ကမ္ဘာကျော်နာမည်ကြီး ပုဂ္ဂိုလ်တွေရဲ့ တွစ်တာ အကောင့်တွေ အဟက်ခံခဲ့ရ

Image:twitter

ဘီလီယံ နာ Elon Musk, Jeff Bezos ၊ Bill Gates   တို့ အပါအ၀င်အ မေရိကန် ရဲ့ နာမည်ကြီး ပုဂ္ဂိုလ် တွေ ရဲ့ တွစ်တာ အ ကောင့် တွေ က တော့ ဟက်ကာ တွေ ရဲ့ ပစ်မှတ် ဖြစ်ခဲ့ရတယ်လို့ BBC မှာ ဖော်ပြထားပါတယ်။အ ကောင့် တွေ ကို ဟက်ကာ တွေ က Hack ပြီး  အယောင် ဆောင် ငွေ လိမ် ယူ ခဲ့ကြတာပါ။ဘီလီယံ နာ တွေရဲ့ အ ကောင့် တင် မကပါဘူး။ အ မေ ရိကန် သမ္မတ ဟောင်း အိုဘား မား၊ Joe Biden ၊Kanye West တို့ ရဲ့  တရား ၀င်  အကောင့်ေ တွ ကိုလည်း Hack ပြီး အလှူ ငွေ လိမ်ညာ ကောက်ခံ တာ မျိုးေ တွရှိခဲ့ပါတယ်။ Bill Gates    ရဲ့ အ ကောင့်မှာဆိုရင် ဒေါ်လာ တစ်ထောင် ပေးရင် နှစ်ထောင် ပြန် ပေးမယ်ဆို တဲ့ တွစ်တာ Post ထွက် ပေါ် လာခဲ့ပြီး မစူးစမ်းပဲ အယုံ လွယ်သူ တွေ က တော့ ငွေ လိမ်ခံ လိုက်ရပါတယ်။

Image:twitter

အ မေရိကန် ကုန် သွယ်ရေး ဆိုင်ရာ အထက်လွှတ် တော် ကော်မတီ က တော့ ဒီကိစ္စ နဲ့ ပတ်သက်ပြီး နောက် လာမယ့် သီတင်း ပတ်ကျရင် တွစ်တာ က  ရှင်း လင်းမယ်လို့ ပြောခဲ့ပါတယ်။တွစ်တာကလည်း  ဆိုက်ဘာတိုက်ခိုက်မှု ဟာ ချိတ်ဆက် လုပ်ဆောင် တဲ့ တိုက်ခိုက်မှု ဖြစ်ပြီး တွစ်တာ ၀န် ထမ်း တွေ ပစ်မှတ် ထားကာ အဲ့ဒီက နေ မှ System နဲ့ Tool တွေ ထဲကို ၀င် ရောက် တိုက်ခိုက် တာလို့ ပြောခဲ့ပါတယ်။ဟက်ကာ တွေ က ဒီ Access ကို အသုံးချ ပြီး အ ကောင့် နဲ့ တွစ်  တွေ ကို  ထိန်း ချုပ် လိုက်တာ လို့ ပြောခဲ့ပါတယ်။

READ
ထီပေါက်လို့ သူ့ဘဝပျက်ဆီးခဲ့တာပါဆိုပြီး ထီကုမ္ပဏီကို တရားစွဲချင်နေတဲ့ကောင်မလေး
Image:twitter

Internal system နဲ့ Tool တွေ ထဲကို ၀င် နိုင်ဖို့ က Limit Access  ကို ယူ တာ ဖြစ်ပြီး ကုမ္ပဏီ အ နေနဲ့ စုံစမ်းစစ်ဆေးမှု တွေ လုပ် ဆောင် နေတယ်လို့ ပြောခဲ့ပါတယ်။ Bitcoin wallet addresses တွေ ကို တွစ်လုပ်ထားတဲ့ User တွေ ကိုတော့ တွစ်တာ က လက်ရှိမှာ Block လုပ် ထားပါတယ်။တွစ်တာ ရဲ့ CEO ဖြစ်တဲ့ Jack Dorsey  က တော့ တွစ်တာ အတွက် ခက်ခဲ တဲ့ နေ့ တစ်နေ့ ဖြစ်ခဲ့ ပြီး ။ဒီလို ဆိုးရွားတဲ့ အရာကို ခံစားခဲ့ရတယ်လို့ ပြော ခဲ့ပါတယ်။သမ္မတ ထရမ့်ရဲ့ အ ကောင့် က တော့ ဘေးကင်း တယ်လို့ အိမ်ဖြူ တော်က ပြောခဲ့ပါတယ်။အဟက်ခံရတဲ့ အ ကောင့် တွေထဲ မှာ တော့ Kanye West နဲ့ ဇနီး Kim Kardashian West ၊Mike Bloomberg ၊ Uber ၊Apple… တို့ လည်း ပါဝင်ခဲ့ပါတယ်။

READ
ခွေးနားရွက်ကို ပလာယာနဲ့ညှပ်ပြီး ကတ်ကြေးနဲ့ဖြတ်သူကို ထောင်ဒဏ်ချမှတ်

#SHWEMOM

SHARE