လက်ထပ်လိုက်ပြီဖြစ်တဲ့ မိတ်ကပ်ဆရာမလေး PONY

Instagram ၊Youtube စတဲ့ online media တွေမှာ နာမည်ကျော်ကြားတဲ့ မိတ်ကပ်ဆရာမလေး PONY ဟာ ၁၀ နှစ်ကြာတွဲခဲ့ သူမချစ်သူနဲ့ မေလ ၁၂ ရက်နေ့က လက်ထပ်လိုက်ပြီဖြစ်ပါတယ်။ဒီသတင်းကို သူမ မကြာသေးမီကမှ တင်ခဲ့တဲ့ “ကျမ Instagram ပေါ်မှာ ပိုစ့်တွေပုံမှန်မတင်နိုင်တာဟာ ကျမရဲ့ ၁၀ နှစ်ကြာတွဲခဲ့ ချစ်သူနဲ့ လက်ထပ်တော့မှာဖြစ်တာကြောင့်ပါ” လို့ကြေညာခဲ့တဲ့ PONY ရဲ့Instagram ပို့စ်မှတဆင့် သိရတာပါ။ Instagram မှာ သူမတင်ခဲ့တကတော့ “ကျမ PONY ပါ။ အားလုံးကိုကြေညာစရာ တစ်ခုရှိပါတယ်။ မေလရဲ့ လှပတဲ့နေ့လေးမှာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတွဲခဲ့တဲ့ ကျမချစ်သူနဲ့ လက်ထပ်တော့မှာဖြစ်ပါတယ်။  ဒီရက်ပိုင်း ပို့စ်တွေ မတင်ဖြစ်တာလည်း မင်္ဂလာပွဲအတွက်စီစဉ်နေရလို့ပါ။ ဇွန်လလောက်မှ ပြန်လာခဲ့ပါ့မယ်။အားပေးကြတဲ့ ပရိတ်တွေကို အထူးကျေးဇူးတင်ပါတယ်၊။ ကျမကို ဆက်လက်အားပေးကြပါဦးနော်။ “ဆိုတဲ့ စာသားနဲ့အတူ မင်္ဂလာဝတ်စုံနဲ့ ရိုက်ကူးထားတဲ့ ပုံကို တင်ခဲ့ပါတယ်။

သူမ နာမည် မကြီးခင်တည်းက သူမချစ်သူက Lord of the Ring ထဲကအတိုင်း Couple ring ပုံကို သူမ ကို tag ပြီး တင်ထားခဲ့တာပါ။သူ့ Instagram အကောင့်မှာလည်း PONY ပုံတွေတင်ခဲ့တာကြောင့် ပရိတ်သတ်တွေက အစတည်းက ရိပ်မိပေမယ့် ရုတ်တရက်လက်ထပ်လိုက်မယ်လို့တော့မထင်ခဲ့ကြပါဘူး။

READ
Tom Helton ကို Crush ခဲ့ကြောင်းဝန်ခံလိုက်တဲ့ Emma Watson

Grinny (shwemom)

Source: Koreaboo

SHARE