ပျိုမေတွေ သိပ်မသိသေးတဲ့ “ဇွန်း”ကိုသုံးပြီး အလှပြင်နိုင်မယ့်လျှိုဝှက်နည်းများ

ပျိုမေတို့ရေ… ဇွန်းတစ်ချောင်းရှိနေရုံနဲ့ အလှပြင်လို့ရနေပြီနော်။ အလှပြင်တတ်ခါစ ပျိုမေတို့အတွက် ဇွန်းတစ်ချောင်းတည်းနဲ့ အလှပြင်လို့ရပါတယ်။ ဇွန်းနဲ့အလှပြင်လို့ရတဲ့ လျှို့ဝှက်နည်းလေးတွေကတော့ …

၁။ Eyeliner ဆွဲလို့ရတယ်

မျက်လုံးဆွဲတဲ့အခါ နောက်မြီးထွက်အောင်ဆွဲတတ်ဖို့က လက်ငြိမ်နေမှရတာပါ။ အဲ့လို လက်မငြိမ်ဖြစ်ပြီး eyeliner မဆွဲတတ်တဲ့ ပျိုမေတို့အတွက် ဇွန်းနဲ့ eyeliner ဆွဲလို့ရပါတယ်။ ပုံမှာ ပြထားတဲ့အတိုင်း ဇွန်းထိပ်ဖျားကို မျက်လုံးအစွန်းမှာကပ်ပြီး ဆွဲလိုက်ရင် လုံးဝပြီးပြည့်စုံသွားမှာပါ။

၂။ Mascara ဆိုးလို့ရတယ် 

ပျိုမေတွေ mascara ဆိုးတဲ့အခါ မျက်ခွံပေါ်ကို ပေတတ်ကြတယ်။ အဲ့လိုမျိုးတွေမပေချင်ရင် ဇွန်းလေးနဲ့ခံပြီး mascara ကိုဆွဲပေးလိုက်ပါ။ နောက်ပြီး ဇွန်းနဲ့ မျက်တောင်ကို ကော့လို့ ရပါတယ်။ Mascara ဆိုးတော့မယ်ဆိုရင် ဇွန်းကို အပေါ်မျက်ခွံပေါ်မှာတင်ပြီး မျက်တောင်ကော့ပေးလို့ရပါတယ်။

၃။ မျက်ခုံးမွှေးဆွဲနိုင်တယ်

မျက်ခုံးမွှေး မဆွဲတတ်တဲ့ ပျိုမေတွေအတွက် မျက်ခုံးမွှေးဆွဲတဲ့အခါမှာလည်း ဇွန်းကိုသုံးပြီး ဆွဲလို့ရပါတယ်။ ပုံမှာပြထားတဲ့အတိုင်း ဇွန်းကို မျက်လုံးပေါ်မှာထားပြီး မျက်ခုံးမွှေးအနားသပ်ဘောင်ကို ဆွဲလို့ရပါတယ်။ ပြီးရင်တော့ မျက်ခုံးမွှေးဘောင်အထဲကို လိုက်ဖြည့်လိုက်ရုံပါပဲ။

READ
နူတ်ခမ်းနီ အနီရောင်ကို “Concealer” အဖြစ်သုံးနိုင်မယ့် လျှိုဝှက်နည်း

၎။ မေးရိုးချလို့ရတယ် 

Contour ကို ဘယ်လိုချရမလဲမသိလို့ စိတ်ညစ်နေတဲ့ ပျိုမေတို့အတွက် ဇွန်းတစ်ချောင်းတည်း နဲ့ contour လုပ်လို့ရပါပြီ။ Contour လုပ်တယ်ဆိုတာ အညိုရောင်နဲ့ မေးရိုးချတာကိုပြောတာပါ။ ပုံမှာပြထားတဲ့အတိုင်း ဇွန်းထိပ်ကို ပါးရိုးနားမှာ ကပ်ပြီး အညိုရောင်ခြယ်လိုက်ပါ။ အဲ့လိုမျိုး ဇွန်း နဲ့ contour လုပ်လို့ရပါတယ်။

Hannwe Soe (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
SHARE