးပြုပြီး အကျိုးစီးပွားရှာနေတဲ့ နိုင်ငံရေးသမားတွေရဲ့ မျက်မုန်းကျိုးခြင်းကို ခံရပါတော့တယ်။ ဒါပေမယ့်လည်း ဝန်ကြီးချုပ်တစ်ယောက်ဖြစ်တာကြောင့် ဒီလိုမျိုး အကျင့်မကောင်းတဲ့ နိုင်ငံရေးသမားတွေကို ဘယိလိုလှည့်ကွက်တွေသုံးပြီး တုံ့ပြန်မလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်ကြည့်ရှု့ရမယ့် နိုင်ငံရေးဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။
Bharat Ane Nenu ဇာတ်ကားကိုတော့ Viu Myanmar App ကို Download လုပ်ယူပြီး ကြည့်ရှုနိုင်ပါတယ်။ MPT, Mytel နဲ့ Ooredoo User တွေဆိုရင်တော့ Viu Premium အထူးကြည့်ရှုခွင့်ကို လစဉ် ကြေး မလိုပဲ ကြည့်ရှုနိုင်ပါတ ယ်။ အာရှတစ်ခွင်က ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲပေါင်းများစွာကို ၁ဝဝ% မြန်မာစာတန်းထိုးနဲ့ Viu မှာ ကြည့်ရှုလို့ ရပါတယ်။ ဒါကြောင့် Viu app ကို ဒီနေရာမှာ ဒေါင်းလုဒ်ရယူလိုက်ပါ။
Pyi Hein Kyaw