ထည့်စရာအမယ်(၃)မျိုးရှိရုံနဲ့ ငှက်ပျောသီးကိတ်ကို အလွယ်တကူ ဖန်တီးလို့ရပါတယ်

Freepik/Chicnsavvy

မကြာသေးခင်က လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ဗွီဒီယိုဖိုင်မှာတော့ အချက်အပြုတ် ဝါသနာကြီးသူတွေအတွက် အတော်လေး တန်ဖိုးကြီးတဲ့ ဗီဒီယိုဖြစ်ပါတယ်။ ဗွီဒီထဲမှာ Ingredient (ပါဝင်ပစ္စည်း) (၃)မျိုးသာရှိရုံနဲ့ ငှက်ပျောသီးကိတ်ကို အလွယ်တကူ ဖန်တီးလို့ ရကြောင်း ပြသထားတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဒီ ဗီဒီယိုဟာ Slow Cooker Recipe & Tips အမည်ရ Group မှာ အဖွဲ့ဝင်တစ်ဦးက မျှဝေခဲ့တဲ့ နည်းစနစ်အတိုင်း ဖန်တီးထားတာလို့လည်း သိရပါတယ်။ အဆိုပါ အဖွဲ့ဝင်အမျိုးသမီးက “ ကျွန်မရဲ့အမယ်(၃)မျိုးသာပါဝင်တဲ့ ငှက်ပျောသီးကိတ်ကတော့ ထောပတ်နံ့လေးနဲ့ ရွှေရောင်သကြားရည်လေးနဲ့ အလွန်ပဏာရပါတယ် ”လို့ ရေးခဲ့ပါတယ်။ သူမဟာ Slow Cooker ကို အသုံးပြုပြီး ကိတ်မုန့်ဖုတ်ပြခဲ့တာပါ။

ကိတ်မုန့်ဖုတ်ပြတယ်ဆိုတာထက်၊ ရေငွေ့နဲ့ ပေါင်းတဲ့သဘောမျိုး ဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ ငှက်ပျောသီး(၅)လုံး၊၊ နို့ဆီတစ်ဘူး၊ သန့်စင်ပြီး ဂျုံမှုန့် (၁၂၀)ဂရမ်ဖြစ်ပါတယ်။ ယင်းပို့စ်မှာ “ ပါဝင်ပစ္စည်းအားလုံးကို သမအောင် ရောမွှေပါ … ပြီးနောက် ပုံစံခွက်ထဲကို ထည့်လိုက်ပါ … အဲဒီနောက် Slow Cooker အောက်ခြေမှာ ရေ(၃)စင်တီမီတာထည့်ပြီး ကိတ်မုန့်ကို ထည့်ပါ ”လို့ ပြောခဲ့ပါတယ်။

ကိတ်မုန့်ကို ပေါင်းတဲ့အခါ အဖုံးအောက်မှာ သန့်တဲ့ပဝါလေး ခံပိတ်ပြီးပေါင်းဖို့ အကြံပေးထားပါတယ်။ ဒီနည်းအားဖြင့် အပိုအလျှံဖြစ်နေတဲ့ စွတ်စိုထိုင်းမှိုင်းမှုတွေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ ကိတ်မုန့်ကို အချိန် (၂)နာရီလောက်ထိ ရေနွေးငွေ့ပေါင်းပြီး၊ ဖန်တီးလို့ကြောင်း ဖော်ပြထားတာပါ။

ဒီ ဗီဒီယိုကို လူတော်တော်များများက သဘောကျနေကြပါတယ်။ တချို့ကလည်း ဒီနည်းက အလုပ်ဖြစ်ကြောင်း ထောက်ခံထားပြီး၊ တချို့ကတော့ အရမ်းကို အရသာရှိမယ့်ပုံပဲဆိုပြီး မှတ်ချက်ပေးခဲ့ကြောင်း သိရပါတယ်။ တကယ်လို့ ကိုယ့်မှာ Slow Cooker မရှိဘဲ၊ မုန့်ဖုတ်တဲ့အရာပဲ ရှိတယ်ဆိုရင်တော့ အဲဒီကိတ်မုန့်က ပိုပြီး အရသာရှိမယ့်သဘောပါ။

လင်းသူရိန်

SHARE