အဆီပြန်တဲ့ အသားအရည်ပိုင်ရှင်များအတွက် တစ်နေကုန်ခံနေစေမယ့် မိတ်ကပ်လိမ်းနည်း

အဆီပြန်လွန်းလို့ အပြင်သွားရင်ပဲဖြစ်ဖြစ်၊ ပွဲသွားရင်ပဲဖြစ်ဖြစ် ခဏလေးနဲ့ မိတ်ကပ်ပျက်ပျက်သွားလို့ စိတ်ညစ်နေရလား။ ဒါဆိုရင် ဒီနည်းလမ်းလေးအတိုင်း လုပ်ကြည့်လိုက်နော်။ အားလုံးအဆင်ပြေသွားမှာပါ။

(၁) Primer လိမ်းပါ

Primer ဟာ မိတ်ကပ်သားကို ပိုညက်စေပြီး လိမ်းခြယ်ရတာ ပိုလွယ်ကူစေတဲ့ အပြင်ကို မိတ်ကပ်ထဲမှာပါတဲ့ ပစ္စည်းတွေက ချွေးပေါက်ပိတ်စေတတ်တာကြောင့် အဲလိုမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ မိတ်ကပ်ကိုလည်း တစ်နေကုန် ကြာရှည်ခံစေပါတယ်။ သတိပြုရမှာကတော့ silicon-based အမျိုးအစားမဖြစ်ဖို့ပါပဲ။ Silicon-based အမျိုးအစားဟာ အဆီပြန်တဲ့ အသားအရည်မျိုးနဲ့ လုံးဝ မကိုက်ပါဘူး။

(၂) မှန်ကန်တဲ့ အောက်ခံမိတ်ကပ်

သင့်အသားအရည်အတွက် မှန်ကန်တဲ့ အောက်ခံမိတ်ကပ်ကို ရွေးချယ်ဖို့လည်း အရမ်းကို အရေးကြီးပါတယ်။ အဆီပြန်တဲ့ အသားအရည်တွေအတွက်ကတော့ powder-based, water-based, အမျိုးအစားဟာ အသင့်တော်ဆုံးဖြစ်ပါတယ်။ For oily skin ဆိုတဲ့ စာလေးပါတဲ့ မိတ်ကပ်မျိုးကို ရွေးသုံးပေးပါ။

READ
အရွယ်တင် နုပျိုလှပလိုသူတိုင်း စားပေးသင့်တဲ့ အစားအစာ( ၇)မျိုး

(၃) ပေါင်ဒါအမြဲပုတ်ပါ

ပေါင်ဒါဟာ သင့်ရဲ့အကောင်းဆုံး အဖော်မွန်ပါပဲ။ Loose powder, press powder အားလုံးက သင့်မျက်နှာကို အဆီပြန်ခြင်း လျော့ပါးစေမှာပါ။ အပြောင်၊ အလက်ပါတဲ့ ပေါင်ဒါမျိုးကိုတော့ ရှောင်ပါ။

(၄) ပါးနီအမှုန့်ကိုသုံးပေးပါ

Cream type ပါးနီတွေဟာ အဆီပြန်တဲ့ အသားအရည်တွေအတွက် အဆင်မပြေပါဘူး။ ဒါကြောင့် ပါးနီ အပိတ် အမျိုးအစားကို ရွေးချယ်ပါ။

(၅) Mineral ပေါင်ဒါသုံးပါ

Mineral ပေါင်ဒါဟာ အဆီပြန်တဲ့ အသားအရညတွေအတွက် အသင့်တော်ဆုံး အမျိုးအစားဖြစ်ပါတယ်။ ဘက်တီးရီးယား ပေါက်ဖွားခြင်းကိုလည်း ကာကွယ်ပေးတယ်၊ antioxidant ပါတဲ့အတွက် တစ်နေကုန် မိတ်ကပ်ကို ကြာရှည်ခံနေစေမှာပါ။

Em Em (shwemom)

READ
အပြုံးအလှ ပိုင်ရှင် ဖြစ်စေမယ့် မျက်နှာလေ့ကျင့်ခန်းများ

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE