ပြိုင်ဖက်ကို အနိုင်ရခဲ့ပေမယ့် လေးစားမှုရှိတဲ့ အပြုအမူကြောင့် ချီးကျူးခံနေရတဲ့ MMA ဖိုက်တာ

[email protected]

လက်ရှိအချိန်ကတော့ COVID 19 ဖြစ်နေတဲ့ အချိန်ကာလ ဖြစ်တာကြောင့် လူတိုင်းနီးပါး အိမ်မှာပဲ နေနေရဆဲပါ။ မကြာသေးခင်အချိန်ကစပြီး ဘောလုံးပွဲတွေ၊ UFC ပြိုင်ပွဲတွေ၊ NBA ဘတ်စကတ်ဘောပွဲစဉ်တွေ အစရှိတဲ့ အားကစားပြိုင်ပွဲတွေဟာ ကွင်းပိတ်ပြီး ပြန်လည်ကျင်းပနေပြီပဲ ဖြစ်ပါတယ်။ အခုလည်း ပြီးခဲ့တဲ့ စနေနေ့(၁၁.၇.၂၀၂၀)တုန်းက ကျင်းပခဲ့တဲ့ UFC ပြိုင်ပွဲတစ်ခုမှာ နာမည်ကြီး MMA ကစားသမားတစ်ဦးဖြစ်တဲ့ Makwan Amirkhani ဟာ သူ့ရဲ့ ပြိုင်ဖက်ဖြစ်သူ Danny Henry ကို အနိုင်ထိုးသတ်နိုင်ခဲ့ပေမယ့် လေးစားမှုအပြည့်နဲ့ ဆက်ဆံခဲ့ကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

@MakwanUFC flying those flags to #UFCFightIsland next Saturday! #InAbuDhabi 🏝 @VisitAbuDhabi

A post shared by Makwan Amirkhani (@makwanufc) on

ပြီးခဲ့တဲ့ စနေနေ့တုန်းက ကားခဲ့တဲ့ ဒီပွဲစဉ်ဟာ Makwan အတွက် COVID 19 ဖြစ်နေတဲ့ ကာလအတွင်း ပထမဦးဆုံး ပြန်လည်ယှဉ်ပြိုင် ကစားတဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကိုတော့ Fight Island လို့ နာမည်ကြီးနေတဲ့ Abu Dhabi မြို့မှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။

READ
Valentine's Day မှာ အပြန်အလှန်စာလေးတွေရေးပြီး ရိုခဲ့ကြတဲ့ Obama တို့ဇနီးမောင်နှံ

 

 

View this post on Instagram

 

Sweetest part of a cake. 🎂 let’s go! #UFC251 #ufcfightisland

A post shared by Makwan Amirkhani (@makwanufc) on

အစပိုင်းမှာတော့ Makwan ကော၊ Danny ကော နှစ်ယောက်လုံးရဲ့ ထိုးသတ်မှုဟာ မတိမ်းမယိမ်းဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် တစ်ချက်မှာတော့ Makwan ဟာ Danny ကို ရုတ်တရက် ချုပ်ခဲ့ပါတယ်။ ရုတ်တရက်ဆိုတဲ့ အချိန်မှာ Danny တစ်ယောက် ဘာမှ မတက်နိုင်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ Danny ခမျာ သတိတောင် လစ်သွားရှာပါတယ်။ အဲဒီအချိန်မှာ ဒိုင်ဖြစ်သူဟာလည်း Makwan ကို အနိုင်ပေးခဲ့ပါတယ်။ ဒါပေမယ့် Makwan တစ်ယောက် သူ့ရဲ့ အနိုင်ရရှိမှုအတွက် ချက်ခြင်း အောင်ပွဲမခံခဲ့ပါဘူး။

Danny အနားမှာ ထိုင်ချပြီးတော့ Danny သတိပြန်ရလာအောင် နည်းလမ်းမျိုးစုံနဲ့ ပြုစုပေးခဲ့ပြီး နေက်ဆုံး Danny တစ်ယောက် သတိပြန်ရလာချိန်မှာတော့ Makwan ဟာ Danny ကို ဦးညွတ်ခဲ့ပါသေးတယ်။ ပြိုင်ဖက်ကို တစ်ကယ်လေးစားမှုအပြည့်ရှိတဲ့ပုံပါပဲ။ Makwan ရဲ့ လုပ်ရက်ကို UFC က တာဝန်ရှိလူတွေကပါ အသိအမှတ်ပြုခဲ့ကြပြီး UFC ပရိသတ်တော်တော်များများကလည်း Makwan ရဲ့ လုပ်ရပ်ကို ချီးကျူးခဲ့ကြပါတယ်။

READ
ဆိုရှယ်မီဒီယာပေါ်မှာနာမည်ကြီးနေတဲ့ သခင်ကိုနှိပ်ပေးနေတဲ့ကြောင်လေးရဲ့ဗီဒီယို

Pyi Hein Kyaw

SHARE