သင်မသိသေးတဲ့ အသုံးပြုပြီးသား လက်ဖက်ခြောက်ထုပ်တွေရဲ့အသုံးဝင်ပုံများ

လက်ဖက်ခြောက်ကရတဲ့ ဘဘာဝဂုဏ်သတ္တိတွေကတော့ အတော်ကိုများလှပါတယ်။ အောက်မှာတော့ အသုံးပြုပြီးသားလက်ဖက်ခြောက်ထုပ်ကလေးတွေကို လွှင့်ပစ်စရာမလိုပဲ ဆက်လက်အသုံးပြုနိုင်တဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ရေခဲသေတ္တာထဲက အနံ့ဆိုးတွေကိုပျောက်ကင်းစေပါတယ်။

ရေခဲသေတ္တာထဲမှာရှိတဲ့ အနံ့အသက်ဆိုးတွေပျောက်ကင်းစေဖို့ မုန့်ဖုတ်ဆော်ဒါကို အသုံးပြုနိုင်သလို လက်ဖက်ခြောက်ထုပ်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ခွက်တစ်ခုထဲကို အသုံးပြုပြီးတဲ့လက်ဖက်ခြောက်ထုပ်တွေထည့်ပြီးရေခဲသေတ္တာထဲထားပေးပါ။

ပန်းကန်ခွက်ယောက်တွေကို သံချေးမတက်စေနိုင်ပါဘူး။

အနက်ရောင်လက်ဖက်ခြောက်ထုပ် အိတ်ကလေးတွေဟာ အိုးတွေ၊ ခွက်တွေမှာ သံချေးမတက်အောင် ကာကွယ်ပေးပါတယ်။ လက်ဖက်ခြောက်တွေထဲမှာပါတဲ့ တန်းနစ်စ်ဓာတ်က သတ္တုတွေဓာတ်ပြုတာကို ကာကွယ်ပေးပါတယ်။ ဒါကြောင့်မို့လို့ ပန်းကန်အိုးတွေဆေးတိုင်း အသုံးပြုပြီးသားလက်ဖက်ခြောက်အိတ်တွေနဲ့ပွတ်တိုက်ဆေးကြောပေးပါ။

အသားတွေကို နူးညံ့စေပါတယ်။

လက်ဖက်ခြောက်ထဲမှာပါတဲ့ တန်းနစ်စ်ဓာတ်က အသားစိမ်းတွေကို ပျော့ပြောင်းနူးညံ့စေနိုင်ပါတယ်။ အထူးသဖြင့် အသားတွေကိုမချက်ခင်မှာ Lipton ကထုတ်တဲ့ English Breakfast Tea နဲ့တစ်ညလောက်နယ်ပြီးနှပ်ထားရင် နူးညံ့ပြီးစားကောင်းတဲ့အသား ရရှိမှာဖြစ်ပါတယ်။

မျက်တွင်းကျတာကို သက်သာစေပါတယ်။

လက်ဖက်ခြောက်မှာ အရေပြားကိုတင်းရင်းစေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ မျက်လုံးက အိပ်ရေးမ၀လို့ အရမ်းနွမ်းနယ်နေပြီး မျက်တွင်းတွေကျနေတဲ့အခါ လက်ဖက်ခြောက်ထုပ် အစိုခပ်နွေးနွေးကို မျက်လုံးပေါ်မှာမိနစ်(၂၀)လောက် တင်ပေးထားပါ။

READ
ရေခဲသေတ္တာထဲမှာ သိမ်းမထားသင့်တဲ့ အသီးအနှံများ

ကော်ဇောတွေကို သန့်ရှင်းစေပါတယ်။

အိမ်ကကော်ဇောတွေကို အနံ့အသက်ကောင်းစေချင်တယ်၊ ဖုန်စုပ်ပြီးတဲ့နောက် သန့်ရှင်းသွားစေချင်တယ်ဆိုရင်လည်း လက်ဖက်ခြောက်အိတ်တွေကို အသုံးပြုနိုင်ပါတယ်။ အသုံးပြုပြီးတဲ့ လက်ဖက်ခြောက်ထုပ်ထဲက လက်ဖက်အခြောက်(လက်ဖက်ခြောက်က စိုနေရင်ကော်ဇောတွေစွန်းသွားမှာ စိုးရိမ်ရပါတယ်)တွေကိုယူပြီး ဖုန်စုပ်မယ့်ကော်ဇောပေါ်မှာ(၁၅) မိနစ်ကနေ မိနစ်(၂၀) လောက်ကြဲချထားလိုက်ပါ။ ပြီးမှဖုန်စုပ်ပေးပါ။

