ဟောင်ကောင်ဆန္ဒပြပွဲကိုပြိုင်ကားအကောင်းစားတွေနဲ့ရောက်ချလာကြတဲ့ တရုတ်လူငယ်များ

@archielee1, @GelekB/Twitter

ဟောင်ကောင်ဒေသဟာ တရုတ်နိုင်ငံအတွင်းမှ ခွဲထွက်ရေးကိစ္စနဲ့ဆက်လျင်းပြီးတော့ ဟောင်ကောင်ဒေသအတွင်းမှာ တော်တော်လေးဆိုးဆိုးရွားရွား ဆန္ဒပြပွဲတွေ ဆင်နွှဲနေခဲ့ကြတာ အခုဆိုလနဲ့ချီပြီးတောင် ကြာနေလောက်ပါပြီ။ ဒီလှုပ်ရှားမှုဟာ ကနေဒါနိုင်ငံရဲ့ တိုရွန်တိုဒသအထိပါ ကူးစက်ပျံ့နှံ့သွားခဲ့ပါတယ်။

သြဂုတ်လ ၁၈ ရက်နေ့တုန်းက တိုရွန်တိုမှာရှိနေတဲ့ ဟောင်ကောင်သားများစုစည်းပြီး အများပြည်သူတွေရှိနေတဲ့ လမ်းမကြီးပေါ်မှာ စံရုံးကာဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း ဟောင်ကောင်သားတွေကို ဆန့်ကျင့်တဲ့ တရုတ်လူမျိုးအုပ်စုကလည်း ရှိနေပြီး လူအုံလိုက်ကျင်းလိုက်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့အတွက် တော်ရွန်တိုကရဲတွေတောင် စီတန်းကာ လုံခြုံရေးအရ နေရာအသင့်ယူထားခဲ့ကြရပါတယ်။

အဲဒီအချိန်မှာ ရုတ်တရက် ကားအင်ဂျင်သံတွေတစ်ညံညံကြားခဲ့ရပါတယ်။ ဆန္ဒပြပွဲနားက လမ်းမထက်က ပြိုင်ကားသံတွေပါ။ ပြိုင်ကားတွေဟာ နယ်နယ်ရရမဟုတ်ဘဲ တန်ဖိုးကြီးတဲ့အကောင်းစားပြိုင်ကားတွေဖြစ်နေပြီး ကားတိုင်းမှာ တရုတ်နိုင်ငံရဲ့အလံတွေကိုလည်း ကိုယ်စီတပ်ထားခဲ့ကြပါတယ်။ သူတို့ဟာ ဟောင်ကောင်သားတို့ရဲ့ ဆန္ဒပြပွဲကို တစ်ဖက်တရုတ်လူမျိုးတို့နဲ့ပူးပေါင်းကာ ဆန့်ကျင်ဖို့အတွက်ပါဝင်အားဖြည့်ပေးခဲ့ကြတာပါ။ ကားတွေထဲ Ferraris, McLarens, Porsches စတာတွေပါဝင်လို့နေပါတယ်။

မျက်မြင်တွေရဲ့ပြောကြားချက်အရတော့ ဟောင်ကောင်သားတွေဟာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြပေမယ့်လို့ ပြိုင်ကားနဲ့ရောက်လာခဲ့ကြတဲ့ တရုတ်ပြည်မကြီးက လူငယ်တွေကတော့ သတ်မယ်ပြုမယ်နဲ့ အချင်းချင်း ခြိမ်းခြောက်ခဲ့ကြပါတယ်တဲ့။

Penny

READ
ဆွဲဆောင်မှုရှိတာလည်းအချစ်စစ်ရှာဖွေရာမှာ ဆူးခလုတ်တစ်ခုပါဆိုတဲ့ဘီကီနီမော်ဒယ်

 

SHARE