မွန်ပြည်နယ်၊ပေါင်မြို့နယ်က သဲဖြူကုန်းကျေးရွာမှာ တောင်ပြိုကျမှုဖြစ်ပွားပြီးလူ အမြောက် အများသေဆုံး ခဲ့တဲ့ သတင်း ကတော့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လူပြောများနေပါတယ်။မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် မွန်ပြည်နယ် မှာ ရေကြီးမှုအန္တရာယ်၊မြေပြိုကျမှု အန္တရာယ်တို့နဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရပါတယ်။ဝေဠုကျော်ဖောင်ဒေးရှင်း (Wai Lu Kyaw Foundation )ရဲ့ FB စာမျက်နှာပေါ်မှာတော့ ကို ဝေဠုကျော် နဲ့ အဖွဲ့ သားတွေ ဟာ ရေဘေး သင့်နေတဲ့ မွန် ပြည်နယ် နဲ့ ကရင်ပြည်နယ်တို့မှာ ကယ်ဆယ်ရေးတွေ လုပ်ဖို့ ထွက်ခွာသွားတယ်ဆိုပြီး ဖော်ပြ ထားပါတယ်။ရေဘေးသင့်ပြည်သူတွေကို ကူညီချင်သူတွေ အနေနဲ့ ဆက်သွယ် လှူဒါန်းနိုင်တဲ့ Ph no တွေ ကိုပါ ဖော်ပြ ပေးထားပါတယ်။



“9-8-2019
မွန်ပြည်နယ်၊ပေါင်မြို့နယ်၊သဲဖြူကုန်းကျေးရွာ ပေါ်သို့ တောင်ပြိုကျမှု ဆီသို့
#ဝေဠုကျော်ဖောင်ဒေးရှင်း -WLK
အဖွဲ့သားများ ရှေ့ပြေး ရောက်ရှိ ကူညီ။
#ဝေဠုကျော်ဖောင်ဒေးရှင်း
09455500010
09455500014
09776089484………………..” ဆိုပြီးတော့လည်း ဝေဠုကျော်ဖောင်ဒေးရှင်း အဖွဲ့သား တွေရဲ့ လုပ်ဆောင် နေမှု တွေ ကို (Wai Lu Kyaw Foundation )ရဲ့ FB စာမျက်နှာပေါ် ဖော်ပြထားပါတယ်။

သဲဖြူကုန်းကျေးရွာမှာ တောင်ပြိုကျမှု နဲ့ ပတ်သက်တဲ့ သတင်းတွေကို Myanmar Fire Services Department ရဲ့ FB စာမျက်နှာပေါ်မှာ အချိန်နဲ့ တပြေးညီ ဖော်ပြ ပေးနေပါတယ်။သြဂုတ် (၉)ရက်နေ့ ညနေ (၄) နာရီ လောက်က တင်ထားတဲ့ Post မှာတော့ ရှာဖွေ ကယ်ဆယ်ရေးလုပ်ဆောင်ရာမှာ အသက်ရှင်လျက် (၂၇)ဦးကို ကယ်ဆယ် နိုင်ခဲ့ပြီး သေဆုံးသူကတော့ (၁၃)ဦး အထိ ရှိသွားပြီလို့ ဖော်ပြထားပါတယ်။



Source : Myanmar Fire Services Department & Wai Lu Kyaw Foundation