အံဆွဲတွေနဲ့ ကားထဲမှာ အနံ့အသက်ကောင်းစေပါတယ်။

အံဆွဲတွေထဲမှာ အနံ့အသက်ကောင်းစေဖို့ အခြောက်ခံထားတဲ့ လက်ဖက်ခြောက်ထုပ်အိတ်တွေကို ထားနိုင်ပါတယ်။Lipton ကထုတ်တဲ့ Peach Mango Tea ဆိုရင်လည်း အနံ့လေးကောင်းပါတယ်။ ဒါ့အပြင်ကားထဲမှာလည်း အနံ့ကောင်းအောင် နောက်ကြည့်မှန်မှာ လက်ဖက်ခြောက်ထုပ်ကလေးတွေ ချိတ်ဆွဲထားနိုင်ပါတယ်။

ဟင်းအဆီတွေကို ပြောင်စင်စေပါတယ်။

အိမ်ရှင်မတွေအနေနဲ့ တကယ်လို့ အိမ်ကပန်းကန်ဆေးကန်က ဟင်းအဆီတွေနဲ့ ညစ်ပတ်နေပြီ၊ စေးကပ်နေပြီဆိုရင် မကြောက်ပါနဲ့။ ပန်းကန်ဆေးတဲ့ကန်ထဲကို ရေနွေးထည့်ပါ။ ပြီးတော့ လက်ဖက်ခြောက်ထုပ် အိတ်ကလေးတွေ (၂)အိတ်၊ (၃)အိတ်လောက် ပစ်ထည့်ထားလိုက်ပါ။ တစ်ညလောက် ဒီအတိုင်းထားလိုက်ပါ။ နောက်တစ်နေ့မနက်ရောက်တဲ့အခါ ပန်းကန်ဆေးကန်မှာ အဆီတွေကို သန့်ရှင်းအောင်ဆေးကြောရတာ အရင်ထက်အများကြီး လွယ်ကူနေတာကို တွေ့ရပါလိမ့်မယ်။

READ
ရုရှားရဲ့ ကမ္ဘာဖျက်ယန္တရားလိုတင်စားကြတဲ့ နျူကလီးယားဒရုန်းရေငုပ်သင်္ဘော

အစားအသောက်တွေကို အနံ့သွင်းပေးနိုင်ပါတယ်။

ပါစတာခေါက်ဆွဲတွေ၊ အစေ့အဆန်တွေ ချက်ပြုတ်တဲ့အခါ လက်ဖက်ခြောက်အနံ ထည့်ချင်ရင် မခက်ပါဘူး။ ဥပမာ ပါစတာပြုတ်နေရင် ပြုတ်နေတဲ့ရေထဲကို ကိုယ်ကြိုက်နှစ်သက်ရာ လက်ဖက်ခြောက်ထုပ်ကလေးတွေထည့်ထားနိုင်ပါတယ်။

အရေပြားနီမြန်းရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

လက်ဖက်ခြောက်ကို အရေပြားအတွက် ကောင်းကောင်း အသုံးချနိုင်ပါတယ်။ မီးပူလောင်တာ၊ ဖူးယောင်တာ၊ နှုတ်ခမ်းသားအက်ကွဲတာ၊ နေလောင်တာနဲ့ အနီဖုတွေအတွက် အသုံးပြုနိုင်ပါတယ်။ တန်းနစ်စ်နဲ့ ပိုလီဖနောလ်စ်ဓာတ်တွေ ပါဝင်တဲ့အတွက်ကြောင့် သွေးကြောတွေကို ကျဉ်းမြောင်းစေတဲ့ပြီး ဖူးယောင်တာတွေကို လျေ့ကျစေပါတယ်။ အနာမြန်မြန်သက်သာစေပါတယ်။ လက်ဖက်ခြောက်အိတ်အစိုကို ထိခိုက်ဒဏ်ရာဖြစ်နေတဲ့ နေရာတွေအပေါ်မှာ(၅)မိနစ်လောက် တင်ထားပေးပါ။ အလားတူပဲ နှုတ်ခမ်းသွေ့ခြောက်ပြီး အက်ကွဲတာ၊ နေလောင်တာနဲ့ အမွှေးရိတ်တဲ့ဂျုတ်ကြောင့် အနီဖုလေးတွေထတဲ့အခါတွေမှာလည်း လက်ဖက်ခြောက် အစိုအိတ်ကလေးတွေကို ဖြစ်တဲ့နေရာပေါ်မှာ တင်ပေးထားပါ။ တကယ်လို့နေလောင်တာက တော်တော်လေးအခြေအနေဆိုးတယ်ဆိုရင်တော့ လက်ဖက်ခြောက်ရည်နဲ့ ခပ်နွေးနွေးလေးထားပြီး ရေစိမ်ချိုးပေးနိုင်ပါတယ်။

လင်းလင်း (ShweMom)

Source: Delish

 

SHARE