အိန္ဒိယတောကြီးထဲက ရောင်စုံကာလာရောစပ်ထားတဲ့ ဧရာမ ချစ်စဖွယ်ရှဉ့်ကြီးများ

မာလာဘာလို့ခေါ်တဲ့ ဧရာမရှဉ့်ကြီးတွေကို အိန္ဒိယနိုင်ငံထဲမှာ တွေ့ရတတ်ပါတယ်။ ရှီကရုလို့လည်း ခေါ်ကြတဲ့ ဒီရှဉ့်ကြီးတွေဟာ သူတို့ရဲ့လှပပြီး ရောင်စုံပြေးနေတဲ့ သားမွေးတွေကြောင့် ထင်ရှားပါတယ်။ သာမန်ဆို ညိုမှိုင်းမှိုင်းကာလာနဲ့ ရှဥ့်တွေကိုသာ အတွေ့များသူတွေအဖို့တော့ ဒီမာလာဘာရှဉ့်ကြီးတွေဟာ မှင်သက်ဖွယ်ဖြစ်ရလောက်အောင် အရောင်အသွေးစုံလွန်းပါတယ်။

boredpanda

မာလာဘာရှဉ့်ကြီးတွေဟာ ကြီးမားတဲ့အပြင် သူတို့ကိုယ်ကို ဆန့်ထုတ်လိုက်တဲ့အခါ () ပေလောက် ရှိပါတယ်။ ရှဉ့်ကြီးတွေရဲ့ အရောင်ကတော့ အနက်ရောင်၊ အညိုရောင်နဲ့ လိမ္မော်ရောင်တွေအပြင် နီညိုရောင်နဲ့ ခရမ်းရောင်တွေဟာလည်း အချိုးကျကျ ပါဝင်ဖွဲ့စည်းနေတာ ဖြစ်ပါတယ်။ သစ်တောထဲမှာတော့ ရှဉ့်ကြီးတွေဟာ သစ်ပင်တစ်ပင်ကနေ တစ်ပင်ဆီ ခုန်ကူးရင်း အချိန်ကုန်ဆုံးတတ်ပါတယ်။

boredpanda

သူတို့ဟာ အစားအသောက်ချေးများတတ်တဲ့ သတ္တ၀ါတွေ မဟုတ်ကြပါဘူး။ သစ်ပင်ပေါ်မှာ တွေ့ရသမျှ သစ်ခေါက်၊ အင်းဆက်နဲ့ ငှက်ဥတွေအပြင် ပန်းနဲ့ အစေ့အဆန်လေးကိုလည်း စားတတ်ပါတယ်။ မာလာဘာတွေရဲ့ ရှဉ့်ကောင်ရေနဲ့ ပတ်သက်လို့တော့ တိတိပပ မသိရပေမယ့် ရှဉ့်ကြီးတွေရဲ့ အရေအတွက်ဟာ တဖြည်းဖြည်းနဲ့ ကျဆင်းလာနေတယ်လို့ ဆိုပါတယ်။

boredpanda

လတ်တလောအထိတော့ မာလာဘာတွေဟာ ရှားပါးမျိုးစိတ်စာရင်းထဲတော့ မ၀င်သေးပါဘူး။ ဒါပေမယ့်လည်း ရှဉ့်ကြီးတွေ မျိုးသုန်းလာမယ့်အန္တရာယ်ကို ခြိမ်းခြောက်နေတာတွေတော့ ရှိနေပါတယ်။ ဘာကြောင့်လည်းဆိုတော့ အိန္ဒိယရဲ့ အချို့နေရာတွေမှာ ရှဉ့်ကြီးတွေရဲ့ သားမွေးကို လိုချင်လို့ ရှဉ့်ဖမ်းသူတွေ ရှိလာပြီး လူတွေကြောင့် မာလာဘာတွေရဲ့ စားကျက်မြေအချို့ ပျောက်ဆုံးကုန်တာကို တွေ့လာရတာ ဖြစ်ပါတယ်။ အရုပ်ကြီးတွေနဲ့တောင် တူလှသေးတဲ့ ရှဉ့်ကြီးတွေရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးကို အခုလို တွေ့နိုင်ပါတယ်။

boredpanda
boredpanda
boredpanda
boredpanda

လင်းလင်း (ShweMom)

READ
စိတ်ကူးယဉ်အတွေးကမ္ဘာထဲရောက်သွားသလားထင်မှတ်စေရမယ့် ကမ္ဘာတစ်ဝှမ်းကနေရာများ

Ref: bored panda

SHARE