ထူးခြားတဲ့ Idea တွေကြောင့် လူစိတ်ဝင်စားခံနေရတဲ့ ဂျပန်ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး

Image:twitter/@DonaldBKipkorir & @SujanChinoy

ဂျပန်နိုင်ငံရဲ့ပတ်ဝန်းကျင်ဝန်ကြီးအသစ်ဖြစ်တဲ့ Shinjiro Koizumi က လူငယ်တွေကိုစုစည်းပြီး ကျောက်မီးသွေး အသုံးပြုမှု ကင်းစင်ပြီး ပိုကောင်းတဲ့ သဘာဝ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာရေးနဲ့ ပတ်သက်ပြီး ကတိပေးစကား ပြောကြားခဲ့ပါတယ်။”ကျောက်မီးသွေးကိုအားကိုးနေရတဲ့ ကျွန်တော်တို့ရဲ့နိုင်ငံအနေနဲ့ အနာဂတ်မှာ ကာဗွန်လျော့နည်း အောင် ဆက်လက်ပြီး တွန်းအားပေးလုပ်ဆောင်သွားမှာဖြစ်တယ် ” လို့   ပြောခဲ့တာပါ။ ဒါ့အပြင် ရာသီဥတုပြောင်းလဲမှု ကိုဆန့်ကျင်တိုက်ခိုက်ဖို့ လုပ်ဆောင်တဲ့နေရာမှာလည်း အရမ်းတွေ အသည်းအသန်ငြင်းခုန် တိုက်ခိုက် ပြောဆို နေတာ မျိုးမလုပ်ပဲ ပေါ့ပေါ့ပါးပါး sexy ကျကျနဲ့  ပျော်ပျော်ပါးပါး ဆွေးနွေး ပြောဆိုကြဖို့ လိုအပ်တယ်လို့ Koizu mi ကပြောပါတယ်။

Image:twitter/@unleashthegeek
Image:twitter/
@KenWeinstein

နယူးယော့ခ်မြို့မှာလုပ်မယ့် ကုလသမဂ္ဂရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးပွဲကို မတက်ရောက်မီတစ်ရက်အလိုမှာ Koizumi က ဒီစကားတွေကိုပြောကြားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီထိပ်သီးအစည်းအဝေးကျင်းပမယ့်နေ့မှာလည်း ကျောက်မီးသွေး စွမ်းအင်စက်ရုံအသစ်တွေကိုတည်ဆောင်ဖို့စီမံကိန်းတွေကိုဆန့်ကျင်နေတဲ့ ၀န်ကြီးချုပ် Shinzo Abe  ကျောက်မီးသွေးပုံးထဲကနေထွက်လာတဲ့ပုံကို မိုးပျံပူဖောင်းမှာရေဆွဲပြီး မိုးပေါ်ကိုလွှင့်တင်ဖို့အစီအစဉ်ကို ဆန္ဒပြသူတွေကရေးဆွဲထားတယ်လို့သိရပါတယ်။

“နိုင်ငံရေးပြဿနာတွေအမျာကြီးရှိပါတယ်။ဒါပေမယ့် တစ်ချို့အကြောင်းအရာတွေဟာ ပျင်းဖို့ကောင်းပါတယ်။ ရာသီဥတုပြောင်းလဲမှုဆိုတဲ့ပြဿနာကြီးတစ်ရပ်ကိုအဖြေရှာတဲ့နေရာမှာ ပျော်စရာဖြစ်ရမယ်။ စိတ်ဝင်စားစရာ ကောင်းရမယ်။ sexy လည်းကျရမယ်…” လို့ Koizumi က နယူးယော့ခ်မြို့ရှိ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။“ကာဗွန်ကင်းစင်တဲ့လူ့အသိုင်းအ၀န်းဖြစ်ဖို့ ကျွန်တော်ကိုလုပ်ဆောင်ရပါမယ်။ဒါ့အပြင် ရာသီဥတုပြောင်းလဲမှုကို ဆန့်ကျင်တိုက်ခိုက်တဲ့နေရာမှာ အင်အားကြီးနိုင်ငံဖြစ်ဖို့ ကျွန်တော်တို့အားလုံးထောက်ပံ့မှုတွေလုပ်ဆောင်ပေးရမယ်…” လို့ Koizumi ကဆက်လက်ပြောကြားခဲ့ပါတယ်။

Image:twitter/@StevenCiobo

ပြီးခဲ့တဲ့ရက်ပိုင်းက လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြတဲ့သန်းနဲ့ချီတဲ့လူငယ်တွေထဲမှာ ဂျပန်ကျောင်းသားတွေလည်း ပါဝင်ခဲ့ပါတယ်။ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှင့်မှုကိုမထိန်းချုပ်နိုင်တဲ့ အစိုးရရဲ့လုပ်ဆောင်ချက်တွေကို အားမရတဲ့ အတွက် သူတို့ရဲ့မျက်နှာမှာ ကြောက်စိတ်နဲ့မကျေနပ်မှုတွေကိုဖော်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်တုန်းက ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှင့်မှုဟာ အမြင့်ဆုံးကိုရောက်ရှိခဲ့တဲ့ စံချိန်တင်နှစ်တစ်နှစ်လည်းဖြစ်ပါတယ်။ဂျပန်နိုင်ငံရဲ့နိုင်ငံရေးကဏ္ဍမှာ ထွန်းတောက်လာတဲ့ကြယ်တစ်ပွင့်ဖြစ်တဲ့ အသက်(၃၈)နှစ်အရွယ် Koizumi ဟာ ဒုတိယကမ္ဘာစစ်အပြီးမှာဖြစ်လာတဲ့ တတိယအသက်အငယ်ဆုံး ဥပဒေပြုအမတ်ဖြစ်လာခဲ့ပါတယ်။Koizumi ဟာ ပြည်သူတွေရဲ့ချစ်ခင်မှုကိုရရှိခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း Junichiro Koizumi ရဲ့သားဖြစ်ပါတယ်။ တစ်ကယ်လို့ ဂျပန်ဝန်ကြီးချုပ် Abe သာသူ့ရဲ့ရာထူးကနေ ဆင်းခဲ့မယ်ဆိုရင် Koizumi ကို အဲ့ဒီနေရာကိုရဖို့အတွက် ပြည်သူတွေက လိုလားကြတယ်လို့ Japan Today သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Image:twitter/@SujanChinoy

Source:japantoday

SHARE